← Chapters

အခန်း ၆၉၁

Vol. 14 Ch. 691

အခန်း ၆၉၁

Vol. 14 Ch. 691

Chapter 691 မင်းကြီးက သူ့ကိုယ်သူလည်း ပြက်ရယ်ပြုခဲ့သည်

“ထပါလော့ ကြင်ရာတော် ရှုဖေး”

လုံယန်သည် စိတ်ကောင်းဝင်နေဟန်ရှိပြီး ကြင်ရာတော် ရှုဖေးကို ကြည့်ရာ၌ ပုံမှန်ထက်ပို၍ ရင်းနှီးဟန်ပေါ်နေခဲ့သည်။

“ကျေးဇူးကြီးလှပါတယ် မင်းကြီး”

ကြင်ရာတော် ရှုဖေးမှာ ဝမ်းမြောက်ဝမ်းသာဖြစ်နေလေသည်။

သူမသည် နန်းတော်ထဲရှိနေသည်မှာ နှစ်ပေါင်းများစွာ ကြာသည့်တိုင် မင်းကြီး ထိုကဲ့သို့ တစ်စုံတစ်ဦးထံ ရင်းရင်းနှီးနှီး ဆက်ဆံသည်ကို မြင်ခဲလှသည်။

အခုမှာတော့ ဤရင်းနှီးမှုအား သူမအပိုင် ခေါ်နိုင်လေပြီ။

လုံယန် စိတ်ကောင်းဝင်နေချိန် ဖြစ်သည့်အလျောက် ကြင်ရာတော်ရှုဖေးအား လက်တွေ့မကျသော မျှော်လင့်ချက်များ ရသွားစေသည်။

သူမသည် သူမရင်ဘက်ပေါ်သို့ လက်တစ်ဖက်တင်ကာ မင်းကြီးနှင့် မိဖုရားနောက်မှ တိတ်ဆိတ်စွာ လိုက်ပါလာခဲ့သည်။

လုလျန့်ဝေသည်လည်း ကြင်ရာတော်ရှုဖေးပေါ် ထားသော လုံယန်၏ သဘောထားကို တွေ့မြင်နေရလေသည်။

သူမကိုယ်တိုင်ကား ထိုကိစ္စကို စိတ်ထဲသိပ်မထားခဲ့။ အဘယ်ကြောင့်ဆိုသော် လုံယန်ကိုယ်တိုင်က သူ့တစ်ဘဝလုံးစာအတွက် အတူဖြတ်သန်းလိုသော မိန်းကလေးမှာ သူမတစ်ယောက်တည်းသာဟု ပြောပြီးသားဖြစ်သည့်ကြောင့်ပင်။ ထို့ကြောင့်ပင် အနောက်နန်းဆောင် တွင်ရှိသော ကိုယ်လုပ်တော်လေးများက လုလျန့်ဝေကို စိတ်အနှောင့်အယှက်မပြုလုပ်နိုင်ခဲ့ခြင်းပင်။

လုံယန်က ဘာလို့ ရုတ်တရက်ကြီး ကြင်ရာတော်ရှုဖေးကို ဒီလောက် ရင်းရင်းနှီးနှီးဆက်ဆံနေတာလဲ။

လုလျန့်ဝေသည် ကြင်ရာတော်ရှုဖေး၏ ဝတ်ရုံနှင် မိတ်ကပ်တို့ကို တစ်ချက်လှမ်း မတိုင်းထွာဘဲ မနေလိုက်နိုင်။

အေးချမ်းတောင်တန်း တွင် ကျင်းပမည့် အမဲလိုက်ပွဲအတွက် ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။ ကြင်ရာတော်ရှုဖေးသည် အရင်အခါများအတိုင်း ပေါ်ပေါ်ထင်ထင် မဝတ်ဆင်လာခဲ့။ သမာရိုးကျဝတ်ရုံတစ်ခုသာ ဝတ်ဆင်ခဲ့ပြီး ပုံမှန်ထက် ငယ်ရွယ်သွက်လက်ဟန် ပေါ်လွင်ခဲ့သည်။

