အခန်း ၆၉၃
Vol. 14 Ch. 693
Chapter 693: မင်းက ကိုယ်တော့် အနောက်နန်းဆောင် ကို ဖျက်သိမ်းစေချင်တာ
လုလျန့်ဝေသည် နားမလည်နိုင်ခဲ့။
“ဘာလျှို့ဝှက်အမှတ်အသားလဲ”
သူမသည် ခေတ္တခဏရပ်တန့်ပြီး သူ့အား သံသယဖြင့်ကြည့်လိုက်သည်။
“မင်းကြီး ဘယ်တုန်းက အမျိုးသမီးကိစ္စတွေထဲ စိတ်ဝင်စားလာခဲ့တာလဲ။”
လုံယန်၏ မျက်လွှာတို့ ကျဉ်းကျသွားသည်။ သူသည် သူမ၏ မေးစေ့ကို မော့စေကာ အောက်ကိုငုံ့၍ အပြစ်ပေးမှုတစ်ခုအနေဖြင့် သူမနှုတ်ခမ်းများကို ကိုက်လိုက်သည်။
“အချင်ယောင်ဆောင်နေတာလား။”
လုလျန့်ဝေသည် နာကျင်မှုကြောင့် ဟစ်ကနဲ အော်မြည်မိသည်။ အကိုက်ခံလိုက်ရသော သူမနှုတ်ခမ်းပေါ်လက်ဖြင့်အုပ်ရင်းပင် အနည်းငယ် စိတ်တိုလာမိသည်။
“အရှင်မင်းကြီး။ အသက်အရွယ်နှင့် မလိုက်ဖက်အောင် ပြုမူနေတယ်နော်။”
“ကိုယ်တော့်အသက်အရွယ်နှင့် မလိုက်ဖက်အောင် ဟုတ်လား။”
လုံယန်သည် သူမအား ခြိမ်းခြောက်ဟန် စိုက်ကြည့်နေခဲ့သည်။
လုလျန့်ဝေသည် အသာပင် လေတစ်ချက်မှုတ်ထုတ်လိုက်ကာ သူ့ထံ ရုတ်တရက် ခုန်အုပ်လိုက်သည်။
မထင်မှတ်ဘဲ ခုန်အုပ်ခံလိုက်ရသဖြင့် သူမအရှိန်ကြောင့် လုံယန်သည် နောက်သို့ ခြေလှမ်းနှစ်လှမ်းဆုတ်သွားမိပြီးမှသာလျှင် မတ်မတ်ပြန်ရပ်နိုင်ခဲ့သည်။
မိန်းကလေး၏ ရည်ရွယ်ချက်များကို မထုတ်ဖော်နိုင်သေးခင်မှာပင် သူလည်ပင်းတစ်ဝိုက် တင်းတင်းပိုက်သွားသော သူမ၏လက်များနှင့် သူ့ခါး၌ ချစ်စဖွယ်ဝိုက်ဖက်ထားသော သူမ၏ သွယ်ပါးလှသည့် ခြေတံများကို ခံစားလိုက်ရသည်။
ထို့နောက်ချက်ချင်းပင် ထိုမိန်းကလေး၏ သစ်ခွပန်းနံ့သင်းနေသော အာငွေ့လေးက သူ့နှာခေါင်းထဲ ပျံ့နှံ့သွားသည်။ သူမျက်လွှာများ ကျဉ်းကျသွားသော်လည်း ချက်ချင်းပင် သူ့နှုတ်ခမ်းပေါ်မှ စူးကနဲ နာကျင်မှုတစ်ခု ခံစားလိုက်ရသည်။
မျက်လုံးကို အောက်ချ၍ကြည့်လိုက်သည့်အချိန်မှာတော့ အော်ရယ်မိမတတ်ပင်။
သူ့ကိုယ်ပေါ်၌ တွယ်ချိတ်ထားသော မိန်းကလေးသည် သူမဒေါသများပုံချနေသည့်အလား သူ့နှုတ်ခမ်းများအား တမူးတမဲ ကိုက်ခဲနေခဲ့သည်။
သူ၏ မှောင်မိုက်နေသောမျက်လုံးများသည် ပို၍ပင် မည်းမှောင်လာခဲ့သည်။
သူမကို လက်တစ်ဖြင့်ပွေ့မထားကာ တစ်ခြားတစ်ဖက်ဖြင့် ခေါင်းအနောက်ကို ဆုပ်ကိုင်လိုက်သည်။ ထိုအခြေအနေ၌ သူ့ထိန်းချုပ်မှုကို ပြန်လည်တည်ထောင်လိုက်ခြင်းပင်။
လုလျန့်ဝေသည် ဒေါသတစ်ပုံကိုက်ခဲပြီးနောက် ရပ်မည်ဟုတွေးထားသော်လည်း သူမ ခွာကို မခွာလိုက်ရသေးခင် လုံယန်၏ ထူးခြားသေား ကိုယ်သင်းရနံ့ကသူမအား ဖုံးအုပ်သွားခဲ့ပြီဖြစ်သည်။
