← Chapters

အခန်း ၆၉၂

Vol. 14 Ch. 692

အခန်း ၆၉၂

Vol. 14 Ch. 692

Chapter 692: မလိမ်းမြန်းထားသော်လည်း အထူးပင် ထင်ပေါ်လှပ

ဆောင်းဦးအမဲလိုက်ပွဲသည် တော်ဝင်မိသားစုမှ နှစ်စဉ် ဦးဆောင်ကျင်းပသော ပွဲတော်ဖြစ်သည်။

အဆင့်သုံးနှင့်အထက်ရှိသော ညီလာခံမှူးမတ်များသည် သူတို့မိသားစုနှင့်အတူ အေးချမ်းတောင်တန်း၌ မင်းကြီးနှင့် အတူတကွ အမဲလိုက်ခွင့်ရှိသည်။

မင်းကြီးနှင့် အတူ ပါဝင်ဆောင်ရွက်နိုင်သော အခွင့်အရေးဖြစ်သဖြင့် ညီလာခံမှူးမတ်တို့မှာ ပါဝင်ရန် အားကြိုးမာန်တက်ရှိကြသည်။

ထိုအချိန်တွင် ပါဝင်ယှဉ်ပြိုင်မည့်သူများမှာ နန်းမြို့ရိုးတံခါးရှေ့၌ စောင့်နေခဲ့ကြသည်။ မင်းကြီးနှင့် မိဖုရား၏ မြင်းလှည်း ကြွချီလာသည်ကို မြင်သောအခါ သူတို့အားလုံး ဒူးထောက်ဂါရဝပြုလိုက်ကြသည်။

မြင်းလှည်းထွက်ခွာသွားပြီးမှသာလျှင် မတ်တတ်ပြန်ရပ်ကြသည်။

ထို့နောက် မယ်တော်ကြီးနှင့် ကြင်ရာတော်ရှုဖေးတို့၏ မြင်းလှည်းများ အသီးသီးထွက်ခွာလာကြသည်။ ထို့နောက်တွင်ကား အရှေ့နန်းတော်၏ မြင်းလှည်းထွက်ခွာလာခဲ့သည်။

ထို မြင်းလှည်းအချို့ထွက်ခွာသွားပြီးနောက်မှသာလျှင် ညီလာခံမှူးမတ်တို့လည်း သူတို့၏ မြင်းလှည်းအသီးသီးပေါ်တက်၍ သူတို့နောက်မှလိုက်ကာ အေးချမ်းတောင်တန်းများဆီ ထွက်ခွာသွားလေသည်။

အေးချမ်းတောင်တန်းများသည် တော်ဝင်မြို့တော်မှ သိပ်မဝေး လီ ငါးဆယ်စာ နေရာ၌ တည်ရှိလေသည်။ မနက်က ထွက်ခွာခဲ့သော အဖွဲ့သည် နေ့လည်၌ ရောက်ရှိခဲ့ကြသည်။

အေးချမ်းတောင်တန်းများတွင်ရှိသော ယာယီတော်ဝင်နန်းတော်သို့ရောက်ရှိပြီးနောက် လုလျန့်ဝေသည် မြင်းလှည်း လုံးဝရပ်တန့်သွားပြီးမှသာ လုံယန်နောက်ကလိုက်၍ ထွက်လာခဲ့သည်။

လုံယန်က မြင်းလှည်းပေါ်မှ အရင်ဆုံး ဆင်းထွက်ခဲ့ပြီး ဘေးမှရပ်နေကာ သူမလက်ကို ကိုင်၍ သူမဆင်းသက်သည်ကို ကူပေးနေခဲ့သည်။

သူမ ဆင်းသက်လာသည်နှင့်တစ်ပြိုင်နက် ခေါင်းများအားလုံးက သူမဘက် လှည့်ကြည့်လာကြသည်။

သူမသည် ယခုအချိန်တွင် မင်းကြီး၏ အထူး နှစ်သက်မြတ်နိုးမှုကို ခံနေရသောကြောင့်သာမဟုတ်။

သူမသည် ထိုနေရာတွင် ရပ်သာရပ်နေခဲ့သော်လည်း လူအားလုံး၏ စိတ်ကို ဆွဲဆောင်နိုင်သော ရောင်ဖြာတစ်မျိုးဖြင့် ထွန်းတောက်နေခဲ့လေသည်။

မိဖုရားငယ်၏ လှပလှသော မျက်နှာမှာ မည်သည်မျှ လိမ်းမြန်းထားသည်မရှိသည့်တိုင် အထူးပင် ထင်ပေါ်လှပနေခဲ့သည်။ သူမ၏ သေသပ်ခေတ်ဆန်လှသော ဝတ်ရုံမှာလည်း အမျိူးသမီးတို့အား စိတ်ဝင်တစား ဖြစ်စေခဲ့သည်။

“မိဖုရားရဲ့ ဆံထုံးထုံးဟန်က ထူးခြားလိုက်တာ ကြည့်စမ်း”

“ဟုတ်တယ်နော် ဆံထိုးတွေအဆောင်အယောင်တွေ ဘာမှ မဆင်ထားပေနဲ့ လှနေလိုက်တာ”