ကြင်ရာတော်ရှုဖေးသည် ရိုးရှင်းသော မိတ်ကပ်သာဆင်မြန်းခဲ့ပြီး သူမ၌ ထင်ဟပ်သော တည်ကြည်ရင့်ကျက်သည့် အသွင်အပြင်သည် လုလျန်ဝေ၌ ထင်ဟပ်သော နူးညံ့ကလေးဆန်သော အသွင်အပြင်နှင့်မတူသည့် မိန်းမဆန်ဆန် ဆွဲဆောင်မှုတစ်ခုရှိလေသည်။

လုလျန့်ဝေသည် အကြည့်မလွှဲသွားခင် ကြင်ရာတော် ရှုဖေးအား နောက်ဆုံးတစ်ချက်ကြည့်လိုက်သည်။

လုံယန်သည် မြင်းလှည်းပေါ်ရောက်သွားသည်နှင့် သူမအား သူ့ပေါင်ပေါ်ထိုင်ရန် ဆွဲခေါ်လိုက်သည်။ သူစကားပြောလိုက်သည်တွင် သူ့နှုတ်ခမ်းများသည် သူမနားရွက်ဖျားများအား လျှပ်တိုက်သွားလေသည်။ သူ၏ နွေးထွေးသော အာငွေ့မှာ သူမနားရွက်ထဲ ထိုးဝင်သွားပြီး လုလျန့်ဝေမှာ တစ်ကိုယ်လုံးအားနည်းသွားသလို ခံစားလိုက်ရသည်။

သို့ရာတွင် သူမသည် အားပြင်းပြင်းဖြင့် ကိုယ့်စိတ်ကိုထိန်း၍ ဖြေလိုက်သည်။

“ကျွန်မလည်း သိချင်တာပဲ အဲ့တာ။ ကြင်ရာတော်ရှုဖေးက ဘာများစိတ်ဝင်စားစရာကောင်းလို့လဲ။”

သူမအား တွေးခေါ်ဆန်ဆန်ကြည့်ရင်းပင် လုံယန်၏ မျက်လုံးများသည် ကျဉ်းကျသွားခဲ့သည်။ ခဏကြာသော် သူ့မျက်နှာပေါ်၌ အပြုံးတစ်ပွင့်ပေါ်လာကာ သူမ၏ မေးစေ့အား စိတ်ကိုင်ထားလိုက်သည်။ သူသည် ခပ်ပြောင်ပြောင်ပင် မေးလိုက်လေသည်။

လုံယန်သည် သူမပြောခဲ့သော လေသံအတိုင်း ပြန်ပြောလိုက်သည်။

“မတိုဘူးလား။ ဒါဆိုဘာလို့ လေထဲ စပျစ်သီးလေးတွေ ချဉ်သွားတဲ့အနံ့ကို ရနေတာပါလိမ့်။ ဒါမှမဟုတ် ကိုယ့်မိဖုရားလေးက ရှလကာရည်ပုလင်းမှောက်ချမိထားသလား။”

လုံယန်သည် စနောက်လိုက်သည်။ တိမ်တွေပေါ်၌ လျှောက်သွားနေခဲ့ရသလိုမျိုး ပေါ့ပါးမြူးပျော်သည့် ခံစားချက်ကိုလည်း ရရှိနေခဲ့သည်။

သူမ သဝန်တိုနေသည်ကို ကြည့်ရသည်မှာ ရှန်တိုင်းပြည်ကြီး နယ်မြေတိုးချဲ့အုပ်ချုပ်နိုင်ခဲ့သည့်အချိန်ထက်ပင် ပို၍ ပျော်ရွှင်ဖွယ်ကောင်းသည်။

လုလျန့်ဝေသည် သူမသဝန်တိုနေသည်ဟု သူစောင်းပြောနေမှန်း နောက်ဆုံး သိလိုက်သည့်အချိန်၌ စိတ်ကောက်သွားလေသည်။ သူမသည် ပါးများကိုဖောင်း၍ ပြောလိုက်သည်။

