အခန်း ၆၈၀
Vol. 14 Ch. 680
အခန်း ၆၈၀ သူ့ဘေးတွင် ရပ်နေသည်ကပင် စော်ကားခြင်းဖြစ်သည်။
“မြို့စားကျီ၊မင်းကြီးက လက်ကောက်ကို ယူဖို့ မေ့သွားတော့ သူ့ကိုယ်စား ကျွန်မ ယူထားပေးပါ့မယ်။မဟုတ်လို့ မင်းကြီး မှတ်မိတဲ့အခါကျ ဒီကို တစ်ခေါက် ပြန်လာနေရဦးမယ်။မြို့စားကြီး အသက်က ငယ်တာမဟုတ်တော့ သိပ်သွားလာမနေသင့်တော့ဘူး။မင်းကြီးက ခွင့်ပြုပေးလိုက်ပြီဆိုတော့ အမျိုးသမီးကျီကို ခေါ်ပြီး နန်းတော်ထဲက အမြန်ထွက်သွားသင့်ပြီ”
ကျူးယွီမှ ပျော်ရွှင်စွာ ပြောလိုက်သည်။
ကျီချင်းယွန်မှာ ထိုသို့ကြားသဖြင့် အနည်းငယ် မကျေနပ်ဖြစ်သွားသည်။
မည်သို့ပင်ဖြစ်စေကာမူ သူသည် အဆင့် ၁ ဝန်မင်းဖြစ်သည်။ယခုကဲ့သို့ နိမ့်ကျသည့် အစေခံသည် သူ့အား နှင်ထုတ်စရာ အာဏာမရှိချေ။
ထို့အပြင် ကြင်ရာတော်ကျီလင်းဟွေ့မှ အမျိုးသမီးကျီအဖြစ် ပြောင်းလဲခေါ်ဝေါ်ခံ သည်ကို သူ ပို၍မကျေနပ် ဖြစ်နေသည်။
သို့ရာတွင် အစေခံတစ်ယောက်နှင့် ဖက်ပြိုင်မနေဘဲ မကျေမနပ်ဖြင့် ထရပ်လိုက်သည်။
ကျောက်ချန်သည် ချူကျီနှင့် ကြက်တောင်ရိုက်နေသော်လည်း ကျီလင်းဟွေ့အား မင်းကြီး စီရင်ပုံအား သူ၏ ထက်မြက်သော မျက်လုံးများနှင့် နားများဖြင့် သိလိုက်သေးသည်။ကျီချင်းယွန် ထလိုက်သည်နှင့် တပြိုင်နက် အခွင့်ကောင်းရှာကာ အော်ပြောလိုက်သည်။
ထို့သို့ကြားသောအခါ ကျီချင်းယွန် မကျေနပ်ဖြစ်ကာ တစ်ခုခုပြောရန် ကြံလိုက်သော်လည်း ဒုတ်ခနဲ အသံအား ကြားလိုက်ရသည်။ကျောက်ရှန်မှာ ကြက်တောင်ကို ချူကျီထံ အားကုန်သုံး၍ ရိုက်လိုက်ခြင်းဖြစ်သည်။
ထိုအချိန်တွင် ကျူးယွီသည် အခန်းထဲသို့ဝင်သွားကာ လက်ကောက်အား မင်းကြီးထံ လေးစားစွာ ဆက်သလိုက်သည်။
“သွားလေသူ မိဖုရားခေါင်ကြီးရဲ့ လက်ကောက်ပါ။မင်းကြီး”
လုံယန် တစ်ချက်မျှ ကြည့်ကာ လုလျန့်ဝေဘက်သို့ လှည့်လိုက်သည်။
ထိုသို့ကြားသောအခါ လုလျန့်ဝေ စားနေရာမှ မော့ကြည့်လိုက်သည်။
ထိုလက်ကောက်မှာ တစ်ခါမှ သူမအပိုင်ဖြစ်ပြီး ကျီလင်းဟွေ့ဆီ ရောက်သွားခြင်းဖြစ်သည်။သူမရှေ့သို့ ဤလက်ကောက် ဤနည်းဖြင့် ပြန်ရောက်လာလိမ့်မည်ဟု သူမ မထင်ထားခဲ့။