အမျိုးသမီးတိုင်း၏ အာရုံသည် လုလျန့်ဝေ၏ ဆံပင်ပုံစံ၌ ရှိနေခဲ့သည်။

ထိုအချိန်မှသာလျှင် ဆံထိုး၊ ဆံညှပ်ကဲ့သို့ အဆောင်အယောင်များ မဝတ်ဆင်ဘဲနှင့် ထင်ပေါ်လှပအောင် နေနိုင်ကြောင်း သိရှိလိုက်ရသည်။

ထို့အပြင် ပုလဲများ ကျောက်များ မသီကုံးထားသော ဦးခေါင်းသည် အလွန်ပင် နေသာထိုင်သာရှိဟန်ပေါ်သည်။

အမဲလိုက်ပွဲတွင် ရှိနေခိုက်ကား ပို၍ပင်သိသာလေသည်။ သူတို့ကိုယ်တိုင်ကား အမဲလိုက်ထွက်ရန် မလိုသော်လည်း အေးချမ်းတောင်တန်းများထိ ထွက်လာသည့်အခိုက် ပွဲအတွက် တစ်ခုခုတော့ ဆင်မြန်းရန် လိုအပ်ခဲ့သည်။

ခေါင်းတစ်လုံးစာအပြည့် အဆောင်အယောင်များ တပ်ဆင်ထားရခြင်းသည် အမှန်ပင် နေရထိုင်ရခက်လှသည်။ မိဖုရားကဲ့သို့ ရိုးရှင်း၍ ထိမိလှသော ဆံပင်ပုံစံစည်းထားနိုင်လျှင် အလွန်ပင် ကောင်းမွန်လှပေမည်။

ထို့နောက်မှသာ မိဖုရားထံသို့ ချဉ်းကပ်ကာ ဆံပင်အား မည်သို့ပြုပြင်လိုက်လဲမေး၍ အတူလိုက်ပြုပြင်ရန် ဆုံးဖြတ်လိုက်ကြသည်။

အလှလေးလင်က မြင်းလှည်းက ထွက်လာပြီးနောက် လုံချီ တမိုင်မိုင်နှင့် ရပ်ကြည့်နေသည်ကို တွေ့လိုက်ရပြီးနောက် အားနွဲ့စွာပင် ခေါ်လိုက်သည်။

အလှလေးလင်သည် ရှက်ရွံ့စွာပင် မြင်းလှည်းပေါ်က ဆင်းလာခဲ့သည်။

သူမသည် အိမ်ရှေ့စံမင်းသား ဆောင်းဦးအမဲလိုက်ပွဲထွက်ရာ၌ အတူလိုက်ပါနိုင်သော အရှေ့နန်းတော်မှ တစ်ဦးတည်းသော ကိုယ်လုပ်တော်ဖြစ်သည်။ အနောက်ဆောင် ထဲမှ အခြားမိန်းကလေးများမှာ သူမထွက်သွားသည်ကိုကြည့်ပြီး မနာလိုမှုများဖြင့် စိမ်းပုတ်နေခဲ့သည်။

အလှလေးလင်သည် ထိုအတွေး၌ တိတ်ဆိတ်စွာ ပီတိဖြစ်နေခဲ့သည်။

အိမ်ရှေ့စံမင်းသမီးသည် တစ်ခုမဟုတ်ချင်းပင် လျန်တိ ရာထူးသို့ ချခံလိုက်ရပြီး အရှေ့နန်းတော်တွင် ပိတ်လှောင်ခံထားရသဖြင့် ဆောင်းဦးအမဲလိုက်ပွဲသို့ လိုက်ခွင့်လည်း မရှိချေ။ သန္ဓေရှိနေသော အလှလေးချန်းမှာကား တစ်စုံတစ်ခုသော အကြောင်းကြောင့်ပင် အိမ်ရှေ့စံက သူမနန်းဆောင်ထဲတွင် အချုပ်ချထားခဲ့ပြီး ဆောင်းဦးအမဲလိုက်ပွဲသို့ မလိုက်နိုင်ခဲ့ပေ။

ဤ အေးချမ်းတောင်တန်းများသို့သွားသော ခရီးသည် သူမ လုံးဝ အရယူမည့် အကြီးဆုံး အခွင့်ကောင်းတစ်ခုဖြစ်သည်။

လုလျန့်ဝေက သူမအား အိုကေ အမှတ်အသား ပြန်ပြလိုက်သည်။

သူမ အမှတ်အသားပြပုံကို မြင်သောအခါ လုံယန်သည် မျက်မှောင်ကြုတ်သွားသော်လည်း ဘာမှ မပြောခဲ့ပေ။

သို့သော် သူတို့အတွက် ပြင်ပေးထားသော နန်းဆောင်ထဲသို့ ဝင်လျှင်ဝင်ခြင်း သူသည် လုလျန့်ဝေအား တံခါးရွက်ဘက် ဖိလိုက်ကာ သူမအား နက်မှောက်၍ နေမသာသော မျက်လုံးများဖြင့် တစ်ချက်ကြည့်လိုက်သည်။ သူ့မျက်နှာမှာကား ပြုံးနေဟန်ပေါ်နေပြီး

“မင်းနဲ့ လင်ချင်းယွမ်ကြားမှာ ဘာတွေ ဖြစ်နေတာလဲ။ တစ်ယောက်ကို တစ်ယောက် လျှို့ဝှက်အမှတ်အသားတွေ ဘာလို့ပြနေကြတာလဲ။ မင်းတို့ နှစ်ယောက်ကြားမှာ တခြားသူတွေ သိလို့မရတဲ့ တစ်ခုခုရှိနေတာလား။”

All Chapters