အခန်း ၆၈၂
Vol. 14 Ch. 682
အခန်း ၆၈၂ သူမမှာမူ အေးခဲနေသည်။
နူးညံ့သိမ်မွေ့သော သဲ့ဖေးကဲ့သို့သောသူမှာ ထိုကဲ့သို့ ကောက်ကျစ်သူ ဖြစ်နေမှန်း မထင်ခဲ့ကြပေ။
မည်သို့ဖြစ်စေကာမူ ရှောင်ရှသည် သူမကလေးဘဝကတည်းက အလုပ်အကျွေးပြုလာသော အစေခံဖြစ်သည်။သူမအပေါ်တွင် အဘယ်ကြောင့် အလွန်ရက်စက်ရသနည်း။
သူမလက်မှ ရွံရှာဖွယ်မြင်ကွင်းမှာ တစ်ရက်တည်း ဖြစ်ထားသော ကိစ္စမဟုတ်မှန်း သိသာလှသည်။
စပ်စုတတ်သော နန်းတွင်အစေခံတစ်ယောက်သည်ရှေ့တိုးလာကာ သူမအတွင်းအင်္ကျီအား လှန်ကြည့်လိုက်သည်။သူမကျောပြင်တွင်လည်း အပ်ရာများ ပြည့်သိပ်နေသည်ကို မြင်လိုက်ရသဖြင့် အလန့်တကြားလဲကျသွားသည်။
ကျောက်ချန်မှာ ရှောင်ရှအတွက် စာနာစိတ်များ တဖွားဖွားပေါ်လာသကဲ့သို့ တစ်ချိန်တည်းတွင်လည်း ကျီလင်းဟွေ့၏ စရိုက်အား ပိုနားလည်လာသည်။
ကြောက်စရာကောင်းလောက်အောင် ယုတ်မာတဲ့သူပါလား။
စစ်ကြောရေးမှ နှိပ်စက်မှများအား သူမတောင့်ခံနိုင်သည်မှာ အဆန်းမဟုတ်တော့။သူမသည် သာမန်သူ မဟုတ်ဘဲ သူတစ်ပါးကို နှိပ်စက်သကဲ့သို့ မိမိကိုယ်ကို နှိပ်စက်သူလည်းဖြစ်သည်။
ထိုကဲ့သို့သောသူမှာ ကြောက်စရာအကောင်းဆုံးဖြစ်သည်။
သူမ နန်းတော်မှ ထွက်သွားသည်ကိုပင် ကျေးဇူးတင်နေမိသည်။မဟုတ်ပါက နောင်တွင် မည်ကဲ့သို့သော မငြိမ်သက်မှုများ ဖြစ်စေရန် သူမ မီးမွှေးလိမ့်မည် မသိပေ။
ရှောင်ရှမှာ နေထိုင်ခွင့်ရသွားခဲ့သည်။
ကျူးယွီသည် သူမရလာသော သတင်းအား လုလျန့်ဝေထံ ပြန်လျှောက်တင်လိုက်သည်။
“ကြောင်လက်သည်းဖွက်တယ်ဆိုတာ တကယ်မှန်တာပဲ။သဲ့ဖေးလို သိမ်မွေ့နူးညံ့တဲ့သူက အဲ့လောက် ယုတ်မာသူမှန်း ဘယ်သူသိမှာလဲ။”
လုလျန့်ဝေလည်း ရှောင်ရှအား ကျီလင်းဟွေ့ မှ ပြုမူခဲ့ပုံကို ကြားရသောအခါ တုန်လှုပ်နေသည်။
သို့သော် သူမအား လုပ်ကြံရန် နှင်းပျံလွှားအိမ်တော်အား ငှားရမ်းခဲ့သည့်အပြင် ယမန့်နေ့ကလည်း ဝမ်ယန်ကျစ်ကို သတ်ကာ သူမအား အပြစ်ဖို့ရန် ကြိုးစားသည်များကို တွေးမိသောအခါ မအံ့သြတော့ပေ။
သဲ့ဖေးသည် ယင်ကောင်တစ်ကောင်ကိုပင် ရန်မပြုရဲပုံ ဟန်ဆောင်ခဲ့သဖြင့် သူမ လုပ်ရပ်များသာ မပေါ်လာခဲ့လျှင် ထိုမျှ ကောက်ကျစ်သူဟု ထင်ရန်ခက်ခဲသည်။
ကျူးယွီမှာ စိတ်ခံစားချက်အပြည့်ဖြင့် ပြောလိုက်သည်။
“အရှင်မ၊ကျွန်မကံကောင်းလွန်းတာပဲ။အရှင်မဆီမှာ ခစားနိုင်တာက တစ်ဘဝလုံး ကောင်းချီးပေးခံခဲ့ရလို့ဖြစ်မယ်”
သူမ သတိပြန်လည်လာကာ လုလျန့်ဝေ မျက်ခုံးပင့်၍ စနောက်လိုက်သည်။
“ဘယ်တုန်းကမှ အဲ့လိုမတွေးခဲ့မှန်း ကျိန်ပြီးပြောရဲပါတယ်။သခင်မကို ခစားရတာ ကျွန်မအတွက်တော့ ကောင်းချီးပေးခံရတာပါပဲ”
ကျူးယွီ အမြန် သစ္စာခံလိုက်သည်။
လုလျန့်ဝေ ရွဲ့ပြောလိုက်သည်။
ကျူးယွီ,”...”
ကွေ့ဖေးမှာ သူမစံရာတွင် အကျယ်ချုပ်ကျနေသော်လည်း အလည်မလာရဟု ကန့်သတ်ထားခြင်းမရှိခဲ့။
ထို့ကြောင့် သူမထံ လာလည်ဟန်ပြက ကျီလင်းဟွေ့ နန်းတွင်းမှ နှင်ထုတ်ခံလိုက်ရသည့်သတင်းအား ရှုဖေးမှ ယူလာခြင်းဖြစ်သည်။
ကွေ့ဖေး ခွက်နှုတ်ခမ်းမှ အကြောင်းရာများကို လက်ဖြင့်ပွတ်ကာ ခွက်ထဲမှ အစိမ်းဖျော့ရည်များကို သတိလက်လွတ် ကြည့်နေသည်။
ကျီလင်းဟွေမှာ ကစားပွဲမှ ထိုကဲ့သို့ ထွက်ခွာသွားရမည်ဟု မထင်ခဲ့ခြင်းဖြစ်သည်။
နေရောင်နွေးမှာ သူမအပေါ်ကျရောက်နေသောလည်း သူမမှာမူ အေးခဲနေသည်။
အချိန်ကြာသောအခါ ရှုဖေးကြင်ရာတော်မှ မနေနိုင်တော့ဘဲ တိတ်ဆိတ်မှုကို ခွင်းလိုက်သည်။
“အဲ့လောက် ယုတ္တိမရှိတဲ့ လုပ်ဇာတ်ကြီးကို ဟုံနေတာလား။ကျုပ်တို့လို သူ့ဘေးက ဆူးတွေကို နှုတ်ပစ်ဖို့ ဆင်ခြေပေးတာ။ကြည့်နေ၊နောက်ဆို ကျုပ်တို့အလှည့်ပဲ”
ရှုဖေးမှာ သဘောတူဟန်ဖြင့် တိတ်ဆိတ်နေသည်