Chapters

အခန်း ၆၈၃

Vol. 14 Ch. 683

အခန်း ၆၈၃

Vol. 14 Ch. 683

အခန်း ၆၈၃ မင်းကြီး အာရုံစိုက်လာစေမည်။

ကွေ့ဖေးသည် သူ့လက်ထဲမှ ခွက်အား ဆုပ်ကိုင်လိုက်သည်။

“အဲ့လောက် ယုတ္တိမရှိတာကို မင်းကြီးက ဘာလို့ယုံရတာလဲ။ကြင်ယာတော်ကျီလင်းဟွေ့က သိမ်သိမ်မွေ့မွေ့လေးပါ။သူက ဘယ်လိုဖြစ်လို့ အဲ့လောက် ရက်စက်ရမှာတုန်း”

သူမအား ရှုဖေး လှမ်း၍ ကြည့်လိုက်သည်။

ဤကိစ္စတွင်တော့ သူမ သဘောထားကွဲပြားသည်။

ရန်မလိုတတ်သောသူမှာ ဤနန်းတော်တွင် ယခုအထိ ရှင်သန်နိုင်မည်မဟုတ်။

ကြင်ယာတော်ကျီလင်းဟွေ့မှာ ပုံမှန်အားဖြင့် ရန်မလိုတတ်သော်လည်း ဤသည်မှာ ဟန်ဆောင်နေခြင်းသာ ဖြစ်သည်။

နောက်ကွယ်တွင် သူမ မည်မျှရက်စက်တတ်မှန်း မည်သူမဆို မှန်းနိုင်သည်။

“ဒီလာတဲ့လမ်းမှာတင်ပဲ ကြင်ယာတော်ကျီလင်းဟွေ့ရဲ့ အစေခံအမျိုးသမီးက နန်းတော်ကထွက်ပြီး သူဆီ ပြန်မသွားနိုင်ဘူးဆိုပြီး တင်းခံနေတယ် ကြားခဲ့တယ်။အိမ်တော်ထိန်းကျောက်ကိုတောင် နေခွင့်တောင်းနေသေးတယ်။”

ရှုဖေးမှ သူမလက်ဖက်ရည်ခွက်ကို ယူသောက်လိုက်သည်။

ကြင်ယာတော်ကျီလင်းဟွေ့သာ ရန်မပြုတတ်ပါက သူမကဲ့သို့ အစေခံအား နှိပ်စက်မည်မဟုတ်ပေ။

သူမအမြင်အရ ကြင်ယာတော်ကျီလင်းဟွေ့သည် သူမစိတ်အား ချုပ်တည်းထားရသဖြင့် အစေခံအမျိုးသမီးကိုသာ စိတ်ဖြေရန် နှိပ်စက်ခြင်းဖြစ်ရမည်။

“ဒါဆို ကြင်ယာတော်ကျီလင်းဟွေ့က အပြစ်မရှိတာ မဟုတ်ဘူးပေါ့”

ရှုဖေးမှာ ရှင်းလင်းနေသော ကောင်းကင်ဆီကြည့်ကာ ခေါင်းခါလိုက်သည်။

“အကယ်၍များ ကြင်ယာတော်ကျီလင်းဟွေ့က လူသတ်ဖို့ကြံနေတာကို မိဖုရားကြီးက သူ့ကို ပြန်သင်ခန်းစာပေးလိုက်တာ ဆိုရင်ရော”

ထိုစကားများထွက်သွားသည်နှင့် နှစ်ယောက်စလုံး ပြန်၍ ငြိမ်သက်သွားသည်။

မိဖုရားကြီးမှာ အသက်ငယ်စဉ်ကပင် ဉာဏ်ထက်မြက်လှသည်။

သို့ရာတွင် နှစ်ယောက်စလုံးမှာ အမှန်ကို သိပြီးသားဖြစ်သည်။

“နားလိုက်ပါဦး ကွေ့ဖေး။ကျွန်မ မနက်ဖြန် ဆောင်းဦးအမဲလိုက်ပွဲအတွက် သွားပြင်ဆင်ရဦးမယ်”

ဆောင်းဦးအမဲလိုက်ပွဲမှာ အေးချမ်းတောင်တန်းများတွင် အမဲလိုက်သည့်ပွဲသာ ဖြစ်သော်လည်း သူတို့ကဲ့သို့ တစ်နှစ်လုံး နန်းတွင်းထဲတွင် ခိုအောင်းနေရသည့် သူများအတွက် အခွင့်အရေးတစ်ရပ်ဖြစ်သည်။

