← Chapters

အခန်း ၆၉၄

Vol. 14 Ch. 694

အခန်း ၆၉၄

Vol. 14 Ch. 694

Chapter 694: အနည်းငယ် စိုးရိမ်သောကရောက်ပြီး နေမထိထိုင်မသာ

ထိုသို့တွေးပြီးနောက် သူမသည် အကြည့်လွှဲလိုက်သည်။

“ဒီတိုင်း ပြောလိုက်တာပါ။ အတည်မယူလိုက်ပါနဲ့ အရှင်မင်းကြီး”

လုံယန်သည် သူမအား သူ့လက်များထဲ ထွေးပိုက်ကာ သူ၏ နက်နဲလှသော မျက်လုံးများဖြင့် ကြည့်နေခဲ့သည်။

“မင်းသာ ဒီည ကိုယ်တော့်ကို ခစားပေးမယ်ဆိုရင် ကိုယ်တော် မင်းပြောတဲ့အတိုင်း အနောက်ဆောင် ကို ဖျက်သိမ်းပေးမယ်။”

လုလျန့်ဝေသည် အံ့အားသင့်သွားခဲ့ပြီး သူမ၏ နှလုံးခုန်နှုန်းများလည်း မြန်လာခဲ့သည်။ တစ်ခဏကြာတွေးပြီးနောက် သူမသည် သူမခေါင်းကို မော့၍ သူ့အား မကြည့်ဘဲ မနေနိုင်ခဲ့ပေ။

သို့သော် သူ၏ ဆာလောင်နေသော အကြည့်တို့ကို ရုတ်တရက်တွေ့လိုက်ရသည့် အချိန်မှာ သူမ တစ်ချက် ရပ်တန့်သွားခဲ့သည်။ တစ်စုံတစ်ခုသော အကြောင်းကြောင့် သူမ စိတ်လှုပ်ရှားပျော်ရွှင်နေရာမှ အနည်းငယ် ငြိမ်သက်သွားခဲ့သည်။

ဧကရာဇ်မင်းကြီးက အမှန်ပဲ ဆောင်ရွက်ပေးလိုတာလား၊ ဒါမှမဟုတ် သူမ စိတ်သက်သာရာရအောင် အဖြစ်ပဲ ပြောနေတာလား။

အမှန်မှာတော့ တခြား တော်ဝင်ကိုယ်လုပ်တော်များအား သူမ အရေးထားနေဖို့ မလိုအပ်ခဲ့ပေ။ အဘယ့်ကြောင့်ဆိုသော် မင်းကြီးသည် သူ့ဘဝ၌ တစ်ဦးတည်းသောမိန်းမမှာ သူမသာ ဖြစ်သည်ဟု ကတိပေးထားပြီးသောကြောင့်ဖြစ်သည်။

ထို့ကြောင့် တော်ဝင်ကိုယ်လုပ်တော်များရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ကိစ္စမရှိခဲ့ပေ။ သူမအပေါ် သက်ရောက်မှုလည်း မရှိနိုင်ခဲ့ပေ။

သို့ရာတွင် ထိုနေ့ မင်းကြီးက ကြင်ရာတော် ရှုဖေးအား ပြုံးပြလိုက်သည်ကို မြင်လိုက်သောအခါ သူမသည် အမှန်က ထိုမျှ ရက်ရက်ရောရော လက်ပိုက်ကြည့်နေနိုင်သူမဟုတ်ကြောင်း သိလိုက်ရသည်။

အရင်က သူမ မစိုးရိမ်ခဲ့သည်မှာ မင်းကြီးနှင့် ကိုယ်လုပ်တော်များအကြား ရင်းရင်းနှီးနှီး ပြောဆိုဆက်ဆံနေပုံများ တစ်ခါမျှ မတွေ့ဖူးသောကြောင့်ပင် စိတ်ထဲတောင် မထားမိခဲ့။

သို့သော် တွေ့လိုက်ရပြီးသည့်နောက်မှာတော့ သူမသည် အနည်းငယ် စိုးရိမ်စိတ်တို့ဝင်လာခဲ့ပြီး နေမထိထိုင်မသာ ဖြစ်လာခဲ့သည်။

သူမ မည်သည်ကိုမျှ မမြင်ခဲ့သည် ရှိစေဦးတော့။ သူမ မကြည့်နေစဉ် အချိန်အတွင်း ထိုနေ့ မနက်က အဖြစ်အပျက်လိုမျိုး နောက်တစ်ကြိမ် ထပ်မဖြစ်နိုင်ဟု မပြောနိုင်ပေ။

ထို့အပြင် တော်ဝင်ကိုယ်လုပ်တော်များသည် အစကတည်းက မင်းကြီးကို ရည်ရွယ်နေကြသူများဖြစ်သည်။ ကောက်ကျစ်သောနည်းလမ်းများဖြင့် သူတို့ ရည်ရွယ်ချက်ဖြစ်မြောက်အောင် ဆောင်ရွက်ကောင်း ဆောင်ရွက်ပေလိမ့်မည်။

သူမသည် ထိုအကြောင်းကို မစဉ်းစားလိုသည့်အလျောက် ခေါင်းကို ခါလိုက်သည်။

သို့သော် မင်းကြီး၏ ကိုယ်လုပ်တော်ဟူသော ရာထူးကို ရယူထားသည့် ထိုမိန်းမများအား သတိထားမိနေသည်မှာ မငြင်းဆန်နိုင်သော အမှန်တရားပင်။