သို့ရာတွင် သူများဝတ်ထားသောအရာများကို သူမ ဝတ်ချင်စိတ် မရှိပေ။စုဆောင်းထားခြင်းဆိုလျှင် ကိစ္စမရှိသော်လည်း ဝတ်ဆင်ရန်အတွက် မဖြစ်နိုင်ချေ။အထူးသဖြင့် ကျီလင်းဟွေ့ ပိုင်ဆိုင်ဖူးသော ရတနာ ဖြစ်နေသည်။
သူမ အမှန်တကယ် မကြိုက်သည်ကို တွေ့ရသဖြင့် လုံယန် ကျူးယွီဘက်သို့ လှည့်ကာ ပြောလိုက်သည်။
“ကြားတယ်မလား။မင်းသခင်မက မကြိုက်ဘူးတဲ့။မင်းကြိုက်သလိုသာ လုပ်တော့”
ကျူးယွီမှ သခင်မ ပြောစကားကို ကြားလိုက်သော်လည်း မင်းကြီးစကားကြောင့် သူမ မျက်လုံးများ ကျယ်သွားရသည်။
သူမလက်ထဲမှ လက်ကောက်အား ပွတ်ကြည့်လိုက်မိသည်။ဤလက်ကောက်သည် သွားလေသူမိဖုရားခေါင်ကြီး၏ လက်ကောက်ဖြစ်သည်။သို့ရာတွင် မင်းကြီးမှ သူမအား စိတ်ကြိုက်စီမံရန် ပြောလိုက်သဖြင့် ဆိုလိုချင်သည်မှာ...
“ကောင်းသားပဲ။မင်းကြီးနဲ့ ငါက နင့်ကို သတို့သမီးပစ္စည်း ကြိုပေးတယ် မှတ်လိုက်ပေါ့။ဒါသာမန်ပစ္စည်း မဟုတ်ဘူး။နင်သဘောကျတဲ့ ယောက်ျားသာတွေ့ရင် ဒီကျောက်စိမ်းလက်ကောက်ကို ငါ့ဆီ ပြန်ယူလာပြီး လက်ထပ်ဖို့ ခွင့်တောင်းလေ”
ထိုသို့ကြားသောအခါ ကျူးယွီ ရှက်ရှက်ဖြင့် ခြေစောင့်လိုက်သည်။
လုလျန့်ဝေ သူမအားကြည့်ကာ လုံယန်အား ပြောလိုက်သည်။
“ကြည့်ပါလား။အဲ့ကောင်မလေး ဘယ်လောက်ပျော်နေလဲ ဆိုတာ။သူ ဒီည အိပ်လို့ရမှာ မဟုတ်တော့ဘူး။ဘယ်အမျိုးကောင်းသားလေး သူ့လက်ထဲ ကျမလဲ မသိဘူး”
ကျူးယွီ ခရမ်းချဉ်သီးအလား မျက်နှာ နီရဲသွားကာ ငိုသံဖြင့် ညည်းလိုက်သည်။
“သခင်မ အရမ်းအကျင့်ယုတ်တာပဲ။ကျွန်တော်မျိုးမ စကားမပြောချင်တော့ဘူး”
ဟု ဆိုကာ သူမ ခုန်နေသောရင်ကို ဖိကာ ထွက်ပြေးသွားသည်။
လူရှင်းသော နေရာရောက်သည့်အခါမှ သူမ ရပ်လိုက်သည်။လက်ထဲမှ လက်ကောက်အား ကြည့်ကာ သူမ အတွေးတစ်ခု ဝင်လာသည်။
သူမသခင်မမှ စနောက်ရုံသာ ပြောသည်မှန်သော်လည်း ဤလက်ကောက်သာသုံး၍ မင်းကြီးထံတွင် လက်ထပ်ရန် ခွင့်တောင်းနိုင်ပါက သူမ ရွေးနိုင်မည်မှာ....
သူမအတွေးကြောင့် ရင်ခုန်မြန်သွားသည်။သို့ရာတွင် မကြာမီ သူ ငြိမ်သက်သွားသည်။
သူမ နှင့် ဆက်ခံသူမှာ ကမ္ဘာခြားနေခြင်းဖြစ်သည်။သူ၏ဘေးတွေ ရပ်နေခြင်းကပင် သူ့အား စော်ကားသလိုဖြစ်နေပြီပင်။သူမ ဘယ်လိုများ....။