Chapters

အခန်း ၆၉၅

Vol. 14 Ch. 695

အခန်း ၆၉၅

Vol. 14 Ch. 695

Chapter 695: သူ့ကို လုံးဝ သင်းကွပ်ပစ်မယ်

လုလျန့်ဝေသည် သူမကို တစ်ချက်လှမ်းကြည့်လိုက်သည်။ သူမ အပျော်ကို ဖျက်ရမှာ တွန့်ဆုတ်ခဲ့သော်လည်း ပြောလိုက်လေသည်။

“အချိန်တစ်ခုကြာပဲ နေမှာ”

လင်ချင်းယွမ် သည် မယုံနိုင်ခဲ့ပေ။

“လျန်တိထိတောင် ရာထူးချခံရပြီးပြီပဲ။ သူ အခုထိ ပြာထဲက ထလာနိုင်ဦးမယ်လို ထင်သလား။”

“လုယွင်ရွှမ်းကို အထင်မသေးလိုက်နဲ့။ စဉ်းစားကြည့်ပါလား။ သူက အိမ်ရှေ့စံမင်းသားပေါ် ဖောက်ပြန်ခဲ့တာလေ။ အဲ့တာတောင် ကြီးလေးတဲ့ အပြစ်ဒဏ်ချမှတ်မခံရဘဲနဲ့ ဘာလို့ရာထူးပဲ အချခံလိုက်ရတာလဲ”

လုလျန့်ဝေသည် သူမကို သတိပေးလိုက်သည်။

လုံချီက လုယွင်ရွှမ်းကို အပြစ်ပေးလိုက်သည်ဆိုသည်မှာလည်း လုံယန်က ဖိအားပေးသောကြောင့်ဆိုသည်မှာ လုံယန်က သူမကို ပြောပြထားပြီးသားဖြစ်သည်။

“အဲ့တော့ အိမ်ရှေ့စံမင်းသားက လုယွင်ရွှမ်းကို လက်မလွှတ်နိုင်ဘူးဆိုတဲ့ သဘောလား။”

“ထင်တာပဲ။ သူကိုယ်တိုင်က လုယွင်ရွှမ်းကို ထိမ်းမြားလက်ထပ်ခွင့်တောင်းခဲ့တာပဲ။ ပြီးတော့ လုယွင်ရွှမ်းကိုယ်တိုင်ကလည်း သူ့အတွက် လျှို့ဝှက်ကိစ္စတွေ အများကြီးလုပ်ပေးဖူးတယ်။ လုယွင်ရွှမ်းသာ သူ့ကလေးမွေးပေးနိုင်မယ်ဆိုရင် သူ့ဂုဏ်ဒြပ်လည်း တက်သွားမှာပဲ။”

လင်ချင်းယွမ် သည် ထိုအရာကို ကြားသောအခါ သူမမျက်လုံးထဲ ထူးဆန်းသော အကြည့်တစ်ခုပေါ်လာပြီး စကားပြောရန် တွန့်ဆုတ်နေဟန်ပေါ်လာခဲ့သည်။

လင်ချင်းယွမ် သည် ဘေးဘီဝဲယာကို သေချာကြည့်လိုက်ပြီး မြင်ကွင်းထဲ မည်သူမျှမရှိကြောင်း သေချာအောင်လုပ်ပြီးနောက် သူမနားအနားကပ်သွားပြီး တိုးတီးပြောလိုက်သည်။

“ဟိုတစ်ခေါက် မြို့စားချန် မိသားစုကို အပြန်နှုတ်ဆက်ဖို့သွားတဲ့အချိန်တုန်းက ချန်ချူးယွီ နဲ့တွေ့ခဲ့တယ်။ သူပြောတာကတော့ အိမ်ရှေ့စံက ဟိုဟာမသန်စွမ်းဘူးတဲ့…”

ထိုအရာကိုကြားသောအခါ လုလျန့်ဝေက သူမကို အံ့အားတကြီးဖြင့် ကြည့်နေခဲ့သည်

လုလျန့်ဝေ၏ နှုတ်ခမ်းဖျားများသည် အောင်နိုင်သူဟန်ဖြင့် အပေါ်သို့ကွေးတက်သွားသည်။

“အဲ့တာဆို အိမ်ရှေ့စံပြန်ကောင်းမလာချင်း လုယွင်ရွှမ်းက အမွေခံကလေးကိုသုံးပြီး နလန်ပြန်ထူလာနိုင်ဖို့တော့ မရှိတော့ဘူးပေါ့”

