Chapters

အခန်း ၆၈၉

Vol. 14 Ch. 689

အခန်း ၆၈၉

Vol. 14 Ch. 689

အခန်း ၆၈၉ ညတာရှည်

သူ၏အနမ်းမိုးများအောက်တွင် လုလျန့်ဝေ ကျရှုံးသွားကာ စဉ်းစားနိုင်စွမ်း ပျောက်ဆုံးသွားသည်။နှစ်ယောက်သား၏ နှုတ်ခမ်းများ ထိစပ်နေစဉ်တွင်ပင် သူမကိုယ်ခန္ဓာ မြင့်တက်သွားသည်ကို ခံစားမိလိုက်သည်။

သူမ မိန်းမောနေရာမှ ပြန်လည်အသိဝင်လာချိန်တွင် သူမ၏ကျောပြင်မှာ နူးညံ့အိပ်ရာပေါ်တွင် လဲလျောင်းနေပြီးဖြစ်၍ လုံယန်မှ သူမအား သိမ်မွေ့သော အသံအက်အက်ဖြင့် ပြောလိုက်သည့်အသံကို ကြားလိုက်ရသည်။

“ကိုယ့်ကို ဖက်ထားပေး ဝေဝေ”

သူမ စိတ်လိုလက်ရပင် သူ့အား သိုင်းဖက်လိုက်သည်။

ညတာမှာ အလွန်ပင် ရှည်နိုင်သည်။

အကြိမ်အနည်းငယ်ပြီးသည့်နောက် လုလျန့်ဝေ အားပြတ်သွားသည်။သူမ၏ရှည်လျားသေးသွယ်သော ခြေတံများမှာ သူ၏ခါးကို ဖက်တွယ်ထားရာမှ လျှောကျလာကာ သူမ အိပ်မောကျသွားတော့သည်။

လုံယန်သည် သူ၏ဆန္ဒပြည့်ဝသွားသော်လည်း သူ၏အောက်တွင် လဲလျောင်းနေသော ရှည်လျားရှုပ်ထွေးကာ ချွေးများဖြင့်စိုစွတ် နေသည့်ဆံပင်ပိုင်ရှင် မိန်းမပျိုလေးအား ကြည့်ရင်း သနားစိတ်ဝင်လာမိသည်။

သူမ၏ နဖူးပေါ်သို့ သူငုံ့ကာ အနမ်းပေးလိုက်ပြီးနောက် သူမအား ထွေးပွေ့ကာ အိပ်ပျော်သွားသည်။

လုလျန့်ဝေ နိုးထလာချိန်တွင် အခန်းအပြင်ဘက်၌ တိတ်ဆိတ်နေသည်။အပ်သံမျှပင် မကြားရသဖြင့် သူမ အထူးအဆန်းဖြစ်နေသည်။

ပြတင်းပေါက်အပြင်သို့ သူမကြည့်လိုက်သောအခါ နေပင်မြင့်နေပြီဖြစ်သည်။ဤအချိန်ဆိုလျှင် အပြင်ဘက်၌ အလုပ်များနေသင့်ပြီဖြစ်သော်လည်း ဘဝင်မကျစရာ တိတ်ဆိတ်လွန်းနေသည်။

သူမ တံခါးဖွင့်လိုက်ချိန်တွင် အပြင်ဘက်၌ အစေခံများ တိတ်တဆိတ်ဖြင့်ပင် အလုပ်ရှုပ်နေကြသည်ကို အံ့အားသင့်ဖွယ် တွေ့လိုက်ရသည်။

အပြင်တွင် လူတစ်ယောက်မျှမရှိဟု ထင်ခဲ့သဖြင့် အစေခံများမှာ အသံမထွက်စေရန် ကြိုးစားအလုပ်လုပ်နေပုံကို သူမ မမျှော်လင့်ခဲ့မိပေ။

သူမတံခါးဖွင့်သံကြောင့် လူတိုင်းမှ လုပ်လက်စများရပ်ကာ သူမထံ ဝိုင်းကြည့်နေကြသည်။

ကျူးယွီမှ ဝမ်းသာစွာ ပြုံးကာ ပြန်လျှောက်တင်လိုက်သည်။

“ဘာမှမလုပ်ပါဘူး။ဒီမနက် မင်းကြီး ထွက်သွားတုန်းက သခင်မလေး အနားယူနေတာကို မနှောင့်ယှက်မိစေဖို့ အမိန့်ပေးတာလို့ တစ်ယောက်မှ အသံမထွက်စေဘဲ အလုပ်လုပ်ခိုင်းထားပါ။ဘယ်လိုနေလဲ သခင်မလေး။ညက ကောင်းကောင်း အိပ်ပျော်ပါရဲ့လား”

