အခန်း ၆၈၁
Vol. 14 Ch. 681
အခန်း ၆၈၁ အခွင့်အရေးရတာတောင် ငြင်းနေတယ်။
သူမစိတ်ထဲမှ အတွေးများပျောက်စေရန် သူမပါးများကို ရိုက်လိုက်သည်။
သူမအဖေ တစ်ဖန် ပြန်ရောက်လာသည်ကို ကျီလင်းဟွေ့ မြင်လိုက်သောအခါ မျှော်လင့်ချက်ဖြင့် ခေါင်းငုံ့လိုက်သည်။
“အဖေ၊မင်းကြီး သဘောတူလား။ဘာပြောလဲဟင်။”
သူမအဖေ၏ မပြုံးရွှင်သော မျက်နှာကို မြင်လိုက်ရသဖြင့် မင်းကြီးမှ သူမအဖေတောင်းဆိုချက်ကို လွယ်လွယ်မလိုက်လျောလိုက်ဟု သူမ ထင်လိုက်မိသည်။
သူမသည် တော်ဝင်ကြင်ရာတော်ဖြစ်သည်။မင်းကြီး သူမအား မချစ်ခင်စေကာမူ နန်းတော်မှ ထွက်ခွင့်ကို လွယ်လွယ်ပေးလိမ့်မည် မဟုတ်ပါ။
“မင်းကြီးက ခွင့်ပြုလိုက်ပြီ။အခုပဲ သမီးကို ခေါ်သွားတော့မယ်။”
ကျီချင်းယွန်၏ တိတ်ဆိတ်သောစကားသံသည် ကျီလင်းဟွေ့အား အတွေးရပ်သွားစေသည်။
သူမ အံ့သြသွားသည်။
“အဖေ ဘာပြောလိုက်တာလဲ။”
ထိုသို့ကြားသော်အခါ ကျီလင်းဟွေ့ စိတ်ပေါ့ပါးလာသည်။မင်းကြီးသည် သွားလေသူ မိဖုရားကြီးအပေါ် ရိုသေမှုကြောင့် သူမအား လွှတ်လိုက်ခြင်းဖြစ်မည်။ကျောက်စိမ်းလက်ကောက်ကြောင့်သာ မဟုတ်လျင် သူမ နန်းတော်မှ ထွက်ခွာနိုင်မည် မဟုတ်ပါ။သူ့သမီး၏အတွေးများကို မသိသဖြင့် ကျီချင်းယွန်သည် သူမကို ကောက်ချီ၍ နန်းတော်တံခါးဝဆီသို့ လျှောက်သွားသည်။ကျီလင်းဟွေ့သည် တဖြေးဖြေးဝေးကွာသွားသော နန်းတော်အမြင့်ကြီးများကို မီးတောက်မတတ် စိုက်ကြည့်နေသည်။တစ်နေ့ သူမ ဒီကို ဟန်မာန်အပြည့်ဖြင့် ပြန်လာခဲ့မည်။မင်းကြီးမှ ကျီချင်းယွန်အား ကျီလင်းဟွေ့ကို ခေါ်ယူခွင့်ပြုလိုက်သဖြင့် သူမ စံစားရာ တောက်ပကျော့ရှင်း နန်းတော်အား သန့်ရှင်းရေးလုပ်ကာ အစေခံများကိုလည်း နေရာပြန်ချပေးထားရမည် ဖြစ်သည်။
“မင်းက ပထမအမျိုးသမီးကျီရဲ့ ကိုယ်ပိုင်အစေခံပဲ။အခု မင်းကြီးက သနားတော်မူလို့ နန်းတွင်းက သူခွာခွင့်ရပြီဆိုတော့ မင်းလည်း နေစရာမလိုတော့ဘူး။နောက်ကျရင် မင်းကို မြို့စားကျီအိမ်တော်ဆီ တစ်ယောက်ယောက်နဲ့ ပို့ပေးလိုက်မယ်။”
