← Chapters

အခန်း ၆၈၄

Vol. 14 Ch. 684

အခန်း ၆၈၄

Vol. 14 Ch. 684

အခန်း ၆၈၄ သူမတွင်သာ ညစ်ပတ်သည့် ရောဂါများ ပါလာခဲ့လျှင်

လုံယန် လှောင်ရယ်လိုက်သည်။

“အရှေ့နန်းဆောင်မှာ တစ်ချိန်လုံးရှိနေတယ် ဟုတ်လား”

“ကြည့်ရတာ ကိုယ်လုပ်တော်ချန်က လိမ်တတ်ရုံတင်မကဘဲ မှတ်ဉာဏ်လည်း မကောင်းတော့ဘူး ထင်ပ”

သူ ကျန်ချုံကို ကြည့်ကာ ပြောလိုက်သည်။

“သူက မှတ်ဉာဏ်မကောင်းဘူးဆိုတော့ မင်းကပဲ ပြောပြပြီး သူ့မှတ်ဉာဏ်ပြန်ရှာလိုက်တော့”

ထိုစကားများကြားလိုက်သောအခါ ကျန်ချုံသည် သူမအားချက်ချင်း လျှောက်တင်လိုက်သည်။

“ကိုယ်လုပ်တော်ချန်၊ သင်အရင်လက လဝက်နီးပါး ပျောက်သွားပါတယ်။အမျိုးသမီးလျူတောင်မှ ဒီကိစ္စအတွက်နဲ့ ပြဿနာရှာပါသေးတယ်။ဒါပေမယ့် သင် ရုတ်တရက်ကြီး အကောင်းတိုင်းပြန်ရောက်လာပါတယ်။သင်ပျောက်သွားချိန်အတွင်းမှာ ဘယ်ရောက်နေတယ်၊ဘာလုပ်နေတယ် ဆိုတာကို ဘယ်သူမှ မသိရပါဘူး”

ချန်ချူးယွီ သူမပုဝါအား တိတ်တဆိတ် ဆုပ်ကိုင်လိုက်သည်။တစ်နေ့တော့ ဤကိစ္စ အဖော်ခံရမည်ကို သူမသိသည်။

သို့ရာတွင် သူမ ကံကောင်းနေသေးသည်ဟု ထင်ခဲ့မိသည်။အကယ်၍ လုယွင်ရွှမ်းသာ ဤအကြောင်းကို မင်းသားအား အသိပေးလိုက်လျှင် သူပါ ဤထဲတွင် ပါလာမည်ကို သိသည်။

ချန်ချူးယွီမှာ လုယွင်ရွှမ်း၏ သည်းခံနိုင်စွမ်းအားကို မှားတွက်လိုက်မိသည်။

ချန်ချူးယွီ နှင့် ရင်ဘောင်တန်းနိုင်ရန် စိတ်မရှည်သဖြင့် လုယွင်ရွှမ်း သူမနှင့်အတူ ဆွဲထည့်ခံရမည်ကို မစိုးရိမ်တော့ပုံပေါ်သည်။

ထို့ကြောင့်ပင် သူမ စိတ်လှုပ်ရှားနေသော်လည်း ငြိမ်သက်နေနိုင်ခြင်းဖြစ်သည်။

“အဲ့တုန်းက ကျွန်မ နေမကောင်းဖြစ်လို့ လမ်းဘေးမှာ လဲကျနေတာ။မေလေးက သဘောကောင်းတဲ့ ပြည်သူတစ်ယောက်ကို အကူအညီတောင်းပေးလို့ အဲ့ကျမှ ကိုယ်ဝန်ရှိနေမှန်း သိရတာ။သမားတော်က ဗိုက်ထဲက ကလေး စိတ်လှုပ်ရှားသွားလို့ အဲ့အချိန်အတွင်း မလှုပ်ရှားသင့်သေးဘူးလို့ ပြောပါတယ်။ဒါကြောင့် ရွေးစရာမရှိဘဲ အဲ့ပြည်သူရဲ့ အိမ်မှာပဲ နေပြီး အားမွေးရတာပါ။ရက်နည်းနည်းကြာတော့ ပြန်ကောင်းလာလို့ နန်းမြို့တော်ထဲ ပြန်လာပါတယ်။တိုက်တိုက်ဆိုင်ဆိုင် အိမ်တော်ထိန်းကျောက်နဲ့ တွေ့ခဲ့လို့ သူ ပြန်လိုက်ပို့ပေးခဲ့တာပါ။မယုံရင် အိမ်တော်ထိန်းကျောက်ကို မေးကြည့်လို့ရပါတယ်။”

