← Chapters

အခန်း ၆၈၇

Vol. 14 Ch. 687

အခန်း ၆၈၇

Vol. 14 Ch. 687

အခန်း ၆၈၇ ပရိယာယ်များသော မြေခွေးအိုကြီးလုံယန်

သူ၏ ခြောက်သွေ့နေသော နှုတ်ခမ်းများကို သပ်လိုက်သည်။

လုယွင်ရွှမ်းအား သူမ ဂုဏ်ပုဒ်ကို ပြန်ရုတ်သိမ်းပစ်ရန် သူ မတွေးထားခဲ့ပေ။သူကိုယ်တိုင် စိတ်လိုလက်ရ ရွေးခဲ့သူ ဖြစ်သည့်အပြင် သူမကြောင့်လည်း သူ၏နေရာမှာ ခိုင်ခံ့နေခြင်းဖြစ်သည်။

သို့ရာတွင် သူ့ဘက်မှ မလုပ်ချင်ခဲ့လျှင်ပင် ဦးရီတော်အမိန့်အား မနာခံ၍ မရချေ။အနည်းဆုံးတော့ သူနန်းမတက်ခင်အထိ ဦးရီးတော်ကို နာခံရမည်ဖြစ်သည်။

ချူကျီမှာ လုံချီထက်စော၍ တော်ဝင်စာကြည့်ဆောင်သို့ ရောက်နှင့်နေကာ အရှေ့နန်းဆောင်မှ ကိစ္စအကုန်အစင်ကို လုံယန်အား လျှောက်တင်လိုက်သည်။

“ဒါကြောင့် အခု အိမ်ရှေ့စံ ဒီကို ကြွလာနေပါပြီ”

လုံယန် ခေါင်းညိတ်လိုက်ကာ နန်းတွင်းရေးရာမှတ်တမ်းများကို ဆက်လက်ရေးသားနေသည်။

များမကြာမီတွင် လုံချီရောက်ရှိလာကြောင်း ကျောက်ရှန်မှ ကြေညာကာ သူ့အား စာကြည့်ဆောင်အတွင်းသို့ ဝင်ခွင့်ပြုလိုက်သည်။

“ဦးရီးတော်”

လုံယန်မှ မော့၍ပင်မကြည့်ဘဲ အေးဆေးစွာ မေးလိုက်သည်။

လုံချီသည် သူ့အား မျက်စောင်းတစ်ချက်ထိုးကာ တိတ်တခိုး ရွဲ့ပြုံးပြုံးလိုက်သည်။

ဦးရီးတော်မှာ ပရိယာယ်များလှသော မြေးခွေးအိုကြီးဖြစ်သည်။နောက်ကွယ်မှပင် သူ့အား ပြဿနာများ ဖန်တီးကာ ဘာမျှမသိသကဲ့သို့ပင် ဟန်ဆောင်နိုင်နေသေးသည်။ဦးရီးတော်ဆီမှ ထိုသို့ဉာဏ်များမှုကို လုံချီ သင်ယူထားသင့်သည်ဟု တွေးလိုက်သည်။

လုံချီသည် ရှက်ရွံ့သော မျက်နှာထားဖြင့် လျှောက်တင်လိုက်သည်။

“အရှင်မင်းကြီး၊အိမ်ရှေ့စံမင်းသမီးဟာ အရှေ့နန်းဆောင်မှာ စံစားနေသည်မှာ ကြာမြင့်နေပေမဲ့ ကျွန်တော်မျိုးအတွက် ရင်သွေးမဖွားမြင်ပေးနိုင်သေးပါဘူး။အဲ့အပြင် သူမ၏နှလုံးသားမှာ မဲနက်နေပြီးတော့ မောင်းမမိဿံတွေအပေါ် ကြင်နာခြင်းလည်း မရှိပါဘူး။ဒီလိုလူတစ်ယောက်က အိမ်ရှေ့စံမင်းသမီးဂုဏ်ပုဒ်နဲ့ မထိုက်တန်ပါဘူး။ဒါကြောင့် သူမကို အိမ်ရှေ့စံမင်းသမီးရာထူးမှ လျန်တိ (လျန်တိ) အဖြစ် လျှော့ချပြီး သူမအပြစ်တွေကို မြင်လာအောင်လို့ အရှေ့နန်းဆောင်မှ အကျယ်ချုပ်ချထားဖို့ ကျွန်တော်မျိုး တောင်းဆိုပါတယ်”

ထိုစကားကြားသောအခါ လုံယန်သည် လက်ထဲမှ စုတ်တံကိုချကာ စိုးရိမ်ဟန်ဖြင့် မေးလိုက်သည်။

“ဘယ့်နှယ့် ရုတ်တရက်ကြီး အိမ်ရှေ့စံမင်းသမီးကို ရာထူးလျှော့ချချင်ရတာတုန်း။ဒါကလေးကစားစရာမဟုတ်ဘူးနော်။ပြီးတော့ မင်းသမီးက အဲ့လောက် စိတ်ထားမကောင်းဘူးလို့ မကြားမိပါဘူး။မင်းတို့ ရန်ဖြစ်ထားကြတာလား။မင်းက အိမ်ရှေ့စံမင်းသားလေ။ဘယ်နှယ့်ကိုယ့်ဇနီးမယားနဲ့ ပြိုင်ပြီး အမြင်သေးရတာလဲ”