ကျောက်ချန် စကားပြော၍ မပြီးခင်မှာပင် ရှောင်ရှမှာ ဝုန်းခနဲ ဒူးထောက်ကျသွားသည်။ကျောက်ရှန်၏ အဝတ်စအား ဆွဲကိုင်ကာ အသံများ တုန်ယင်နေသည်။
“အိမ်တော်ထိန်းကျောက်၊ကျွန်မကို နှင်မထုတ်ပါနဲ့။အလုပ်ကြမ်းတွေခိုင်းပါ။ကျွန်မ လုပ်ပါ့မယ်”
ထို့သို့မြင်ရသဖြင့် သူမအား ကျောက်ချန် အထူးအဆန်း စိုက်ကြည့်လိုက်သည်။
“တခြားသူတွေများ ဒီက ထွက်ချင်ရက်နဲ့ မထွက်နိုင်တာ။မင်းကျတော့ အခွင့်အရေးရနေတာတောင် မယူဘဲ အလုပ်ကြမ်း လုပ်ချင်တယ်ပေါ့။နင်အခွင့်အရေးက လွတ်လပ်ခွင့်နော် ငတုံးမလေး။”
“ကျွန်မကို နေခွင့်ပေးရင် ရှင့်ကို ကယ်တင်ရှင်အဖြစ် သတ်မှတ်ပါ့မယ်။ကျွန်မ ကျွန်ခံရရင်တောင် ကျေးဇူးပြန်ဆပ်ပါ့မယ်။”
ကျောက်ချန်မှာ အံ့အားသင့်နေသော်လည်း သူမမှ တင်းခံနေသဖြင့် ခဏမျှ စဉ်းစားကာ ပြောလိုက်သည်။
“နေခိုင်းတာကတော့ဟုတ်ပြီ။အကြောင်းပြချက်ကောင်းကောင်းတော့ ပေးရမယ်လေ။ဟုတ်ပြီလား။”
ရှောင်ရှ ခေါင်းငုံ့လိုက်သည်။သူမသခင်မအား ခစားစဉ်က ကြောက်လန့်ခဲ့ရမှုများကို ပြန်တွေးကာ စိတ်တွင် လွန်ဆွဲနေသည်။အဆုံးတွင် သူမသွားကြိတ်၍ အင်္ကျီလက်ကို လှန်တင်ကာ သူမလက်အား ကျောက်ချန်ဆီ ထောင်ပြလိုက်သည်။
မိန်းမငယ်လေး၏ နူးညံ့ပျော့ပျောင်းနေရမည့် လက်တံတွင် အပ်ရာများ နေရာအနှံ့ ပြည့်သိပ်နေသဖြင့် ဒဏ်ရာမရှိသည့် နေရာ မရှိလုနီးပါးဖြစ်နေသည်။
ကျောက်ချန် လန့်ဖြန့်သွားကာ သူမ၏အခြားတစ်ဖက်အား လှန်တင်လိုက်ရာ ထိုကဲ့သို့အပ်ရာများပင် တွေ့ရသည်။မြင်ရုံဖြင့်ပင် သွေးပျက်ဖွယ်ဖြစ်သည်။
“ဘုရားရေ။ဘယ်လို နှလုံးသားမရှိတဲ့ အရိုင်းအစိုင်းက မိန်းကလေးတစ်ယောက်ကို ဒီလို လုပ်ရဲတာလဲ”
အခြားမြင်လိုက်ရသော နန်းတွင်းအစေခံများကလည်း ရှောင်ရှအား စာနာစိတ်များ ဖြစ်နေကြသည်။
လက်သည်တရားခံမှာ အထင်းသားဖြစ်သည်။
ထို့ကြောင့် သူမသခင်မဆီ မပြန်လိုဘဲ နန်းတွင်း၌သာ နေလိုခြင်းဖြစ်သည်။
သူမသည် နှလုံးသားမရှိသည့် မိစ္ဆာမအား သခင်လုပ်နေရခြင်းဖြစ်သည်။