လုံယန်သည် သူမ မည်မျှ ချစ်ဖို့ကောင်းပုံကိုကြည့်၍ ရွှင်မြူးသွားမိသည်။ သူမနှာခေါင်းဖျားလေးအား သူ့လက်ချောင်းများဖြင့် အသာပွတ်တိုက်လိုက်ပြီး ရွှင်မြူးနေသော စိတ်ဖြင့် ပြောလိုက်သည်

“မင်းရဲ့ ဘယ်မျက်လုံးလေးတွေက ကိုယ်တော် ကြင်ရာတော်ရှုဖေးကို ကြည့်နေတာကို မြင်လိုက်တာလဲ။”

လုလျန့်ဝေက သူမ၏လက်များကို သူ့လည်ပင်းတစ်ဝိုက် ပိုက်လိုက်သည်။

“မျက်လုံးနှစ်လုံးလုံးနဲ့ တွေ့ခဲ့တာပါနော်။ သူ့ကို တွေ့ပြီး ဝမ်းသာနေတာ မင်းကြီးက”

လုံယန်သည် အနည်းငယ် ဆိုးသွမ်းစိတ်ပေါ်လာခဲ့သည်။

“အဘွားအိုကြီးကို ကြည့်ရတာ ဘယ်မှာ ဘာကောင်းလို့လဲ။ မင်း အမြင်မှားတာပဲ ဖြစ်မယ်။”

ထိုသို့ပြောသည်မှာ ကောင်းလှသည်ဟု မဆိုနိုင်သော်လည်း မင်းကြီးက ကြင်ရာတော် ရှုဖေးအား အဘွားကြီးအိုကြီးဟု ခေါ်လိုက်သည်တွင် လုလျန့်ဝေလည်း တစ်ချက် ထမရယ်ဘဲ မနေနိုင်ခဲ့ပေ။

မိန်းကလေး၏ လှပသော မျက်နှာလေး အပြုံးလေးတစ်ခုဖြင့် ပွင့်လန်းသွားသည်ကို မြင်လိုက်ရာ၌ လုံယန်၏မျက်လုံးတို့သည် မှောင်မိုက်သွားလေသည်။ သူ့ကိုယ်ထဲ၌ တစ်ခုခုတောက်လောင်နေသည်ကို ခံစားလိုက်ရပြီး သူမ ခေါင်းနောက်မှကိုင်လိုက်ကာ အကြင်နာပေးခဲ့သည်။ သူ့နှလုံးသားပေါ်၌ အမှတ်အသားပြုသွားခဲ့သော ထိုအပြုံးပွင့်လေးပိုင်ရှင် နှုတ်ခမ်းများအား နိုင်စားပြုခဲ့လေသည်။

သိပ်မကြာခင်တွင် လုလျန့်ဝေသည် သူ့လက်မောင်းများပေါ်၌ လဲလျောင်းလျက်ရှိနေခဲ့ပြီး ညည်းတွားနေခဲ့သည်။

“ကြင်ရာတော်ရှုဖေးသာ အဘွားကြီးအိုကြီးဆိုရင် သူ့ထက်အသက်ပိုကြီးတဲ့ မင်းကြီးကော အဘိုးကြီးအိုကြီး ဖြစ်မသွားဘူးလား။”

မင်းကြီးသည် ကြင်ရာတော်ရှုဖေးအား ပြက်ရယ်ပြုခဲ့ပြီး သူ့ကိုယ်သူလည်း ပြက်ရယ်ပြုခဲ့ကြောင်းကား သတိမထားမိချေ။

လုံယန်သည် သူမခေါင်းအား သူ့ရင်ခွင်ထဲ ဖက်ပွေ့လိုက်သည်။

“ခဏနားလိုက်”

“ဟုတ်ပါပြီ”

လုလျန့်ဝေလည်း သူ့ရင်ခွင်ထဲပင် နေသာထိုင်သာရှိသော ပုံစံသို့ ပြောင်းရွှေ့နေလိုက်သည်။

All Chapters