ချိုမြသော သွေးအရသာကို လုံယန်၏ လည်ချောင်းထဲတွင် ခံစားလိုက်ရသည်။သူသာ ကြိုးစား၍ မမျိုချလိုက်ပါက ထိုနေရာတွင်ပင် သူသွေးအန်သွားနိုင်သည်။

‘လုယွင်ရွှမ်းကို ရာထူးလျှော့ချချင်တာ သူ့အကြံလေ။ပြီးတော့ ငါ့ဘာသာ တောင်းဆိုလာအောင် ကြံစည်ခဲ့တာလည်း သူပဲ’

သို့ရာတွင် ဦးရီးတော်မှ ဤစကားများ အဘယ်ကြောင့် ပြောနေရသနည်း။

ကလေးကစားစရာနှင့် ဇနီးသည်၏အမြင်သေးပုံတို့မှာ မည်သည့်အဓိပ္ပာယ်ကို ဆောင်နေသနည်း။

လုံချီသည် လည်ချောင်းထဲမှ သွေးအရသာကို မျိုသိပ်ကာ တလေးတစား လျှောက်တင်လိုက်သည်။

“မင်းကြီး၊ကျွန်တော်မျိုး ဆုံးဖြတ်ပြီးပါပြီ။လိုက်လျောပေးတော်မူပါ။

“အဘွားတော် ဒီကိစ္စကို သိဖို့ မလိုအပ်ပါဘူး။လုယွင်ရွှမ်းရဲ့ စိတ်ထားကို သည်းမခံနိုင်တော့လို့ သူမရဲ့ အိမ်ရှေ့စံမင်းသမီးဂုဏ်ပုဒ်ကို ဖယ်ရှားချင်တာ ကျွန်တော်မျိုးပါပဲ။အိမ်ရှေ့စံမင်းသမီးဂုဏ်ပုဒ်က ထက်မြက်ပြီး စာရိတ္တကောင်းတဲ့အပြင် ဖြောင့်မတ်တဲ့ သူနဲ့သာ ထိုက်တန်ပါတယ်”

“အိမ်ရှေ့စံမင်းသမီးက စိတ်ထားမကောင်းမွန်ဘူးဆိုတော့လည်း မင်း သည်းခံစရာ မလိုတော့ပါဘူး။မင်းရဲ့ တောင်းဆိုချက်ကို လိုက်လျောလိုက်မယ်။ လုယွင်ရွှမ်းဆီက အိမ်ရှေ့စံမင်းသမီးဂုဏ်ပုဒ်ကို ရုတ်သိမ်းပြီး လျန်တိအဖြစ် လျှော့ချစေ”

လုံချီမှာ ဝမ်းသာဟန်ပေါ်နေသော်လည်း အတွင်း၌မူ မကျေနပ်ဖြစ်နေသည်။

မကြာမီတွင် လုံချီတစ်ယောက် တော်ဝင်ပြန်တမ်းကို ကိုင်လျက် အရှေ့နန်းတောင်သို့ ပြန်ရောက်လာသည်။

ဦးရီးတော်မှာ ဉာဏ်များသော မြေခွေးအိုကြီး ဖြစ်သည်။လုယွင်ရွှမ်း၏ဂုဏ်ပုဒ်အား ရုတ်သိမ်းချင်သည်မှာ သူဖြစ်သော်လည်း ပြန်တမ်းတွင်မူ အိမ်ရှေ့စံမင်းသားမှာ မင်းသမီးကို သည်းမခံနိုင်တော့သဖြင့် လုယွင်ရွှမ်းမှာ ဂုဏ်ပုဒ်ရုတ်သိမ်းခံရကာ လျန်တိအဖြစ် လျှော့ချခံရကြောင်း ရေးသားထားသည်။

ကံကြမ္မာက သူ့အား အရွဲ့တိုက်သည်ဟု လုံချီထင်လိုက်သည်။လုယွင်ရွှမ်းကိစ္စတွင် လုလျန့်ဝေ မပတ်သက်စေရန် မင်းကြီးမှ သူ့အား ထောင်ချောက်ဆင်လိုက်ဟန်ရသည်။

လုယွင်ရွှမ်းအား ဂုဏ်ပုဒ်လျှော့ချလိုက်သူမှာ လုံချီဖြစ်သဖြင့် လုယွင်ရွှမ်း၏ စာရိတ္တကို မည်သူမျှ မေးခွန်းထုတ်မည်မဟုတ်ပါ။သို့ဖြစ်၍ လုလျန်ဝေကိုလည်း မည်သူမျှ အတူတူထင်မည် မဟုတ်ပေ။

လုယွင်ရွှမ်းမှာ တော်ဝင်ပြန်တမ်းကို ဖတ်ရှုလိုက်ရသောအခါ ချက်ချင်းပင် မေ့လဲသွားသဖြင့် အရှေ့နန်းဆောင် တစ်ခုလုံး ရုန်းရင်းဆန်ခတ် ဖြစ်သွားရသည်။

လုံချီမှာ သတိမေ့နေသော လုယွင်ရွှမ်းကို ကြည့်ကာ လှည့်ထွက်သွားတော့သည်။

သမားတော်ဖြင့် ပြသပြီးနောက် လုယွင်ရွှမ်း ပြန်လည် သတိရလာသည်။သို့သော် သူမစံစားနေကျ ပင်မခြံဝန်းမှ ရွှေ့ပြောင်းခံလိုက်ရကာ အနောက်ဘက်ခြံဝန်းသို့ ရောက်သွားကြောင်း သိလိုက်ရသည်။

All Chapters