← Chapters

အခန်း ၆၇၉

Vol. 14 Ch. 679

အခန်း ၆၇၉

Vol. 14 Ch. 679

အခန်း ၆၇၉ မင်းကြီး၏ထောင်ချောက်ထဲသို့ သက်ဆင်းမိသည်။

ကြက်တောင်သည် လေထဲတွင် ဝှစ်ခနဲ ပျံသန်းသွားသည်။

ကျီချင်းယွန်မှာ တစ်ယောင်တည်းကျန်ခဲ့လေသည်။

“…”

မနီးမဝေးနေရာမှ ဧကရာဇ် နှင့် မိဖုရားကြီးကိုကြည့်ကာ ကိုယ်တိုင်လမ်းလျှောက်သွားရုံသာ တတ်နိုင်သည်။

“ဂါရဝပြုပါတယ်။မင်းကြီးနဲ့ မိဖုရားကြီး”

“ထပါ မြို့စားကျီ”

လုံယန် လက်အနည်းငယ်မြှောက်ကာ လုလျန့်ဝေကို ဖက်လိုက်၍ အစေခံတစ်ယောက် လာပေးသော ခုံတွင် ထိုင်လိုက်သည်။

လုလျန့်ဝေမှာ ကျီချင်းယွန်ကို မြင် အံ့သြသွားသော်လည်း ကျီလင်းဟွေ့ အကြောင်းဖြစ်မိဟု ရိပ်မိလိုက်သည်။

ကျီလင်းဟွေ့ကို အသနားခံရန် လာခဲ့ခြင်းဖြစ်သည်။

သူမ လုံယန်ဘေးတွင် တိတ်ဆိတ်စွာ ဝင်ထိုင်လိုက်သည်။

“မင်းကြီး ကျွန်တော်မျိုး ကိုယ့်သမီးကို သင်ကြားပေးဖို့ ပျက်ကွက်ခဲ့လို့ သူ ဒီလို ရက်စက်တဲ့ အမျိုးသမီးတစ်ယောက် ဖြစ်လာရတာပါ။ကျွန်တော်မျိုး မင်းကြီးကို မျက်နှာ မပြရဲအောင်ပါပဲ”

“ဟုတ်ပါတယ်။ဒါ ကြင်ရာတော်ကျီလင်းဟွေ့ရဲ့ ဝန်ခံစာပါ။ဖတ်တော်မူပါ မင်းကြီး”

ကျောက်ချန် မရှိသဖြင့် ကျူးယွီမှ ရှေ့တိုးယူကာ လုံယန်သို့ ပြသလိုက်သည်။

ဝန်ခံစာဟု ခေါ်သည့် စာရွက်မှာ အပြစ်သား၏ လက်မှတ်ပါရုံမျှသာ ရှိသည်။

“ကြင်ရာတော်ကျီလင်းဟွေ့က အပြစ်ဝန်ခံတဲ့အပြင် မင်းသမီးကြီးသားကလည်း အနာတရမဖြစ်တော့ သူ့ပြစ်ဒဏ်ကို လျှော့ပေါ့ပေးလိုက်မယ်။ဒီနေ့ကစပြီး ကြင်ရာတော်ကျီလင်းဟွေ့ဂုဏ်ပုဒ်ကို ပြန်ရုတ်သိမ်းပြီး အေးခဲနန်းဆောင်ကို ပို့လို့ သူမအပြစ်တွေကို နောင်တရပြီး လူကောင်းတစ်ယောက်ဖြစ်ဖို့ ကြိုးစားစေမယ်။”

ကျီချင်းယွန် အင်္ကျီလက်ထဲမှ လက်သီးဆုပ်လိုက်ကာ ဝမ်းနည်းမှုများကို မျိုသိပ်လိုက်သည်။

သူ၏ သမီးမှာ နှစ်ပေါင်းများစွာ နန်းတွင်း၌ သူမပျိုရွယ်မှုကို စတေးခဲ့ရသော်လည်း အဆုံးတွင်မူ အေးခဲနန်းဆောင်သို့ ပို့ခံခဲ့ရသည်။

“သနားတော်မူခြင်းအတွက် ကျေးဇူးတင်ရှိပါတယ် မင်းကြီး”

သို့ရာတွင် ကျီချင်းယွန် မထသေးဘဲ အင်္ကျီလက်ထဲမှ တစ်ခုခု ထုတ်ကာ ခေါင်းမော့လိုက်သည်။

“မင်းကြီးကို ကျွန်တော်မျိုး တောင်းဆိုစရာရှိပါတယ်။မင်းကြီး ချီးမြှင့်ပေးနိုင်မယ်လို့ မျှော်လင့်မိပါတယ်။”

