Chapters

အခန်း ၆၈၅

Vol. 14 Ch. 685

အခန်း ၆၈၅

Vol. 14 Ch. 685

အခန်း ၆၈၅ သူမလုံးဝ အံ့အားသင့်သွားသည်။

ထိုအချိန်တွင် သူမ တိတ်ဆိတ်နေလိုက်သည်။သူမ ဘာကိုဆိုလိုချင်သည်ကို လုံချီ နားလည်မည်ဟု သူမ ယုံကြည်သည်။

သူမထင်သည့်အတိုင်း သူမစကားအပြီး တွင် လုံချီ စိတ်ထဲ၌ အတွေးပေါ်လာသည်ကို တွေ့ရသည်။

“မင်းပြောချင်တာက ချန်ကျူပင်းရဲ့လူတွေက မင်းကို ချောက်ချဖို့ ငါ့စားပွဲဆီ စာလာတင်သွားတယ် ဆိုတာလား”

ချန်ချူးယွီ ခေါင်းခါလိုက်သည်။

“ဒါတော့ ကျွန်မလည်း မသိပါဘူး။အရှေ့နန်းဆောင်ဆိုတာ အစောင့်တွေ ပြည့်နေတာပဲလေ။အစောင့်တွေ မသိဘဲ မင်းသားစားပွဲခုံဆီ စာလာတင်ဖို့ဆိုတာ လွယ်တဲ့ကိစ္စတော့ မဟုတ်ဘူး။”

လုံချီ မျက်လုံးများ မှေးသွားသည်။

“ချန်ကျူပင်းက အတွင်းကနေ ကူနေတဲ့သူ ရှိတယ် ပြောချင်တာလား”

ချန်ချူးယွီ ခေါင်းခါလိုက်သည်။

ချန်ကျူပင နှင့် လုယွင်ရွှမ်းမှာ နီးစပ်သော်လည်း ဘယ်သောအခါမှ စည်းမကျော်တတ်ကြပါ။ထို့အပြင် ချန်ကျူပင်းသည် လုယွင်ရွှမ်းအတွက် အများကြီး ပေးဆပ်ခဲ့သူဖြစ်သည်။သူနှင့် လုယွင်ရွှမ်းတို့ မပတ်သက်စေရန် ဆောင်ကြာမြိုင်ကိစ္စတွင် ခေါင်းခံခဲ့သည်။

ချန်ချူးယွီသာ ထိုနေရာတွင် အနေကြာခဲ့လျှင် ပြည့်တန်ဆာအဖြစ် ပြန်ပေးဆွဲခံခဲ့ရခြင်းဖြစ်လိမ့်မည်။

ချန်ချူးယွီမှာ နန်းတွင်းသို့ လက်ထပ်ဝင်ရောက်ထားသဖြင့် ထွက်ရန် ခက်ခဲနေပြီဖြစ်သည်။ချန်ကျူပင်းသူမအား မည်မျှပင် မလိုမုန်းထားသည်ဖြစ်စေ၊ဤနည်းဖြင့် သူမ နစ်နာအောင် လုပ်ရန် မလိုပါ။

ချန်ကျူပင်းသည် လုယွင်ရွှမ်း၏ အမိန့်ကို အမြဲတစေ လိုက်နာခဲ့သည်။ချန်ချူးယွီသာလျှင် ဆောင်ကြာမြိုင် ပို့ခံခဲ့ရပါက လုယွင်ရွှမ်း၏ အမိန့်ကြောင့်သာလျှင် ဖြစ်မည်။

လုယွင်ရွှမ်း အဘယ်ကြောင့် ဤသို့လုပ်ရမှန်း သူ နားလည်သွားသည်။

လုယွင်ရွှမ်း မည်မျှပင် မလိုမုန်းထားစေကာမူ ဤကဲ့သို့ သူမ မပြုမူခဲ့သင့်ပေ။သူ၏ ဂုဏ်သိက္ခာကို ထည့်မစဉ်းစားသည်လော။

ချန်ချူးယွီ ခေါင်းမဖော်ရဲသော်လည်း သူမစိတ်ထဲတွင် အရင်ကထက် တည်ငြိမ်လာသည်။

အိမ်ရှေ့စံသည် သူမအား ရန်ပြုမည်မဟုတ်ဟု ယုံကြည်သည်။သူမသည် သူ၏ရင်သွေးအား လွယ်ထားရသူဖြစ်သည်။

