အခန်း ၆၉၀
Vol. 14 Ch. 690
အခန်း ၆၉၀ မင်းကြီးနဲ့ မိဖုရားကြီး ဘာများ ကြံစည်နေပါလိမ့်
လုလျန့်ဝေ ခြေလှမ်းများ တန့်သွားလေသည်။ ရှုဖေးမှာလည်း မင်းကြီး၏မောင်းမမိဿံတစ်ပါးဖြစ်သဖြင့် ဆောင်းဦး အမဲလိုက်ပွဲကို တက်ရောက်ရမည်ဖြစ်ကြောင်း နားလည်လိုက်သည်။
ထိုသည်မှာ လုံယန်မဟုတ်ဘဲ မယ်တော်ကြီး၏ အမိန့်ပင်ဖြစ်သည်။
မယ်တော်ကြီးသည် နန်းဆောင်စီရင်ရေးမှူး ချင်းကို လွှတ်ကာ လုလျန့်ဝေကိုအသိပေး”သင်ကြား”ခိုင်းလိုက်သည်။
ဆောင်းဦးအမဲလိုက်ပွဲသည် တော်ဝင်မိသားစုများ၏ နှစ်စဉ်ပွဲတော်ဖြစ်သည်။ရှေးကာလကပင် မောင်းမမိဿံများပါ လိုက်ပါရသော ဓလေ့ရှိခဲ့ပြီး ယခုထိ လက်ဆင့်ကမ်းလာကြခြင်းဖြစ်သည်။
ဤသည်မှာ လုလျန့်ဝေမှ သူမမိဖုရားဂုဏ်ကိုသုံး၍ အခြားကြင်ရာတော်များအား မတက်ခိုင်းမည့်ဟန်နှင့် ပြောဆိုနေခြင်းဖြစ်သည်။
ယခုတလော မယ်တော်ကြီး လုပ်စရာမရှိ ဖြစ်နေဟန်တူသည်။လုံယန်မှ သူမအား လေးစားသမှုဖြင့် မယ်တော်ကြီးဟု သာ ခေါ်ခြင်းဖြစ်၍ မင်းကြီး၏ မောင်းမမိဿံများရေးရာတွင် ဝင်မစွက်ဖက်သင့်ချေ။
လုလျန့်ဝေ လှောင်ပြုံးပြုံးလိုက်သည်။မယ်တော်ကြီး၏ ဆုံးမစကားများမှာ သူမအပေါ် သက်ရောက်မှု မရှိပေ။
ရှုဖေး မတ်တပ်ရပ်လိုက်ကာ သူမရှေ့မှ ကောင်မလေးကို ကြည့်လိုက်သည်။လုလျန့်ဝေအား သူမ လုံးဝ မလေးစားသော်လည်း ယနေ့ လုလျန့်ဝေ၏ ရုပ်သွင်မှာ လန်းဆန်းနေသည်ဟု သူမ ချီးကျူးမိသည်။ထိုအခြင်းအရာမှာ သူမမျက်နှာကြောင့် မဟုတ်ဘဲ သူမ၏ရောင်ဝါကြောင့်ပင်ဖြစ်သည်။
လုလျန့်ဝေ တကယ်လည်း များများစားစား မဝတ်စားခဲ့ပေ။အချိန်ကို သတိပြုနေရသဖြင့် သူမဆံပင်အား ဆံထုံးထုံးရုံသာ ထုံးခဲ့သည်။အမဲလိုက်ပွဲတော်ဖြစ်သဖြင့် အနည်းငယ် တင်းတင်းကျပ်ကျပ်ရှိ၍ လှုပ်ရှားရလွယ်မည့် အဝတ်အစားကိုသာ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
သူမ၏အဝတ်မှာ အစိမ်းဖျော့ရောင်ဖြစ်၍ သူမ၏ သန့်စင်ထားသောရုပ်ရည်နှင့် ဆံထုံးတို့ဖြင့် ပေါင်းစပ်လိုက်သည့်အခါ အလှပြင်စရာပင် သိပ်မလိုဘဲ အခြားသူများ၏ အကြည့်ကို ဖမ်းစားထားနိုင်ခဲ့သည်။
သူတို့ ရောက်သွားချိန်တွင် လုံယန်သည် စာကြည့်ဆောင်အတွင်း၌သာရှိသေးသည်။