ယခင်ကမူ လုံယန်သည် သူမ ကိုယ်ဝန်ရှိခြင်းကြောင့် အပျော်လွန်နေသဖြင့် သူမပြောစကားများကို ယုံခဲ့ခြင်းဖြစ်သည်။ထို့အပြင် ကျောက်ချန်မှ ပင့်ဆောင်လာခဲ့သဖြင့် သူ လေးလေးနက်နက် မတွေးခဲ့ခြင်းဖြစ်သည်။သို့ရာတွင် သူပြန်တွေးကြည့်သောအခါ သူမစကားတွင် ဟာပေါက်များ တွေ့နေရသည်။

ထို့အပြင် ဆောင်ကြာမြိုင် ဝင်စီးခံရချိန်တွင် သူ၏ ဦးလေးတော်မှာ ထိုနေရာတွင်ရှိနေသည်။

ချန်ချူးယွီသာ ထိုအချိန် ထိုနေရာတွင်ရှိနေလျှင် ကျောက်ချန် သူမအား အရှေ့နန်းဆောင်သို့ ပြန်ခေါ်လာသည်မှာ ယုတ္တိရှိသည်။သူမအား ဦးလေးတော်မှ ကယ်ဆယ်ခဲ့ခြင်း ဖြစ်ပေမည်။

သူမ အဖျက်စီးခံရသည်ကို ဦးလေးတော်သိသည်ကို ပြန်ခေါ်လာသည့်အပြင် ကျောက်ချန်အား လိမ်ခိုင်းခဲ့သေးသည်။သူ ဘာတွေ ကြံနေသနည်း။

အဘယ်ကြောင့် ညစ်ပတ်သည့် မိန်းမအား သူ့နားတွင်ပြန်နေစေကာ ဆက်၍ အဖော်ပြုစေသနည်း။

သူမသာ ညစ်ပတ်သည့်ရောဂါများ ပါလာခဲ့လျှင် သူလည်း...

“အဲ့လိုလား။ဒီလောက်တောင် သဘောကောင်းတဲ့ သာမန်ပြည်သူ ရှိသေးတာလား။သူတို့ ဘယ်မှာနေသလဲ။သူတို့နေတဲ့နေရာပြောရင် ငါသူတို့ကို ဒီကိုဖိတ်ပြီး သေသေချာချာ ကျေးဇူးတင်လို့ရတာပေါ့”

ချန်ချူးယွီသည် သူမ လက်ဝါးထဲသို့ လက်သည်းစိုက်ထည့်လိုက်သဖြင့် သူမအကြောက်တရားကို မပြသဘဲ ရဲရင့်စွာ ပြောဆိုနိုင်ခြင်းဖြစ်သည်။သူမ တည်ငြိမ်စွာ ပြောဆိုလိုက်သည်။

“အဲ့မိသားစုက မြို့အရှေ့ဘက်မှာ နေပါတယ်။ကျွန်မ ပြန်လာတဲ့နေ့ကပဲ သူတို့ကို ကျေးဇူးတင်ခဲ့ပါတယ်။တကယ့်လို့ မင်းသားကိုယ်တိုင် ကျေးဇူးတင်ချင်တယ်ဆို ကျွန်မ...”

“ချန်ချူးယွီ၊ ဒီကိစ္စက ဒီလောက်အထိ ဖြစ်နေတာတောင် မင်းက လိမ်ဆင် လုပ်ဦးမလို့ပေါ့လေ။ငါ့ကို အရူးများထင်နေတာလား”

ချန်ချူးယွီ ချွေးစေးပြန်သွားသလို့ သူမဘေးတွင်ရှိသော မေလေးသည်လည်း ကြောက်လန့်တုန်ယင်သွားသည်။

“သေချာ စဉ်းစားတော်မူပါ မင်းသား။ကျွန်မ မင်းသားကို သစ္စာမဖောက်ပါဘူး။တစ်ယောက်ယောက်က ကျွန်မကို ချောက်တွန်းတာပါ။”

ချန်ချူးယွီ လေသံမှာ တည်ငြိမ်နေသည်။သူမအသံတွင် တုန်ရီသံ မပါပါ။

“အရှင့်သားက ဉာဏ်ထက်မြက်သူပါ။ကျွန်မ နာမည်မပြောလည်း ဘယ်သူမှန်း အရှင့်သား ရိပ်မိမှာပါ”

“ကျွန်မအစ်ကိုနဲ့ ကျွန်မ ဆက်ဆံရေးမပြေလည်တဲ့အပြင် သူ့ကြောင့်လည်း ချန်မြို့စားအိမ်တော် ချိတ်ပိတ်ခံခဲ့ရတာပါ။ကျွန်မ ကံကောင်းလို့သာ မင်းသားရဲ့စောင့်ရှောက်မှုကြောင့် မပတ်သက်ခံရတာပါ။မနေ့ကပဲ ကျွန်မအစ်ကို အကယ်ခံလိုက်ရတယ်ကြားပြီး ဒီနေ့ကျတော့ ထူးဆန်းတဲ့ စာတစ်စောင် ရောက်လာတယ်ဆိုတော့...”

All Chapters