အရင်ကဆိုလျှင် သူမ ထိုလောက်ထိ ယုံကြည်မှု ရှိမည်မဟုတ်ပါ။သို့ရာတွင် အိမ်ရှေ့စံ မစွမ်းဆောင်နိုင်သည့် သတင်းကြားရပြီးနောက် သူမ ယုံကြည်မှု များ ပို၍ မြင့်တက်လာခဲ့သည်။

အိမ်ရှေ့စံသာ မကုသနိုင်ခဲ့လျှင် သူမဗိုက်ထဲမှ ကလေးမှာ သူ၏ တစ်ဦးတည်းသော ရင်သွေးသာ ဖြစ်နိုင်သည်။

ထိုအတွေးကြောင့် သူမ စိတ်သက်သာရာ ရသွားကာ သက်ပြင်းချလိုက်သည်။

မင်းကြီးမှ သူမအား လူလွှတ်၍ သတိပေးခဲ့သည်မှာ သူမ ကံကောင်းခြင်းဖြစ်သည်။ထို့ကြောင့် သူမ ပြင်ဆင်ချိန် ရခဲ့သဖြင့် အိမ်ရှေ့စံ အတင်းဝင်ရောက်စစ်မေးချိန်တွင် သူမ ဟန်မပျက်ခြင်း ဖြစ်သည်။

သူမ ထင်သည့်အတိုင်း လုံချီသည် သူမအား မေးခွန်းများဆက်တိုက် မေးနေသည်။

လုံချီ ခေတ္တ တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်သည်။

“ဒီနေ့ကစပြီး မင်းအခန်းထဲမှာပဲ မင်းနေရမယ်။မင်း မီးဖွားတဲ့ အချိန်ထိ ငါ့အမိန့် မပါမချင်း မင်း ခြံဝန်းထဲကနေ ဘယ်မှ မသွားရဘူး။”

ထိုစကားကြားသဖြင့် ချန်ချူးယွီ ကျောချမ်းသွားရသည်။

သူမ ဉာဏ်တုံးသူ မဟုတ်ပါ။မင်းသားမှ သူမအား ကြီးလေးသော အပြစ်မပေးသော်လည်း သူမ ထိုဆောင်ကြာမြိုင်တွင် ယောကျ်ားများကို ပြုစုခဲ့သည်ဟု သူယုံကြည်နေသည်။သူမ အသက်ရှင်နေသည်မှာ ဗိုက်ထဲမှ ကလေးကြောင့်သာဖြစ်သည်။သူမသာ မီးဖွားပြီးပါက သေမင်းမှာ စောင့်နေမည်ဖြစ်သည်။

သူမအား မမြင်ချင်တော့ သဖြင့် လုံချီ လှည့်အထွက်တွင် ဆန့်ကျင်ဘက် ခေါင်မိုးပေါ်တွင် ထိုင်နေသူတစ်ဦးကို တွေ့လိုက်ရသည်။

လူငယ်မှ အေးစက်စက်ဖြင့် ကြည့်နေ၍ ဓားတစ်လက်ကိုင်ထားကာ လုံချီမှ သတိပြုမိသည်ကိုပင် အကြည့်မလွှဲသွားပါ။

“အရှင့်သား ဘာများဖြစ်လို့လဲ။ကျွန်မ ပန်းခြံထဲမှာ ရှိနေတုန်း အရှင့်သား မျက်နှာမငြိမ်မသက်နဲ့ ကိုယ်လုပ်တော်ချန်ရဲ့ ခြံဝင်းထဲ ဝင်သွားတာ တွေ့လို့ ကျွန်မ...”

“ဟင်၊ကိုယ်လုပ်တော်ချန်ဘာလို့ မြေကြီးပေါ် ဒူးထောက်နေရတာလဲ။ကိုယ်ဝန်ကြီးနဲ့ ကို ကလေး....”

သူမစကားမဆုံးခင်မှာပင် သူမ အားဖြင့် ပါးရိုက်ခံလိုက်ရသည်။

လုယွင်ရွှမ်း အံ့အားသင့်သွားသည်။သူမ သတိပြန်လည်လာသောအခါ သူမရိုက်ခံလိုက်ရသော ပါးပြင်အား လက်ဖြင့်ဖိကာ လုံချီအား မယုံနိုင်ဟန်ဖြင့် ကြည့်လိုက်သည်။

“အရှင့်သား...”