အခန်း ၆၇၇
Vol. 14 Ch. 677
အခန်း ၆၇၇ သူမအား ထပ်၍ မထိရဲပါ။
လုံယန် ပြုံးယောင်သန်းသွားသည်။
“ပုရွက်ဆိတ်တစ်ကောင်တောင် ရန်မပြုရဲလောက်အောင် စိတ်ထားကောင်းတယ်တဲ့လား။ကျုပ်သိတဲ့ ကြင်ရာတော်ကျီလင်းဟွေ့နဲ့တော့ မတူဘူး။မြို့စား ကျီ”
ကျောက်ချန်ကလည်း ဝင်၍ ပြောသည်။
“မြို့စားကြီးကျီ။မနေ့က နှိုင်းချင့်ကြင်ယာတော် မင်းသားလေးကို သတ်ဖို့ကြိုးစားတာကို တွေ့လိုက်တဲ့ မျက်မြင်တွေ အများကြီး ရှိပါတယ်။သက်သေထင်ရှားပေမယ့် ကြင်ရာတော်ကျီလင်းဟွေ့က ဘူးခံငြင်းနေလို့ မင်းကြီး မတတ်နိုင်ဘဲ သူ့အပြစ်တွေကို ပြန်စဉ်းစားဖို့ စစ်ကြောရေးထဲ ပို့လိုက်တာပါ။”
နှစ်ယောက်စလုံးထံမှ စကားကို ကြားရသောအခါ ကျီချင်းယွန် တုံ့ဆိုင်းသွားသည်။
မည်သို့ပင် ဖြစ်စေကာမူ သူ၏သမီးတွင် ထိုကဲ့သို့ ရက်စက်သော စိတ်များရှိနေသည်ကို မယုံနိုင်ဖြစ်နေသည်။
မနေ့က ဖြစ်ရပ်ကို သူကိုယ်တိုင် မမြင်လိုက်ဘဲ သူကြားခဲ့သော ဖြစ်စဉ်မှာ ရှောင်ဟွေ့မှ မိဖုရားကြီးကို စော်ကားသဖြင့် မင်းကြီးအမျက်ထွက်ကာ ထောင်ထဲသို့ ပို့လိုက်ခြင်းဖြစ်သည်။
လုလျန့်ဝေမှာ မြှောက်စားခံနေရသဖြင့် မင်းကြီးမှ ရှောင်ဟွေ့အား ထိုကဲ့သို့ ပြုမူမည်မှာ အထူးအဆန်းမဟုတ်ပါ။
“ကြင်ရာတော်ကျီလင်းဟွေ့နဲ့ တွေ့ဆုံခွင့်ပေးတော်မူပါ မင်းကြီး”
“တွေ့ခွင့်ပြုတယ်။ကျောက်ချန်၊မြို့စားကျီကို ကြင်ရာတော်ကျီလင်းဟွေ့ဆီ ခေါ်သွားလိုက်။သူ အပြစ်ဝန်ခံချင်တယ်ဆို ငါ့ကို တစ်ခါတည်း သတင်းပို့။ငါ အပြစ်လျှော့ပေါ့ပေးမယ်။”
မင်းကြီး ဆိုလိုချင်သည်သာ ရှောင်ဟွေ့သာ အပြစ်ဝန်မခံပါက အဆုံးသတ်မကောင်းနိုင်ဟု ဖြစ်သည်။
သူ့အား ကြင်ရာတော်ကျီလင်းဟွေ့နှင့် တွေ့ခွင့်ပေးခြင်းမှာ သူမအား ဝန်ခံရန် ဖျောင်းဖျစေလိုခြင်းဖြစ်သည်။သို့မှသာ သူ အပြစ်လျှော့ပေးလိမ့်မည်။
လေးလံသော စိတ်များဖြင့် ကျီချင်းယွန်သည် ကျောက်ချန်နောက်မှ စစ်ကြောရေးသို့လိုက်သွားသည်။