လင်ချင်းယွမ် က ယုံကြည်ချက်အပြည့်နှင့် ပြောလိုက်သည်။

ချန်ချူးယွီက ဆောင်ကြာမြိုင်ထဲ ထိုလောက်များသော ယောက်ျားလေးများနှင့် အတူနေခဲ့သည့်တိုင် လုံချီက သူ့ကို အလွှတ်ပေးလိုက်သည့် အကြောင်းကို လုလျန်ဝေ နောက်ဆုံးတော့ နားလည်သွားခဲ့သည်။

နားလည်စရာပင် အခုအချိန်တော့ လုံချီသည် သူမကို အန္တရာယ်မဖြစ်စေလိုပေမယ့် ချန်ချူးယွီကလေးမွေးပြီးသွားသည့်နောက်မှာတော့ သူဘာလုပ်မလဲ ဘယ်သူပြောနိုင်မည်နည်း။

ဒီလောက်စိတ်ဝင်စားဖို့ကောင်းတဲ့ သတင်းတွေကို မဝေမျှပေးတာ မင်းကြီးလည်း တော်တော် ကပ်စီးကုတ်တာပဲ။

“ဒါနဲ့ ချန်ကျူပင်းရဲ့ သေဒဏ်ချမှတ်မှုကို ကြည့်ဖို့ သေဒဏ်ပေးရာဌာန သွားကြည့်ခဲ့သေးတယ်မလား။ သူ့ကို ဘယ်သူလုခေါ်သွားလဲသိလား။”

“မသိဘူး။ ဒါပေမယ့် အဲ့လူက အဆိပ်သုံးတာ တော်တော်ကျွမ်းကျင်တယ်။ သေဒဏ်ချမှတ်ဌာနမှာ အစောင့်တွေ တင်းတင်းကျပ်ကျပ်ချထားပေမယ့် လွတ်သွားတာပဲ။”

“ချန်ကျူပင်းအသက်ကလည်း တော်တော်ပြင်းလိုက်တာ။ လွတ်ထွက်သွားရတယ်လို့ ယုံတောင်မယုံနိုင်ဘူး။ ဟင်း…။ နန်းတွင်းညီလာခံအမတ်တွေ မြန်မြန် ပြန်ဖမ်းနိုင်ပြီး သူ့ခေါင်းမြန်မြန်ပြတ်သွားဖို့ပဲ မျှော်လင့်ရတော့မယ်။”

လုလျန့်ဝေသည် တွေဝေစဉ်းစားပြီး အိမ်ပြန်ရောက်သည့်အခါ သူမအမေကို မေးကြည့်မည်ဟု ဆုံးဖြတ်လိုက်သည်။

သူမအမေသည် ကိုယ်ခံပညာ သိုင်းလောကတွင် လည်ပတ်ကျက်စားခဲ့သည်မှာ ကြာမြင့်လှပြီ ဖြစ်သည့်အတွက် ချန်ကျူပငအား မည်သူ လုယူသွားသလဲ သိကောင်းသိနိုင်သည်။

လင်ချင်းယွမ် သည် ချန်ကျူပင်းအား ဆက်လက်ကျိန်ဆိုနေခဲ့သည်။

ထိုအရာကို ကြားသောအခါ လုလျန့်ဝေက သူမကို တစ်ချက် ကြည့်လိုက်ပြီး မနောက်ဘဲ နေနိုင်ခဲ့ပေ

“ချန်ကျူပင်းလည်း စိတ်ပြောင်းသွားပြီး သူ့အချိုးတွေ ပြင်ပြီးတော့ နင့်ဆီ ပြန်လာရင်လာမှာပေါ့။”

ထိတ်လန့်သွားသော လင်ချင်းယွမ် မှာ လက်မောင်းများကို ပွတ်နေရင်း

“ငါ ထင်တာပဲ ရှိတာပါ။ ဒါပေမယ့် ချန်ကျူပင်းက အခု လွတ်နေတာမို့ ဂရုတော့ စိုက်နေဦး”

“ငါ့ရှေ့ သူပြန်လာရဲ လာကြည့်လို့ကတော့ သေချာပေါက်ကို သင်းကွပ်ပစ်ပြီး သေချင်စိတ်ပေါက်သွားအောင် လုပ်ပစ်မယ်။”