Chapters

အခန်း ၆၇၈

Vol. 14 Ch. 678

အခန်း ၆၇၈

Vol. 14 Ch. 678

အခန်း ၆၇၈ မင်းကြီး အကြံအောင်ပြီ

“ရှောင်ဟွေ့၊မင်းအတွက်တော့ အခြေအနေမကောင်းဘူး။မင်းသားလေးကို သတ်ကြောင်းသာ ဝန်မခံရင် မင်းကြီးပေးမယ့် အပြစ်ဒဏ်က လေးတယ်။အရင်ဝန်ခံလိုက် ပြီးမှ သမီးကို နန်းတွင်းက လွှတ်ပေးဖို့ မင်းကြီးကို အဖေ တောင်းဆိုလိုက်မယ်။”

ကျီချင်းယွန် ဆုံးဖြတ်ချက်ချကာ ပြောလိုက်သည်။

တောင်ဝင်မောင်းမမိဿံများသည် မြှောက်စားခံရသည် မခံရသည်ဖြစ်စေ နန်းတွင်းမှ ထွက်ခွာခွင့်မရှိဘဲ အိုမင်းသေဆုံးသည်အထိ နန်းတွင်း၌သာ နေရသည်။

ကျီချင်းယွန်သည် သူမအင်္ကျီလက်အား တင်၍ သူမလက်မှ လက်ကောက်ဝတ်တစ်ခုအား ချွတ်ယူလိုက်သည်။သူ၏အမေသည် သွားလေသူမိဖုရားခေါင်ကြီး၏ မြတ်နိုးခြင်းခံခဲ့ရသဖြင့် ဤလက်ကောက်ချီးမြှင့်ခံခဲ့ရခြင်းဖြစ်သည်။

ဤလက်ကောက်သည် သွားလေသူမိဖုရားကြီးအား ကိုယ်စားပြုသည်။မင်းကြီးအား တောင်းပန်ရာတွင် ဤအရာကို ပြလိုက်ပါက မင်းကြီးမှ သက်ညှာပေလိမ့်မည်။

သူမအဖေပြောသည်ကို ကျီလင်းဟွေ့နားထောင်ရင်း တွန့်ဆုတ်ချင်သည့် စိတ်များပေါ်လာသည်။

နန်းတော်ကြီးနှင့် မင်းကြီးအား သူမ မထွက်ခွာချင်သေးပါ။

သို့ရာတွင် သူမအခြေအနေအရ နန်းတွင်းမှသာ မထွက်ခွာလျှင် သူမဘဝဆုံးလိမ့်မည်ကို သူမ ကောင်းကောင်းသိသည်။

အချိန်ကြာကြာ တွေးပြီးနောက် သူမ ပျော့ပျောင်းစွာ ခေါင်းညိတ်လိုက်သည်။

ကျောက်ချန်သည် အဖေနှင့် သမီးအကြား အချိန်သီးသန့်ပေးထားကာ စစ်ကြောခန်း၏ အပြင်ဘက်တွင် စောင့်ဆိုင်းနေသည်။

သူထွက်လာသည်ကို မြင်သောအခါ အပြုံးကြီးပြုံးကာ မေးလိုက်သည်။

“ဘယ်လိုဖြစ်သွားလဲ မြို့စားကြီး ကျီ။ကြင်ရာတော်ကျီလင်းဟွေ့ဝန်ခံလိုက်လား”

“ကျုပ်သမီးကို ကျုပ်သေချာ မဆုံးမခဲ့မိတော့ အခုတော့ခင်ဗျားတို့ရှေ့မှာ အရှက်ရနေရပါပြီ။အထိန်းတော် ကျောက်၊ မင်းကြီးနဲ့ ကျုပ်တွေ့ချင်တယ်။စီစဉ်ပေးနိုင်မလား မသိဘူး။”

“မင်းကြီး ဇာမဏီနန်းဆောင်မှာ ပွဲတော်တည်နေလောက်ပါတယ်။ကျွန်တော်နဲ့အတူ သွားနိုင်ပါတယ် မြို့စား ကျီ”

ကျီလင်းဟွေ့၏ဝန်ခံချက်မှာ ခေတ္တ ဘေးကင်းရုံသာ ဖြစ်လျှင်ပင် မင်းကြီးအကြံ အောင်သွားပြီဖြစ်သည်။

