← Chapters

အခန်း ၆၇၆

Vol. 14 Ch. 676

အခန်း ၆၇၆

Vol. 14 Ch. 676

အခန်း ၆၇၆ မိဖုရားကြီး ဖြောင့်မတ်ဟန်ပြ၍ မလွယ်တော့ပါ။

“မှန်တယ်။သူ့ကို လွယ်လွယ်လွှတ်ပေးလို့မဖြစ်ဘူး”

လုံယန် မျက်နှာထားတင်းကာ ပြောလိုက်သည်။

လုယွင်ရွှမ်းသည် မကောင်းမှုများ ကျူးလွန်နေသည့်အတွက် အိမ်ရှေ့စံမင်းသမီး ရာထူးဂုဏ်ဒြပ်ကို ဆက်လက်စံစားနေသင့်သည့်အကြောင်း မရှိတော့ပေ။

သူမ အပြစ်များအတွက် ပေးဆပ်ရမည့်အချိန် ရောက်လာပြီ ဖြစ်သည်။

“ချူကျီ ၊လုယွင်ရွှမ်းကို ဆက်စောင့်ကြည့်ထား။ဆောင်းဦးအမဲလိုက်ပွဲက သန်ဘက်ခါဆိုတော့ မနက်ဖြန် သူ လှုပ်ရှားမှာ သေချာတယ်။”

ကျောက်ချန်သည် လုယွင်ရွှမ်းအား မင်းကြီး မည်သို့ ကိုင်တွယ်မည်ကို သိချင်နေသည်။

လုယွင်ရွှမ်းသည် မြို့စားကြီး၏ သမီးဖြစ်၍ မိဖုရားကြီး၏ အစ်မတော်လည်း ဖြစ်သည်။

ထိုကိစ္စသာ လူသူသိလျှင် မိဖုရားကြီး၏ ဂုဏ်သိက္ခာ ထိခိုက်နိုင်သည်။

လုယွင်ရွှမ်း၏ လုပ်ရပ်များသည် မိဖုရားကြီးနှင့် မဆိုင်သည်ကို မည်သူမျှ စဉ်းစားမည်မဟုတ်ပါ။အစ်မအတိုင်းပင် သူမသည်လည်း စာရိတ္တမရှိသူအဖြစ် ထင်ကြလိမ့်မည်။

ထိုသို့သာဖြစ်ခဲ့လျှင် မြို့စားကြီးမိသားစုမှာ နန်းတွင်းစိစစ်ရေးမှ စွပ်စွဲခြင်းခံရမည်ဖြစ်ပြီး မိဖုရားကြီးမှာ ဖြောင့်မတ်ဟန်ပြ၍ မလွယ်ကူတော့ပေ။

သို့ရာတွင် မင်းကြီးသည် မိဖုရားကြီးအား မည်သို့မျှ ထိခိုက်စေလိမ့်မည်မဟုတ်ပေ။လုယွင်ရွှမ်းကို စီရင်ရာတွင် မိဖုရားကြီး မပတ်သက်စေရန် ကြံစည်ထားမည်ဖြစ်သည်။

ကျောက်ချန် ထိုသို့တွေးနေစဉ် သူ့ဆီတွင်အမှုထမ်းနေသော မိန်းမစိုးအငယ်စားလေးမှ လျှောက်တင်လာသည်။

“နည်းမျိုးစုံသုံးပြီး နှိပ်စက်တာတောင်မှ ကြင်ရာတော်ကျီလင်းဟွေ့က အပြစ်ဝန်ခံဖို့ ငြင်းဆန်နေကြောင်းပါ”

ကြင်ရာတော်ကျီလင်းဟွေ့ကဲ့သို့ ပျော့ပြောင်းသိမ်မွေ့သူမှ ထိုမျှလောက် တင်းခံနိုင်လိမ့်မည် မထင်ခဲ့ပါ။

သံမဏိ စိတ်ဓာတ်နှင့် ခန္ဓာပိုင်သော ယောက်ျားသားများပင်လျှင် စစ်မေးခန်းထဲရောက်လျှင် နှိပ်စက်ဒဏ်မခံနိုင်ကြပါ။သို့သော် ကြင်ရာတော်ကျီလင်းဟွေ့မှာ တောင့်ခံနိုင်စွမ်းရှိနေသည်။

ကျောက်ချန် အံ့အားသင့်မိသည်ကို ငြင်းမရဖြစ်နေသည်။

မိန်းမစိုးအငယ်စားမှ ကျောက်ချန်မျက်နှာအား ကြည့်ကာ လေသံတိုး၍ မေးလိုက်သည်။

“ညဉ့်နက်နေပြီပဲ။ ဒီတစ်ညတော့ သူ့ကို ပေးနားလိုက်။သူပါးစပ်ပိတ်နေတယ်မလား။နောက်နေ့မှ ဝန်မခံရင် ထပ်စစ်ကြတာပေါ့”