“ကိုယ်တော်က အရွယ်နဲ့မလိုက်အောင် ပြုမူနေတယ်ဆိုရင် မင်းလေးကကော အလိုလိုက်ခံရလွန်းနေပြီမဟုတ်ဘူးလား”
လုလျန့်ဝေသည် အမှန်အတိုင်းပင် ခွန်းတုံ့ပြန်လိုက်သည်။
လုံယန်၏ အကြည့်တို့သည် သူမ၏ နှင်းဆီရောင်သမ်းနေသော နှုတ်ခမ်းလေးများပေါ် ကျရောက်သွားပြီး မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
လုံယန်သည် မနိုင်သည့်အလျောက် ရယ်သာရယ်မိသည်။ ဘယ်လိုလုပ် တူနိုင်မှာလဲ။
သူသည် သူ့အားကို ထိန်းခဲ့သော်လည်း သူမကား သူမသွားများကို ထိုးစိုက်သည်အထိ ကိုက်နေခဲ့သည်။
လုလျန့်ဝေသည် ကိုယ်မှန်သူမှားသဘောထားဖြင့် ပြန်ဖြေလိုက်သည်။
“မင်းကြီးက ယောကျ်ားလေး။ ကျွန်မက မိန်းကလေး။ ယောကျ်ားလေးဆိုတာ မိန်းကလေး အားအများကြီးရှိပြီးသား။ ပြီးတော့ မိန်းကလေးတွေရဲ့အသားအရေက ပိုနူးညံ့တယ်။ မင်းကြီးက အသာကိုက်ရုံနဲ့ ကျွန်မ နာသွားပေမယ့် ကျွန်မ ဘယ်လောက်အားပြင်းပြင်းကိုက်ပစေ မင်းကြီးပေးတဲ့ အနာလောက်တော့ ဘယ်နာပါ့မလဲ။”
လုံယန်သည် သူမ နဖူးအား လက်ဖြင့် တောက်လိုက်သည်။
လုလျန့်ဝေသည် သူ့ထံမှာ စိတ်တိုစွာ ခုန်ဆင်းသွားပြီး မှန်ရှိရာသို့လျှောက်သွားကာ မှန်ထဲက သူမ ပုံရိပ်ယောင်၏ နဖူးကို လက်ညှိုးထိုးပြလိုက်သည်။
“ကြည့်ပါလား။ ဒါသက်သေပဲ။ ကျွန်မပြောတာသာ မမှန်ဘူးဆိုရင် ကျွန်မနဖူးဘာလို့ ဒီလောက်နီနေရတာလဲ။”
“အဲ့တာ မင်းအသားအရေက ပိုဖြူလို့ပါ။ ဒီတိုင်း တိုက်မိရုံနဲ့တင် အမှတ်တွေကျန်နေခဲ့တာ။”
“ကျွန်မက မွေးကတည်းက အသားဖြူခဲ့တာ။ ဒါပေမယ့် ကျွန်မကို ကိုက်လိုက်တာကတော့ မင်းကြီးမှားတာပဲ။”
လုံယန်သည် နောက်ဆုံးတော့ မိန်းကလေးဟူသည် မည်မျှပင် ခေါင်းမာ၍ အလျှော့မပေးနိုင်ကြောင်း လက်တွေ့ကြုံတွေ့လိုက်ရပေသည်။
“ဟုတ်ပါပြီ။ ကိုယ်တော်မှားသွားပါတယ်။ စိတ်ဆိုးပြေအောင် ဘယ်လိုလုပ်ပေးရမလဲ။”
လုံယန်သည် သူမကို ညင်သာစွာပင် ကြည့်လိုက်လေသည်။ သူ့အသံမှာကား နှစ်လိုဖွယ်အပြည့်ဖြင့်။
ထိုနေ့ ကြင်ရာတော်ရှုဖေးက သူမအား နေမထိထိုင်မသာ ဖြစ်ခဲ့စေသည်ကို အမှတ်ရပြီးနောက် လုလျန်ဝေက ထုတ်ပြောမိလိုက်သည်။
“မင်းကြီး ပြစ်ဒဏ်က အနောက်နန်းဆောင် ထဲမှာ မိန်းကလေးဆို ကျွန်မတစ်ယောက်တည်း ရှိနေဖို့ပဲ။ တခြားအရေးမပါတဲ့သူတွေကို ဘယ်လိုလုပ်ရမလဲကတော့ ကိုယ့်ဘာသာကိုယ်ရှင်း။”
လုံယန်၏ နှုတ်ခမ်းထောင့်များသည် အပေါ်သို့တက်သွားခဲ့သည်။
“မင်းက ကိုယ်တော့် အနောက်ဆောင် ကို ဖျက်သိမ်းစေချင်တာလား”
‘မင်းကြီးက ဘယ်လောက်ပဲ မင်းကို နှစ်သက်မြတ်နိုးနေပစေဦးတော့ နင့်အတွက်နဲ့ အနောက်ဆောင် ကို ဖျက်သိမ်းပေးမှာ မဟုတ်ဘူး။”