Chapters

အခန်း ၆၉၇

Vol. 14 Ch. 697

အခန်း ၆၉၇

Vol. 14 Ch. 697

အခန်း ၆၉၇ မျက်စိစပါးမွှေးစူးစရာ

လင်ချင်းယွမ်မှ အထင်သေးစွာဖြင့် ပြောလိုက်လေသည်။

“ဒီနေ့တော့ နင့်သရုပ်အမှန်ကို ငါသိသွားပါပြီ။သစ္စာမရှိတဲ့ သူငယ်ချင်း။ချူကျူလည်း တူတူပဲ”

လုလျန့်ဝေမှာ စိတ်မတိုဘဲ ပုခုံးတွန့်ပြလိုက်သည်။ထို့နောက် ပြုံးပြုံးဖြင့်

“ဒါကတော့ အခုမှ သိတဲ့ ကိုယ့်ကိုယ်ကို အပြစ်တင်ပေါ့”

လင်ချင်းယွမ် ပြန်စကားမထိုးနိုင်တော့ဘဲ နောက်လှည့်ကာ ချူကျူနောက်မှ လိုက်သွားတော့သည်။

လုလျန့်ဝေ ရပ်ကာစောင့်နေရင်းမကြာမီ အထဲမှ ကြောက်မက်ဖွယ် အော်သံကိုကြားလိုက်ရလေသည်။

ချူကျူနှင့် လင်ချင်းယွမ်တို့ ကိုယ်ထိလက်ရောက် ကျူးလွန်ခံရသည်ဟု ထင်လိုက်မိသဖြင့် မနီးမဝေးမှ အစောင့်များကို လှမ်းခေါ်လိုက်သည်။

“အစောင့်တွေ အစောင့်တွေ”

ထိုသို့အော်ပြီးနောက် သူမလက်ထဲသို့ ငွေအပ်အချို့ ဆုပ်ကိုင်ကာ အသံကြားရာသို့ ပြေးသွားလိုက်သည်။

သို့ရာတွင် တောအုပ်အဝင်သို့ရောက်ချိန်၌ ချူကျူနှင့် လင်ချင်းယွမ် ထွက်လာသည်ကို မြင်လိုက်ရပေသည်။

နှစ်ယောက်စလုံးမှာ သံသယဖြစ်စရာ မျက်နှာနီရဲနေကြသည်။

လုလျန့်ဝေ အံ့သြစွာဖြင့် ထိုနှစ်ယောက်ဆီ ပြေးသွားလိုက်ပြီး

ချူကျူမှ ပါးစပ်ဟလိုက်သော်လည်း လင်ချင်းယွမ်မှ စကာ စကားများ မပြတ်မသား မပီတပီ ထွက်ပေါ်လာသည်။

“အ...အိမ်ရှေ့စံ အဲ့မှာ...သေးသေးလေး...အဲ့လောက်သေးတာလား...ယောကျ်ားတိုင်းလား...ထင်ထားတာ အဲ့လိုမဟုတ်ဘူး...”

“ပြီးတော့ မိန်းကလေးလင်။သူ့ရင်သားကြီးက မကြီးလွန်းဘူးလား”

“လျှောက်ပြောတာမဟုတ်ဘူး။ ဖရဲသီးကြီးတွေက ဆယ်ပေါင်လောက်ရှိတယ်။ငါမျက်စိတော့နာတော့မှာပဲ။အဲ့လို ဝတ်လစ်စလစ်သာမြင်ရမယ်မှန်းသိရင် သွားမကြည့်ပါဘူး။အခုတော့ တစ်ဘဝလုံး အဲ့တာကြီးပဲ မြင်နေတော့မှာ...”