ထို့နောက် မိန်းမစိုးအငယ်စားအား သူလက်ဝှေ့ယမ်းလွှတ်လိုက်သည်။

မင်းကြီးလည်း ကြင်ရာတော်ကျီလင်းဟွေ့ကို မေ့နေလောက်ပြီပဲ။

နန်းတွင်းညီလာခံ ပြီးချိန်တွင် ကျီချင်းယွန်သည် လုံယန်ဆီ အပြေးရောက်လာသည်။

ကျောက်ချန် မြင်သဖြင့် မင်းကြီးဘက်လှည့်လိုက်သည်။

လုံယန်ခြေလှမ်းများရပ်ကာ လှည့်လိုက်သောအခါ သူ့နောက်မှ အပြေးလာကာ မောဟိုက်နေသော ကျီချင်းယွန်ကို တွေ့လိုက်ရသည်။

ကျီချင်းယွန် အသက်တဝရှူကာ လုံယန်အား ဦးခိုက်လိုက်သည်။

“မင်းကြီး၊ကျွန်...ကျွန်တော်မျိုး သိချင်တာက ကြင်ရာတော်ကျီလင်းဟွေ့ မင်းကြီးအပေါ် ဘာပြစ်မှုကျူးလွန်မိလို့ စစ်ကြောရေးရောက်နေတာလဲ ဆိုတာပါ”

သို့ရာတွင် ညဉ့်နက်နေသည့်အပြင် နန်းတော်အပြင်မှ နန်းဝန်များသည် ဘုရင့်ဆင့်ခေါ်မှု မရှိဘဲ နန်းတွင်းသို့ ညဘက် ဝင်ရောက်ခွင့်မရှိပါ။

သူ စိတ်မငြိမ်ဖြစ်ကာ တစ်ညလုံး အိပ်၍မရဖြစ်နေသည်။မနက် နန်းတွင်းညီလာခံရောက်သည်အထိ ခက်ခက်ခဲခဲစောင့်ဆိုင်းနေရခြင်းဖြစ်သည်။ညီလာခံပြီးမှသာ မင်းကြီးနှင့် တွေ့ခွင့်ရခြင်းဖြစ်သည်။

“ကြင်ရာတော်ကျီလင်းဟွေ့က မနေ့က မင်းသမီးကြီးရဲ့ သားတော်ကို ရန်ပြုဖို့ ကြိုးစားခဲ့တယ်။အဲ့တာကို ကျုပ်တွေ့ပေမယ့် သူ ဝန်မခံဘူး။ဒါကြောင့် သူများ နောင်တရပြီး အပြစ်ဝန်ခံမလားဆိုပြီး စစ်ကြောရေး ပို့လိုက်တာ။ဒါပေမယ့် သူ ဝန်မခံတော့ ကျုပ်လည်း ဘာလုပ်ရမှန်းမသိ ဖြစ်နေတာ။မြို့စားရောက်လာတာနဲ့ သူ့ကိုဖျောင်းဖျကြည့်ပါလား။သူသာ အပြစ်ဝန်ခံရင် ကျုပ် အပြစ်ဒဏ်လျှော့ပေါ့ပေးမယ်။”

သူကြားခဲ့သည်မှာ ရှောင်ဟွေ့သည် မိဖုရားကြီးအား စော်ကားမော်ကားပြုသဖြင့် မင်းကြီးမှ အပြစ်ပေးသည့်အနေဖြင့် စစ်ကြောရေး ပို့ထားခြင်းဖြစ်သည်။မင်းသမီးကြီး၏ သားငယ်ပါ ပတ်သက်နေသည်ကို မသိခဲ့ပါ။

ကျီချင်းယန်သည် ခြောက်သွေ့နေသော နှုတ်ခမ်းများအား သုတ်ကာ ခေါင်းငုံ့၍ တလေးတစား ပြောလိုက်သည်။

“မင်းကြီး၊ ကြင်ရာတော်ကျီလင်းဟွေ့က စိတ်ထားကောင်းသူပါ။ပုရွက်ဆိတ်တစ်ကောင်တောင် ရန်ပြုရဲသူ မဟုတ်ပါဘူး။မင်းသားငယ်လေးကို ရန်ပြုရလောက်တဲ့အထိ သူမ မရက်စက်ပါဘူး။နားလည်မှုတွေ လွဲကုန်တာနေမှာပါ။မင်းကြီး ဒီကိစ္စကို သေချာစစ်ဆေးပြီး ကြင်ရာတော်ကျီလင်းဟွေ့ကို တရားမျှတမှုပေးဖို့ တောင်းဆိုပါတယ်။

All Chapters