လုံယန်၏ အမိန့်ကြောင့် လူတိုင်းတိတ်ဆိတ်နေခြင်းဖြစ်ကြောင်း ကြားလိုက်သဖြင့် မနေ့ညမှ အဖြစ်အပျက်များအား လုလျန်ဝေ မှတ်မိသွားကာ သူမမျက်နှာ နီရဲပူလောင်လာသည်။

မင်းကြီးမှာ သက်လုံအားအလွန်ကောင်းမွန်ပြီး အကြိမ်များစွာတိုင်အောင် စိတ်ဆန္ဒ မပြည့်ဝသေးသဖြင့် သူမ အကြိမ်အနည်းငယ် ဖြည့်စည်းပေးသော်လည်း နောက်ဆုံးတွင် အားပြတ်ကာ အိပ်ပျော်သွားရသည်။

ကျူးယွီမှ သူမအား တိတ်တဆိတ်ကြည့်လိုက်ကာ ဂရုတစိုက်ဖြင့် မေးလိုက်သည်။

“သခင်မလေး ဗိုက်ဆာနေမှာပေါ့။ကျွန်မ တော်ဝင်စားဖိုဆောင်ကို ပွဲတော်ပြင်ခိုင်းထားပါတယ်။ရေချိုးသန့်စင်လိုက်ပါဦး။မကြာခင် ပွဲတော်တည်လို့ရမှာပါ”

လုလျန်ဝေ ခေါင်းညိတ်ကာ ရေချိုးရန် စီစဉ်တော့မည့် ကျူးယွီအား မေးလိုက်သည်။

ကျူးယွီ ခြေလှမ်းများရပ်၍ သူမဘက်သို့ အားနာဟန် လှည့်ကြည့်လာသည်။

“သခင်မလေး အချိန်မသိသေးဘူးထင်တယ်။မင်းကြီး မနက်စာ သုံးဆောင်ပြီးလို့ အခုဆို စာကြည့်ခန်းထဲမှာ ကိစ္စရေးရာတွေ စီမံခန့်ခွဲနေလောက်ပြီ။သခင်မလေး မနက်စာ သုံးဆောင်ပြီးတာနဲ့ တောင်တန်းအေးတွေဆီ ခရီးထွက်ရမှာပါ”

သူမ အိပ်ရာထနောက်ကျနေမှန်း သိသော်လည်း ထိုမျှ နောက်ကျနေလိမ့်မည်ဟု လုလျန်ဝေ မထင်ခဲ့ပေ။

“ပွဲတော်တွေ ဒီကိုလာ မပို့နဲ့တော့။အဆာပြေစာတွေပဲ ထုတ်ပိုးထားလိုက်တာ အဆင်ပြေမယ်။ငါသွားရင်းနဲ့ လှည်းပေါ်မှာ စားသွားလိုက်မယ်”

သူမ ညွှန်ကြားပြီးနောက် အခန်းထဲသို့ ပြန်ဝင်ကာ ဆေးကြောသန့်စင်လိုက်သည်။

ဆောင်းဦးအမဲလိုက်ပွဲအတွက် သူမ မနက်အစောကပင် ခရီးထွက်သင့်နေပြီ ဖြစ်သော်လည်း နောက်ကျနေသည်အထိတိုင်အောင် နန်းတွင်းမှပင် မထွက်ရသေးချေ။သူမ မဆင်မခြင်ပြုမိနေသည်။

သူမ မနိုးသေးသဖြင့် လုံယန်မှ ခရီးစဉ်ကို နောက်သို့ ရွှေ့လိုက်မည်လား။

သူမ ဆံပင်နှင့် အလှပြင်ရန် ၁၅ မိနစ်သာ ကြာလိုက်သည်။

လုလျန့်ဝေ ထွက်လာသည်ကို ကြည့်ကာ ရှုဖေးကြင်ရာတော်၏ မျက်လုံး၌ ထူးဆန်းသော အကြည့်များ ပေါ်လာသည်။သူမသည် လုလျန့်ဝေ၏ ဆံပင်အား ငေးကြည့်ပြီးနောက် လာရောက်နှုတ်ဆက်လိုက်သည်။

“ကျန်းခန့်သာလို့မာပါစေ၊မိဖုရားကြီး”