Chapters

အခန်း ၆၉၈

Vol. 14 Ch. 698

အခန်း ၆၉၈

Vol. 14 Ch. 698

အခန်း၆၉၈ ပြဿနာထုပ်ကြီးကို စောင့်နေကြသည်။

လုံယန်နှင့် အခြားသူများရောက်လာချိန်တွင် လုလျန့်ဝေနှင့် လင်ချင်းယွမ်တို့မှာ တောအုပ်အစွန်အထိ ရောက်နေကြပြီဖြစ်သည်။

လုလျန့်ဝေ ရပ်နေသည်ကိုမြင်သောအခါ လုံယန် မျက်မှောင် ကြုတ်ပြီး သူမဆီ လမ်းလျှောက်သွားလိုက်သည်။

“ဝေဝေ”

သူ၏နောက်မှ လူပရိသတ်ထုကိုမြင်လိုက်ရသဖြင့် လုလျန့်ဝေ အမြန်အရိုအသေပြုလိုက်သည်။

“ဂါရဝပြုပါတယ်။မင်းကြီး”

သို့ရာ၌ သူမ ဒူးမညွတ်ခင်တွင်ပင် လုံယန်မှ သူမကို ဆွဲထူလိုက်သည်။

ထိုအခွင့်အရေးကိုသုံးကာ နောက်မှရောက်လာသော မယ်တော်ကြီးရှောင်ကျင်းကိုလည်း လျစ်လျူရှုလိုက်သည်။

သို့ရာတွင် မယ်တော်ကြီးမှာ သူမမြေးတော်အကြောင်းသာ တွေးပူရင်း ပူပန်နေသဖြင့် လုလျန့်ဝေကို သတိမမူမိပေ။

“အမျိုးသမီးလင်းနဲ့ ကျွန်မ ဒီမှာ လမ်းလျှောက်ရင်း တောအုပ်ထဲက အသံထူးထူးဆန်းဆန်းကြားလို့ အစောင့်တွေကို သွားကြည့်ခိုင်းလိုက်တာ အိမ်ရှေ့စံမင်းသားနဲ့ မိန်းကလေးလင်ကို ထူးထူးဆန်းဆန်းပုံစံနဲ့ လဲနေတာ တွေ့လိုက်ကြတယ်။အဲ့တာကြားလို့ အစောင့်လွှတ်ပြီး မင်းကြီးကို သံတော်ဦးတင်ခိုင်းလိုက်တာ။အခု အထဲမှာ ဘာတွေ ဖြစ်နေလဲတော့မသိဘူး”

သူမ အသံမှာ မတိုးမကျယ် ဖြစ်သော်လည်း ဘေးရှိ မယ်တော်ကြီးရှောင်ကျင်း ကြားရန်မူ လုံလောက်ခဲ့သည်။

မယ်တော်ကြီးမှာ သူမလက်ထဲမှ ပုတီးကို စိပ်နေရင်း အချိန်အတော်ကြာသည်အထိ အစောင့်များ မထွက်လာသေးသဖြင့် တောအုပ်ဆီသို့ ဦးတည်သွားသည်။

အိမ်ရှေ့စံ၏ ဦးရီးတော်ဖြစ်သော လုံယန်က လောကဝတ်အနေဖြင့် ပူပန်မှုပြကာ

“ဟုတ်ကဲ့ပါ”

လုလျန့်ဝေမှ ယဉ်ယဉ်ကျေးကျေး လျှောက်တင်လိုက်သည်။

ဇကရာဇ် နှင့် မယ်တော်ကြီးတို့ အထဲသို့ဝင်သွားသဖြင့် နန်းရင်းဝန်များကလည်း ပူပန်မှုပြသသည့်အနေဖြင့် အနောက်မှ လိုက်ဝင်သွားကြသည်။

လုလျန့်ဝေ နှင့် လင်ချင်းယွမ်မှ တစ်ယောက်ကိုတစ်ယောက်ကြည့်ရင်း ရယ်ချင်စိတ်ကို မဖုံးနိုင်ဖြစ်နေကြသည်။

ဤတစ်ခါတော့ အိမ်ရှေ့စံမင်းသား အကြီးအကျယ် အရှက်ကွဲရပေတော့မည်။

သူ၏မောင်းမမိဿံတစ်ယောက်နှင့် တောထဲ၌ ကိစ္စများနေစဉ် အကြောင်းတစ်ခုခုကြောင့် နှစ်ယောက်သား မေ့လဲသွားကြသည်။စိတ်လှုပ်ရှားလွန်၍ ဖြစ်နိုင်သည်။

အမျိုးသမီးနှစ်ယောက်မှာ အိမ်ရှေ့စံ၏ စိတ်ဆင်းရဲခန်းကို ကြိုတင်ပျော်ရွှင်နေကြကာ ဖြစ်လာမည့် ပြဿနာအထုပ်ကြီးကို စောင့်မျှော်နေကြသည်။

ယခုသာ လုံချီ နိုးလာပါက အလွန်ကြည့်ကောင်းမည့် မြင်ကွင်းဖြစ်လိမ့်မည်ပင်။

“အခုလေးတင် လုံချီအပေါ်ကို ဆေးမှုန့်ဖြူးလိုက်တယ်မလား”

သေချာစေရန် လင်ချင်းယွမ်နားကပ်ကာ လုလျန့်ဝေ မေးလိုက်သည်။

လင်ချင်းယွမ်မှ သူမအား ဟုတ်မှန်ကြောင်း အချက်ပြလိုက်သည်။

“မပူပါနဲ့။မိန်းကလေးလင်ကို အဝတ်ဝတ်ပေးနေတုန်း အိမ်ရှေ့စံရဲ့ နှုတ်ခမ်းအောက်သို့ ဆေးဖြူးခဲ့လိုက်တယ်”

လုလျန့်ဝေ ကျေနပ်သွားဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။

သူမ ဝင်သွားချိန်တွင် လုလျန့်ဝေ၏ ညွှန်ကြားချက်အတိုင်း အိမ်ရှေ့စံ၏ အဝတ်များကို အဝေးသို့ ကန်ထုတ်ခဲ့သည်။ထိုအဝတ်များပြန်ယူရန် အစောင့်များကြိုးစားရမည် ဖြစ်သဖြင့် မင်းကြီးနှင့် နန်းရင်းဝန်များ ရောက်သွားသည်အထိ အိမ်ရှေ့စံကို ပြန်ဝတ်ပေးနိုင်ဦးမည် မဟုတ်ပါ။

ထိုမြင်ကွင်းကို တွေးရင်း သူမ ရယ်မိမတတ်ဖြစ်သွားသည်။

လုလျန့်ဝေ ခါးမတ်ကာ အင်္ကျီလက်ကို ဖုန်ခါလိုက်သည်။

“အံမယ် သူအမှု ကြံရာပါရှာနေတာ။ငါက တောထဲတောင် မဝင်ပါဘူးနော်။နင်ပဲ လုပ်ပြီးတော့”

လုံယန်သည် ရှေ့ဆောင်၍ လာခြင်းဖြစ်ပြီး အနောက်၌ မယ်တော်ကြီး ပါလာကာ သူမ၏ နောက်၌မူ ပြာနှမ်းနေသော အိမ်ရှေ့စံ လိုက်လာလေသည်။