လုလျန့်ဝေ အနည်းငယ် တွေးပြီးနောက် အတိုင်းသား ဝင်ချသွားသည်။
သူတို့ စာကြည့်ဆောင်ရှေ့ရောက်ကတည်းကပင် ရှုဖေးသည် ခြေလှမ်းများရပ်ထားခဲ့သည်။မင်းကြီး၏ စည်းမျဉ်းကို သူမ ကောင်းကောင်းသိသည်။ကြင်ရာတော်များ စည်းကျော်သည်ကို သူ အလွန် မနှစ်သက်ပေ။
ထို့ကြောင့် မည်သူမျှ သတိပေးစရာမလိုဘဲ သူမ၏အလေ့အကျင့်အတိုင်း ရပ်နေခြင်းဖြစ်သည်။
သို့ရာတွင် လုလျန့်ဝေမှာ ဆင့်ခေါ်ခြင်းမခံရဘဲ စာကြည့်ဆောင်အတွင်းသို့ အတိုင်းသား ဝင်ချသွားသည်ကို အံ့အားသင့်ဖွယ် တွေ့လိုက်ရသည်။
လုလျန့်ဝေမှာ မင်းကြီးမှ အလိုလိုက်မြှောက်စားသဖြင့် ဘဝင်လေဟပ်နေပုံရသည်။သူမနေရာကို သူမမေ့လျက် ဆင့်ခေါ်ခြင်းမခံရဘဲ စာကြည့်ဆောင်အတွင်းသို့ ဝင်သွားခဲ့သည်။
ခဏနေလျှင် လုလျန့်ဝေအား မင်းကြီးမှ ကန်ထုတ်လိမ့်မည်။
သို့ရာတွင် အချိန်အနည်းငယ်ကြာသည့်တိုင်အောင် မင်းကြီးမှ မည်သူ့ကိုမျှ ကန်မထုတ်သလို ဝင်သွားသော လုလျန်ဝေမှာ လည်း ပြန်ပေါ်မလာသေးချေ။
မဖြစ်နိုင်ပါ။မင်းကြီးသည် ယခုအထိ လုလျန်ဝေကို ချစ်ခင်မြတ်နိုးနေသော်လည်း လုပ်သင့် မလုပ်သင့်ကို ခွဲခြားသတ်မှတ်တတ်သောသူဖြစ်သည်။သူတိုင်းပြည်ရေးဆောင်ရွက်နေချိန် ဘယ်မိဖုရား ဘယ်ကြင်ရာတော်မှ နှောင့်ယှက်ခံမည် မဟုတ်ပေ။
ရှုဖေးမှာ သူမလက်ထဲမှ လက်ကိုင်ပုဝါကို ဆုပ်ကိုင်လိုက်သည်။သူမ အခန်းထဲဝင်သွားကာ မင်းကြီးနှင့် မိဖုရားကြီး ဘာတွေလုပ်နေသည်ကို သူမ ကြည့်ချင်မိသည်။
သူမစောင့်နေသည်မှာ သက်တမ်းတစ်ခုကြာသည်အထိ ခံစားရချိန်တွင်မှ မင်းကြီးနှင့် မိဖုရားကြီးတို့ ထွက်လာကြသည်။
သူတို့နှစ်ယောက် အခန်းထဲမှ ထွက်လာချိန်တွင် လုလျန့်ဝေ၏ နှုတ်ခမ်းများမှာ ပိုမိုနီရဲကာ ဖောင်းကြွနေသည်ကို သတိထားမိလိုက်သည်။
သူမ အပြင်၌ ရပ်စောင့်နေစဉ် မင်းနှစ်ပါးမှာ ချစ်ကြည်နူးနေကြဟန်ရှိသည်။
မင်းကြီးသည် စည်းကမ်းအလွန်တင်းကျပ်သူဖြစ်သည်။ထိုကဲ့သို့သော မသင့်တော်သည့် အပြုအမူမျိုးကို လုပ်မည်မဟုတ်ပါ။လုလျန့်ဝေကသာ မင်းကြီးကို အရှက်မရှိ မြှူဆွယ်လိုက်၍ ဖြစ်ရမည်။
“နှုတ်ခွန်းဆက်ပါတယ် မင်းကြီး”
သူမ အတွေးများ ပြန်လည်စုစည်းကာ သူမဆီသို့ လာနေသော လုံယန်ကို နှုတ်ဆက်လိုက်သည်။