သူတို့ကြားမှာ ထူးထူးခြားခြားဟူ၍ တစ်ခုမှာ မရှိခဲ့ဖူးသော်လည်း သူတို့သည် မင်းကြီး၏ ကိုယ်လုပ်တော်များ ဖြစ်ကြပြီး မည်သည့်အချိန်မဆို အိပ်ခန်းတော်၌ ဝင်ရောက်ခစားရန် ဆင့်ခေါ်ခံရနိုင်သည်။

လုံယန်သည် သူမမျက်နှာပေါ်မှ ပျော်ရွှင်မှုများ ငြိမ်သက်ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသောအခါ သူ့ရင်ခွင်မှာ တင်းကျပ်သွားခဲ့သည်။ သူမမေးစေ့ကို အပေါ်သို့ စောင်းကိုင်လိုက်ပြီး

လုလျန့်ဝေသည် ခေါင်းခါလိုက်ပြီး မင်းကြီး၏ ခါးကို သူမကိုယ်တိုင် သိုင်းဖက်လိုက်သည်။ ထို့နောက် သူမသည် ခြေဖျားလေးများအပေါ်ထောက်ရပ်လိုက်ပြီး သူနားအနားကပ်သွားကာ ညင်သာစွာဖြင့် ပြောလိုက်လေသည်။

“မင်းကြီးကို ခစားဖို့ရာကကျွန်မတာဝန်ပါ။ တခြားဟာတွေနဲ့လဲလှယ်နေဖို့ မလိုပါဘူး။”

သူမစကားများသည် လုံယန်၏ နှလုံးသားချည်မျှင်များကို တုန်လှုပ်သွားစေသည်။ အစွန်းကျော်ထွက်သွားမတတ်ပင်။ သူ့လက်မောင်းများက သူမခါးအား ချုပ်နှောင်ထားလိုက်သည်။ သူ့အသံမှာ မယုံနိုင်ဖွယ် ကြမ်းတမ်းနေခဲ့သည်။

လုလျန့်ဝေ ပြန်ဖြေတော့မည့် အချိန်၌ပင် သူမဗိုက်မှ ဂွီကနဲ မြည်သံတစ်ခု ထွက်လာခဲ့သည်။

နန်းဆောင်ထဲမဝင်ခင်ကတည်းက ဒီမိန်းကလေးကို အစာကျွေးထားခဲ့သင့်ပေသည်။ ထိုမှသာ သူ၏ ဆာလောင်မွတ်သိပ်မှုကိုလည်း မိန်းကလေးက ဖြည့်ဆည်းပေးနိုင်လိမ့်မည်။

အရှုံးပေးလိုက်သည့်ဟန်ဖြင့် သူသည် သူမ၏ ဆံပင်များကို ဖွလိုက်ကာ

လုလျန့်ဝေသည် ရှက်ရှက်ပင် သူမလျှာကို ထုတ်လိုက်သည်။ သူမလည်း အရှိန်ပျက်သွားစေချင်လို့ တမင်လုပ်ခဲ့သည်မဟုတ်။ ထိုနေရာသို့ရောက်လျှင်ရောက်ခြင်း မင်းကြီးက နန်းဆောင်ထဲ ပိတ်ထားခဲ့လိုသာ ဖြစ်သည်။ မဟုတ်ရင် သူမ အဲ့လောက်ကြီး ဗိုက်ဆာနေစရာ အကြောင်းမရှိ။

သူတို့ အဖွဲ့တစ်ဝိုက်မှာ အေးချမ်းတောင်တန်းများသို့ ထိုနေ့မှ ရောက်ခါစ ဖြစ်သောကြောင့် နေ့တစ်ဝက်စာ အနားယူရန်လိုခဲ့သည်။ ထို့နောက်မှသာ ငါးရက်တာကြာမြင့်မည့် အမဲလိုက်ပွဲသည် နောက်တစ်နေ့မှစ၍ စတင်မည်ဖြစ်သည်။

နေ့လည်စာ သုံးဆောင်ပြီးနောက် လုံယန်သည် တစ်ချို့ကိစ္စများကို ကိုင်တွယ်ဖြေရှင်းရန် စာကြည့်ခန်းသို့ ထွက်ခွာသွားခဲ့သည်။ ထို့ကြောင့် လုလျန်ဝေလည်း လင်ချင်းယွမ် နှင့်အတူ အမဲလိုက်ရာ ကွင်းပြင်သို့ သွားခဲ့ကြသည်။

အမဲလိုက်ရာ ကွင်းပြင်မှာ ယာယီနန်းဆောင်နှင့် မဝေးသော နေရာ၌ ရှိပေသည်။ အဝင်ဝ၌ အစောင့်တပ်များရှိနေခဲ့သော်လည်း သူတို့နှစ်ယောက်မှာ အထဲသို့မဝင်ဘဲ အပြင်အနီးတစ်ဝိုက်၌သာ လျှောက်သွားနေခဲ့သည်။

“ဟုတ်တယ်။ အရှေ့နန်းတော်မှာတောင် အကျဉ်းချခံထားရတယ်။ တစ်လတိတိ အဲ့နေရာကနေ ထွက်ခွင့်မရှိဘူး။”

ထိုအရာကို ကြားရာ၌ လင်ချင်းယွမ် သည် စိတ်ကျေနပ်သလို ရွှင်မြူးသွားသည်

“သူ ဘယ်လို ပြဿနာထပ်ရှာမလဲ ကြည့်ကြသေးတာပေါ့။”

All Chapters