ဧကရာဇ်မင်းနှင့် တွေ့ရရုံသာမက ဤအခွင့်ကောင်းယူကာ အပြင်ထွက်၍ နန်းတော်မှ ထွက်၍ လေကောင်းလေသန့်ရှူနိုင်သည်။

သို့ရာတွင် သူမမှာ နန်းဆောင်အတွင်း အကျယ်ချုပ်ကျနေသဖြင့် သွားခွင့်ရှိမည် မဟုတ်ချေ။

ထိုအခါက လုလျန့်ဝေရှေ့တွင် သူမ စကားလွန်မိရုံသာရှိသည်ပို မင်းကြီးကြားသိသောအခါ သူမအား သန့်စင်ကျောက်စိမ်းနန်းဆောင်တွင် အကျယ်ချုပ်ချလိုက်ခြင်း ဖြစ်သည်။

သူမလက်ထဲမှ ပုဝါအား ဆွဲဆုတ်ရင်း သူမစိတ်၌ မုန်းတီးမှုများပေါ်နေသည်။သို့ရာတွင် သူမအပြင်ထွက်ခွင့်မရှိသဖြင့် ဘာမျှ မလုပ်နိုင်ဖြစ်နေသည်။

သူမ သန့်စင်ကျောက်စိမ်းနန်းဆောင်မှ အစေခံများ ခြံရံကာ ထွက်ခွာလာသည်။

သူမသည် ကျီလင်းဟွေ့အား မစာနာသည့်အပြင် ဝမ်းပင်မြောက်မိသည်။အနည်းဆုံးတော့ အပြိုင်အဆိုင်တစ်ယောက်လျော့သွားသဖြင့် သူမအတွက် အခွင့်အရေး ပိုများလာသည် မဟုတ်ပါလား။

အေးချမ်းတောင်ဆီသို့ ယခုခရီးတွင် သူမ စွမ်းစွမ်းတမံဆောင်ရွက်ကာ မင်းကြီး အာရုံစိုက်လာစေရန် သူမ ကြိုးစားမည်ဖြစ်သည်။

ညီလာခံမှ ပြန်လာပြီး၍ အိမ်ရှေ့စံမင်းသားမှာ စာကြည့်ခန်းထဲဝင်ကာ ထိုင်၍ အလုပ်လုပ်ရန် ပြင်လိုက်စဉ်ခုံပေါ်တွင် လက်မှတ်မပါသော စာကို တွေ့လိုက်သည်။

ခဏအကြာတွင် သူ ခုန်ထလိုက်ကာ မျက်နှာညိုမဲလျက် စာကြည့်ခန်းမှ ဒုန်းစိုင်းထွက်သွားသည်။ကျန်ချုံ ကိုခေါ်လျက် ကိုယ်လုပ်တော်ချန် ရှိရာဝင်းသို့ ဦးတည့်လျှောက်သွားတော့သည်။

ဂရုမပြုသည့် အစေခံအထင်ဖြင့် မေလေးမှ အော်ငေါက်လိုက်မည်ပြုသော်လည်း ဝင်လာသူကို ကြည့်ကာ သူမ စွံ့အသွားသည်။

ချန်ချူးယွီမှာ ထ၍ အရိုအသေပြုမည်ပြင်သော်လည်း သူမမျက်နှာအား တစ်စုံတစ်ခုဖြင့် ကောက်ပေါက်ခံလိုက်ရသည်။

ပစ္စည်း၏ထောင့်ချွန်များမှာ သူမမျက်နှာအား ဖြတ်သွား၍ နာသွားသော်လည်း ဘာမှမပြောနိုင်ဘဲ ကျလာသော စာရွက်ကို ယူလိုက်မိသည်။

ချန်ချူးယွီမှာ စိတ်ထဲတွင် ပြင်ဆင်ထားသော်လည်း စာဖတ်ပြီးနောက် မျက်နှာသွေးဆုတ်သွားကာ သူမနှဖူးတွင် ချွေးစေးများပေါ်လာသည်။

ဒေါသထွက်နေသောသူအားကြည့်ကာ သူမ ဒူးထောက်ချလိုက်သည်။

“မင်းကြီး ကျွန်မ အပြစ်မဲ့သူပါ။တစ်ချိန်လုံး အရှေ့နန်းဆောင်မှာ ရှိနေတာ ဘာဖြစ်လို့ ဒီလိုနေရာကို သွားရမှာလဲ။”