ပြေးလာကြတော့ အစောင့်များမှာ လင်ချင်းယွမ်စကားကြားလိုက်ရသဖြင့် ခြေလှမ်းများတန့်သွားသည်။တောအုပ် ဝင်သင့်သည်မသင့်သည် မသေချာသဖြင့် လုလျန့်ဝေဘက်လှည့်ကာ အမိန့်စောင့်နေကြသည်။

“အရှင်မ၊အထဲမှာ အိမ်ရှေ့စံရှိတယ်ဆိုတော့ ဘယ်လိုဆက်လုပ်သင့်ပါလဲ ဘုရား”

လုလျန့်ဝေမှာ အကျင့်ပျက် အိမ်ရှေ့စံ လုံချီကို ဂရုမစိုက်သော်လည်း မိန်းကလေးလင် နှင့်မူ မည်သည့်ရန်ညှိုးမျှ မရှိပါ။အစောင့်များသာ အထဲဝင်၍ သူမအား ဝတ်လစ်စလစ်ဖြင့် တွေ့လိုက်ပါက သူမနိုးလာပြီးနောက် အရှေ့နန်းဆောင်တွင် နေနိုင်တော့မည် မဟုတ်ပေ။ထိုသို့ဖြစ်လျှင် သူမကို သေဒဏ်ပေးခြင်းနှင့် မခြားဖြစ်ပေလိမ့်မည်။

“ပြဿနာက နင်စတာလေ။မိန်းကလေးလင်ကို တစ်ခုခု လုပ်ပေးလိုက်ဦး”

“ငါ အိမ်ရှေ့စံရဲ့တယောတံလေးကို မမြင်ချင်ဘူး။မျက်စိစပါးမွှေးစူးစရာကြီး”

“ဒါနဲ့ မျက်လုံးစည်းပြီး အထဲဝင်ပြီးတော့ မိန်းကလေးလင်ကို အဝတ်ဝတ်ပေးလိုက်”

သူမလက်ထဲသို့ လက်ကိုင်ပုဝါထည့်ပေးလိုက်ပြီး စကားအနည်းငယ် ထပ်ပြောလိုက်သေးသည်။

“ငါပြောတယ်လေ။အားလုံးရဲ့ တရားခံက နင်ကစတာဆိုတာ။ပြီးတော့ နင်တောင် မကြည့်ချင်တာ သူလည်း မြင်ချင်ပါမလား”

မိဖုရားကြီးမှ သူတို့အား အမိန့်မပေးဘဲ လင်ချင်းယွမ်နှင့် တီးတိုးပြောနေကြသည်ကို မြင်ရသဖြင့် အစောင့်များ အိမ်ရှေ့စံအတွက် စိုးရိမ်လာကြသည်။

ခဏအကြာတွင် လင်ချင်းယွမ်မှာ မျက်လုံးအဝတ်စည်းကာ ချူကျူလမ်းပြမှုဖြင့် တောအုပ်ထဲ ဝင်သွားသည်။

ကံကောင်းစွာဖြင့် မိန်းကလေးလင်မှာ တောအုပ်အစပ်၌သာ မေ့မျောနေခြင်းဖြစ်သဖြင့် သူမထံ လင်ချင်းယွမ် ရောက်သွားတော့သည်။ပျံ့ကျဲနေသော သူမအဝတ်များကို ပြီးစလွယ်ဝတ်ပေးကာ အိမ်ရှေ့စံအဝတ်များကို အဝေးသို့ ကန်ထုတ်ပြီးနောက် ပြေးထွက်၍ မျက်နှာမှအဝတ်ကို ဖြည်ပြီး အစောင့်များကို ပြောလိုက်သည်။

ထိုစဉ် ယာယီတော်ဝင်နန်းသို့ ပြန်ရောက်သွားသော အစောင့်များမှာ တောထဲမှအခင်းကို လုံယန်ဆီ ပြန်လည်လျှောက်တင်ပြီးဖြစ်နေသည်။

ယခုမူ သူသည် မယ်တော်ကြီး နှင့် နန်းတွင်းဝန်များကို ခေါ်ကာ တောအုပ်ဆီသို့ အမြန်နှင်လာနေသည်။