လုံယန်သည် သူ့လက်ထဲမှ လက်ကောက်ကို ဟန်မပျက် ကြည့်ကာ ပြောလိုက်သည်။

လက်ကောက်အားကိုင်ကာ ကျီချင်းယွန် ပြောလိုက်သည်။

“ဒီလက်ကောက်က သွားလေသူ မိဖုရားခေါင်ကြီး ပေးသနားတော်မူခဲ့တာပါ။ဒါကြောင့် မင်းကြီး ကြင်ရာတော်ကျီလင်းဟွေ့ကို နန်းတော်မှ ထွက်ခွာခွင့် ပေးမယ်ဆို ဒီလက်ကောက်ကို တော်ဝင်မိသားစုဆီ ပြန်လည်ဆက်သပါ့မယ်”

“လိုတိုင်းဖြစ်စေ”

ကျီချင်းယွန် ပြော၍ မပြီးသေးခင်တွင်ပင် မင်းကြီးထံမှ မြန်ဆန်တိကျသော အဖြေကို ကြားလိုက်ရသည်။

ကျီချင်းယွန် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။မင်းကြီး ဒီမျှ လွယ်လွယ်နှင့် သဘောတူလိမ့်မည်ဟု သူမထင်ခဲ့၍ ဖြစ်သည်။

သူထင်ခဲ့သည်မှာ သွားလေသူ မိဖုရားခေါင်ကြီး၏ လက်ကောက်ကို ပြလျှင်ပင် မင်းကြီးမှ လွယ်လွယ်ဖြင့် သဘောတူလိမ့်မည် မဟုတ်ဟုဖြစ်သည်။ရှောင်ဟွေ့ သည် မင်းကြီးမှ ချီးမြှောက်သည် ဖြစ်စေ မဖြစ်စေ သူ၏ကာမပိုင် မိန်းမဖြစ်သည်။

ကျီချင်းယွန် မယုံနိုင်ဖြစ်နေစဉ် လုံယန်ဆီမှ အသံကိုကြားလိုက်ရသည်။

“အမျိုးသမီးကျီကို သွားခေါ်ပြီး နန်းတွင်းက ထုတ်သွားနိုင်ပြီ။ကျုပ်နဲ့ မိဖုရားကြီး မနက်စာမစားရသေးလို့ သွားလိုက်ဦးမယ်။”

ကျီချင်းယွန် ခေါင်းမော့လိုက်သောအခါ မင်းနှစ်ပါး ထွက်သွားသော ပုံရိပ်ကိုသာ မြင်လိုက်ရသည်။

သူ့မှာ ပါးစပ်အဟောင်းသားဖြင့် မလှုပ်မယှက် ကျန်ရစ်ခဲ့သည်။

ရှောင်ဟွေ့အား နန်းတော်မှ ခေါ်ထုတ်ရန် ထိုမျှလွယ်ပါက မင်းသားရှင်းယန်နှင့် ပေါင်း၍ အန္တရာယ်များသည့် အကြံအစည်ကို ကြံစည်ခဲ့မည် မဟုတ်ပါ။

သူ့သမီးအား နန်းတော်မှ လွယ်လွယ်ခေါ်ထုတ်နိုင်မည်ဟု မထင်ခဲ့၍ ဖြစ်သည်။

သို့ရာတွင် သူ့စိတ်ထဲ၌ တစ်ခုခုမမှန်ဟု စဉ်းစားမိသည်။မင်းကြီး၏ ထောင်ချောက်ထဲရောက်ကာ မင်းကြီး အကြံအစည်အောင်မြင်စေရန် ကူညီပေးလိုက်မိသည် ထင်မိသည်။

သို့ရာတွင် မင်းကြီးအကြံမှာ ပြောင်မြောက်လှသည်။ရှောင်ဟွေ့အား နန်းတော်မှ မဖွယ်မရာ ကန်ထုတ်မည့်အစား သွားလေသူမိဖုရားကြီးအား လေးစားသည့်အနေဖြင့် အမိန့်ပေးချင် မပေးချင်ဖြင့် ပေးလိုက်ရဟန်ဆောင်လိုက်သည်။

အမှန်တရားကို သူ့လက်မခံနိုင်သဖြင့် သူ့လည်ချောင်းတွင် သွေးများစုလာသည်။

သို့ရာတွင် ရှောင်ဟွေ့အား နန်းတော်မှ ထုတ်ရန် မင်းကြီး ကြိုးစားချက်ကို သူကျေးဇူးတင်ရမည်။

ရုတ်တရက် သူ့လက် ဗလာဖြစ်သွားသဖြင့် မော့ကြည့်လိုက်သောအခါ မင်းကြီးအစေခံကျူးယွီသည် သူ့လက်ထဲမှ လက်ကောက်အား ယူသွားသည်ကို မြင်လိုက်ရလေသည်။

All Chapters