စစ်ကြောသူမှာ သတင်းရပြီးဖြစ်သဖြင့် သူရောက်သွားချိန်တွင် ကျီလင်းဟွေ့ မှာ နှိပ်စက်မခံနေရပါ။သို့ရာတွင် ယခင်နေ့မှ နှိပ်စက်ဒဏ်ကြောင့် သေလုမျောပါးဖြင့် ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေကာ သူမကိုယ်တွင် သွေးစွန်းရာများပြည့်နေသည်။
ထိုမြင်ကွင်းကြောင့် ကျီချင်းယွန် ရင်ဘတ်သို့ ဓားဖြင့်ထိုးလိုက်သလို ခံစားရကာ သူ၏သမီးအား ထူပေးရန် ရှေ့တိုးသွားလိုက်သည်။
သို့ရာတွင် သူမကို ထိလိုက်သည်နှင့် နာကျဉ်မှုကြောင့် ညဉ်းသံများ ကြားလိုက်ရသည်။သူထိတ်လန့်သွားကာ သူ့လက်အား ပြန်ချလိုက်ပြီးနောက် ဝမ်းနည်းစွာ မေးလိုက်သည်။
သူမအဖေ၏အသံကိုကြားလိုက်ရသဖြင့် ကျီလင်းဟွေ့ အားပြုကာ မျက်စိဖွင့်လိုက်သည်။
သူမတွင် ဒဏ်ရာများ ပြည့်နှက်နေသည်ကို မြင်ရသဖြင့် ကျီချင်းယွန် ထပ်၍ မကိုင်ရဲဖြစ်နေသည်။စကားစမည် ပြောနေရမည့် နေရာမဟုတ်သဖြင့် လိုရင်းကိုသာ မေးလိုက်သည်။
“ဘယ်လိုဖြစ်ရတာလဲ။လူတွေပြောတာ မင်း မင်းသမီးကြီးရဲ့ သားတော်ကို သတ်ဖို့ လုပ်ခဲ့တယ်ဆို။ဟုတ်လား မဟုတ်ဘူးလား။”
“အဖေကလည်း သမီးအကြောင်းသိတာပဲကို။အဲ့လို အရိုင်းဆန်တဲ့အလုပ်လုပ်မလား။သမီး မတော်တဆ မိဖုရားကြီးကို စော်ကားမိတာကို သူက ရွှံ့တွေနဲ့ ပစ်တယ်။မင်းကြီးက သူ့ကို မြှောက်စားတော့ သူပြောတိုင်း ယုံမှာပေါ့။သမီးမှားတာက မင်းကြီးကို ချစ်စိတ်ဝင်ပြီး မောင်းမမိဿံတွေထဲ ဝင်မိတာပဲ။နောင်တရလို့မဆုံးဘူး။”
သူ၏သမီးလေးမှာ ငယ်စဉ်ကတည်းက သိတတ်၍ မောင်နှမများပေါ်လည်း စောင့်ရှောက်တတ်သည်။သူမသာ သာမန်တော်ဝင်အိမ်၌ အိမ်ထောင်ကျခဲ့လျှင် ယခုထက် ပျော်ရွှင်နေရမည်ဖြစ်သည်။
ကံမကောင်းစွာဖြင့် မင်းကြီးအပေါ် ချစ်စိတ်ဝင်ကာ မောင်းမမိဿံအဖြစ် ရူးမိုက်စွာ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။
သူမအဖြစ်အားကြည့်ကာ သူနောင်တရနေမိသည်။သူမအား မတားမြစ်ခဲ့ဘဲ မောင်းမမိဿံဖြစ်ရန် ကူညီခဲ့မိသည့် နောင်တဖြစ်သည်။
“မင်းတစ်ပါးနှလုံးသားက ကျောက်တုံးလို အေးစက်နိုင်တာပဲ”
ကျီလင်းဟွေ့ ညည်းတွားလိုက်သဖြင့် ကျီချင်းယွန် ပို၍ စိတ်မကောင်းဖြစ်မိသည်။