အခန်း ၆၉၆
Vol. 14 Ch. 696
အခန်း ၆၉၆ တစ်ယောက်ယောက်၏ သာယာသောအချိန်လေးကို ဖျက််ဆီးလိုက်သည်။
လုလျန့်ဝေ သူမ၏ပခုံးကို အသာပုတ်ပေးလိုက်သည်။
“အဲ့အချိန်ကျရင် လုံးဝ မသနားဘဲ မြန်မြန်နဲ့ ကောင်းကောင်း ပညာပေးလိုက်”
“ဒါပေါ့။အဲ့လို အမှိုက်ထုပ်မျိုးကို သနားစရာကို မလိုတာ”
လင်ချင်းယွမ် ဟွန့်ခနဲ မဲ့ရွဲ့လိုက်သည်။
“ပေါ်လာရဲလို့ကတော့ ရှိသမျှသွား အကုန်ရိုက်ချိုးပစ်မယ်”
လုလျန့်ဝေ သူမကို လက်မထောင်ပြလိုက်သည်။
“အဲ့အချိန်ကို စောင့်နေမယ်နော်”
လင်ချင်းယွမ် မျက်လုံးများပင့်တင်လိုက်သည်။
“ချန်ကျူပင်းဆိုတဲ့ ကောင်က ငအမှ မဟုတ်တာ။ငါ့ဆီ ဘာလို့လာရမှာလဲ။သွားမယ့်သွား၊လုယွင်ရွှမ်း ဆီပဲသွားမှာပေါ့”
ခဏမျှ စကားဆက်ပြောနေကျပြီးနောက် ပြန်ကြရန် ပြင်လိုက်စဉ် သစ်ပင်စုထဲမှ ထူးထူးဆန်းဆန်းအသံများ ကြားလိုက်ရသည်။
သူတို့နောက်မှ ချူကျူကိုကြည့်ကာ လင်ချင်းယွမ် စိတ်လှုပ်ရှားစွာဖြင့် ရုတ်တရက်ပြောလိုက်သည်။
ချူကျူရှိသဖြင့် လင်ချင်းယွမ်မှာ အကြောက်တရားမဲ့နေသည်။
“ချူကျူတာဝန်က ငါ့ကို ကာကွယ်ဖို့လေ။အရေးရယ်အကြောင်းရယ်ဆို နင့်ကို လှည့်ကြည့်မှာတောင် မဟုတ်ဘူး”
လင်ချင်းယွမ်မှာ ပြောစရာစကားမရှိ ဖြစ်နေတော့သည်။သို့ရာတွင် သူမ ထိုမျှ စကားကျွံထားပြီးမှ ယခု နောက်ဆုတ်လိုက်လျှင် သူမ ငကြောက်ဖြစ်သည်ဟု ဝန်ခံသကဲ့သို့ ဖြစ်သွားလိမ့်မည်။
“အမဲလိုက်ကွင်းမှာ ကျားလို သားရဲကြီးတွေ ရှိမယ်လို့တော့ မထင်ဘူး။အဲ့အသံက မြွေတို့ ပိုးကောင်တို့ နေမှာပေါ့။ကြောက်ရင် ပြန်လို့ရတယ်နော်”
ထိုသို့ပြောပြီးနောက် အရှေ့သို့ ရုတ်တရက် လှမ်းကာ သူမလက်ကိုမြှောက်၍ အသံလာရာနေရာသို့ အားကုန်လှမ်းပစ်လိုက်လေသည်။
ထိုအော်သံကြားပြီးနောက် လင်ချင်းယွမ်မှာ သူမနှာခေါင်းကို ပိတ်ကာ လုလျန့်ဝေထံ ပြန်ပြေးလာခဲ့သည်။ ထို့နောက် သူမကို တံတောင်ဖြင့် တွတ်၍ မရေရာစွာနှင့် ပြောလိုက်သည်။
“အခုကြားတာ အမျိုးသမီးအသံပဲ။ကျားမဟုတ်ဘဲ လူတစ်ယောက် အထဲရောက်နေတာများလား”
“ငါလည်း ကြားလိုက်တယ်။ကြည့်ရတာ တစ်ယောက်ယောက်ရဲ့ သာယာတဲ့ အချိန်လေးကို နင် သွားဖျက်ဆီးလိုက်ပြီထင်တယ်”
လုလျန့်ဝေ မျက်ခုံးပင့်ကာ သူမကို သတိပေးလိုက်ရသည်။
“အဲ့ဆေးလုံးမှာက သတိမေ့စေတဲ့ဆေးတွေပါတယ်။အဲ့တစ်ယောက်က မေ့တောင်မေ့နေလောက်ပြီ။ပြီးတော့ ဒါအမဲလိုက်ကွင်းကြီးမှာ သားကောင်တွေ ပေါ်လာနိုင်တယ်။သူတို့သာ အဆွဲခံလိုက်ရရင် နင်က သူတို့သေရတဲ့ တရားခံဖြစ်မှာနော်”
ခဏမျှ တွေးပြီးနောက် လုလျန့်ဝေလက်မောင်းကို သူမ လှုပ်ကိုင်လိုက်ပြီး
ချူကျူမှ ရှေသို့တက်လာကာ လင်ချင်းယွမ်အား ပြောလိုက်သည်။
“အရှင်မသာ သွားရင် အန္တရာယ်ရှိနိုင်တယ်။ကျွန်မ လိုက်ခဲ့ပါ့မယ်”
လုလျန့်ဝေမှ သူမကို တားလိုက်ချင်သော်လည်း လင်ချင်းယွမ်မှ သူမလက်ကို ဆုပ်ကိုင်ပြီးသားဖြစ်နေလေသည်။
ချူကျူမှ သူမအား မကျေနပ်စွာကြည့်တာ ခါထုတ်လိုက်သည်။
“အဲ့လောက်ကြီးလည်းမလိုပါဘူး”
လင်ချင်းယွမ် “...”
လုလျန့်ဝေ လက်ပြလိုက်သည်။
“ဒါဆို ငါ ဒီမှာစောင့်နေမယ်”