ယခုသာပြီးလျှင် နန်းတွင်း၌ မောင်းမတစ်ယောက်လျော့သွားမည်ဖြစ်သည်။

မကြာမီတွင် ကျောက်ချန်နှင့် ကျီချင်းယွန်သို့ ဇာမဏီနန်းတော်သို့ ရောက်လာသည်။

သူတို့ရောက်သွားသောအခါ အထဲမှရယ်မောပြောဆိုသံများ ကြားနေရသည်။

“ကျီ မင်းကြီးနဲ့ လာဆော့ပါအုံး။သူ ငါကိုယ်ခံသိုင်းမတတ်တာကို အခွင့်ကောင်းယူပြီး အတွင်းအားသုံးနေပြီး အနိုင်ကျင့်နေတယ်။သူ့ကို မြန်မြန်ပညာပြပစ်လိုက်”

စကားပြောနေသူကို ကျီချင်းယွန် ရုတ်ချည်း မှတ်မိသဖြင့် ထိတ်လန့်သွားသည်။လုလျန့်ဝေသည် မင်းကြီးအား သီးသန့်အချိန် ထိုမျှ ရင်းနှီးစွာနေသည်ဟု မထင်ခဲ့မိပါ။မင်းကြီးမှာ လုလျန့်ဝေအား အလွန်နှစ်သက်ပုံရသည်။

သူမအဖြစ်နှင့် သူ့သမီးအဖြစ်အားယှဉ်ကာ သူ့စိတ်တွင် အနည်းငယ် ခါးသက်သွားသည်။

“မင်းကြီးက မိဖုရားကြီးနဲ့ ကြက်တောင်ရိုက်နေတာလေ”

ထိုသို့ပြောကာ ဇာမဏီနန်းတော်ထဲသို့ ကျောက်ချန် သူရှေ့မှဝင်သွားသည်။

သူတို့ဝင်သွားသောအခါ မင်းကြီး ကြက်တောင်ရိုက်နေသည်ကို မြင်လိုက်ရသည်။သို့ရာတွင် ရိုက်ဖက်မှာ ချူကျီဖြစ်သွားပြီဖြစ်သည်။

သူ့ရှေ့မှ ချူကျီကိုကြည့်ကာ လုံယန် စိတ်မဝင်စားတော့ဟန်ဖြင့် ချူကျူထံ ရိုက်တံ ပစ်ပေးလိုက်သည်။

ချူကျူ ရိုက်တံကိုယူကာ အမိန့်အတိုင်း ချူကျီနှင့် စတင်ကစားနေသည်။

နှစ်ယောက်စလုံးမှာ ကိုယ်ခံသိုင်းတတ်သူများဖြစ်သော်လည်း ချူကျီမှာ အတွင်းအား ပိုကောင်းကာ ရိုက်ချက်တိုင်းသည် ထောင့်မျိုးစုံမှ လာနေသဖြင့် ချူကျူအတွက် ဆော့ရခက်နေသည်။

သူမ ဆက်မဆော့ချင်တော့သဖြင့် သွားကြိတ်လိုက်သည်။သို့ရာတွင် သူမဆန့်ကျင်ဘက်မှ ကောင်လေးမှာ ဆော့ချင်စိတ်ပြည့်နေသည်။သူ၏ ပုံမှန်မှုန်သုန်သုန်ပုံမဟုတ်ပဲ တက်ကြွမှု ပြည့်ဝနေသည်။

ချူကျူ မျက်လုံးပင့်လိုက်သည်။သူမ မျက်လုံးထောင့်မှ ကျောက်ချန်ကို မြင်လိုက်ရသဖြင့် ချူကျီအား လှမ်းအော်လိုက်သည်။

“ခဏလေး အိမ်သာသွားချင်လို့ ကျောက်ချန်နဲ့ ဆော့လိုက်”

ဟုပြောကာ သူ့လက်ထဲ ထည့်ပေးလိုက်သဖြင့် ကျောက်ချန် ငြင်းချိန်ပင် မရလိုက်ပါ။

ကျောက်ချန်သည် ဘယ်ကရောက်လာမှန်းမသိသည့် ရိုက်တံအား ငုံ့ကြည့်နေမိသည်။

ကျောက်ချန်မှာ ထိသွားသဖြင့် ကြယ်များမြင်သွားသည်။

သူ့နဖူးကို ပွတ်ကာ သူ့ဆန့်ကျင်ဘက်မှ ကောင်လေးအား ရိုက်တံဖြင့် ထိုးညွှန်ကာ အော်ဟစ်လိုက်သည်။

“ချူကျီ ခွေးသား ငါ့ကို အလစ်တိုက်ရဲတယ်ပေါ့။ရော့ အဲ့မှာ”

ကျောက်ချန်သူ့ထံ ပြန်၍ အားပြင်းပြင်းရိုက်လိုက်တော့သည်။