Chapters

အခန်း ၇၀၀

Vol. 14 Ch. 700

အခန်း ၇၀၀

Vol. 14 Ch. 700

အခန်း ၇၀၀ သူမကို ပွေ့ကာ တောထဲဆီသို့ လျှောက်သွားသည်။

ထိုသို့တွေးနေစဉ်တွင်ပင် မယ်တော်ကြီးမှ သူတို့အား စိမ်းစိမ်းကြီး ကြည့်နေသည်ကို တွေ့လိုက်ရသည်။

အစောင့်များလည်း ရုတ်တရက် ထခုန်ကာ အချိန်မနှောင်းဘဲ ခြံဝင်းကို စတင်ရှာဖွေနေကြတော့သည်။

လုံယန်လည်း လုံချီအပေါ် ကြင်နာမှုပြဟန်ဖြင့်

“အိမ်ရှေ့စံလည်း တော်တော်လေး လန့်နေရောပေါ့။ပြန်ပြီး အနားယူလိုက်ပါဦး”

လုံချီမှာ ကိုယ်တွင်းမှ သွေးထွက်မတတ်ဖြစ်နေသည်။ဦးရီးတော်သာ တရစပ် မမေးပါက သူ ယခုဆို အနားယူနေလောက်ပြီ ဖြစ်သည်။

“ကျေးဇူးတင်ပါတယ် ဦးရီးတော်”

လုံယန်ကို ဦးညွတ်ပြီးနောက် လုံချီမှ မိန်းကလေးလင်ကို လက်ဆွဲခေါ်ကာ ယာယီနန်းဆောင်သို့ ကြွသွားသည်။ထိုခဏတွင် သူ၏ အိမ်ရှေ့စံသိက္ခာကို ထိန်းရန်မတွေးနိုင်တော့ပေ။

မယ်တော်ကြီးသည် သူမလက်ထဲမှ ပုတီးကို စိပ်လိုက်သည်။အပြင်ဘက်၌မူ တည်ငြိမ်နေသော်လည်း အတွင်း၌မူ လွန်စွာမှ အမျက်ထွက်နေသည်။

ချီလေး ယနေ့ လွန်စွာမှ အရှက်ရခဲ့ရသည်။

မင်းကြီး မမြင်လိုက်ပါက ကိစ္စရှိမည်မဟုတ်သော်လည်း ကံမကောင်းစွာဖြင့် မြင်လိုက်သဖြင့် မနက်ဖြန် ညီလာခံတစ်ခုလုံး သတင်းပျံ့နေပေတော့မည်။

“မယ်တော်ကြီးလည်း ပင်ပန်းနေမှာပဲ။ပြန်ပြီး အနားယူလိုက်ပါဦး”

ထိုစကားကြောင့် မယ်တော်ကြီး ရှောင်ကျင်း အလွန်အမျက်ထွက်သွားသော်လည်း မျိုသိပ်လိုက်ကာ သက်ပြင်းချလိုက်သည်။

“မင်းကြီး၊ယနေ့ဖြစ်တဲ့ ကိစ္စတွေမှာ မသင်္ကာစရာတွေကြီးပဲ။မင်းကြီး အသေအချာ စုံစမ်းပြီး အိမ်ရှေ့စံကို ရန်ပြုရဲသူကို ဖော်ထုတ်ပေးပါ”

ဘေး၌ ပျော်ရွှင်စွာ ရပ်နေသောလုလျန်ဝေသည် မယ်တော်ကြီးကို အကြည့်ကို ပြန်လည်ပြုံးပြလိုက်သည်။

မယ်တော်ကြီးမှာ မထင်မှတ်ထားသဖြင့် အလျင်အမြန် မျက်နှာလွှဲလိုက်သည်။

လုလျန့်ဝေ စိတ်ထဲမှ ရယ်နေမိသည်။ မယ်တော်ကြီးမှ သူမအား သံသယရှိသည် ဆိုလျှင်ပင် သူမဖြစ်ကြောင်း သက်သေပြရဦးမည်ဖြစ်သည်။

မပြနိုင်ပါက လုလျန့်ဝေကို ထိုင်မုန်းနေရုံသာ တတ်နိုင်မည်ပင်။

“မပူပါနဲ့နယ်တော်ကြီး။ကျွန်တော် အိမ်ရှေ့စံကိုဘယ်တော့မှ ဘေးမကျစေပါဘူး။အဲ့ “အမိုက်ကောင်”ကို ရအောင်ဖမ်းပြီး အိမ်ရှေ့စံ တရားမျှတမှု ရစေရပါမယ်”

သူ၏စကားများမှာ လေသက်သက်သာဖြစ်ကြောင်း မယ်တော်ကြီး ရှောင်ကျင်းသိနေသည်။ရှိနေသည့် ဝန်များ မျက်နာရစေရန်သာ ပြောနေခြင်းဖြစ်သည်။သို့ရာတွင် သူမ မလိုချင်ဘဲ ကျေးဇူးတင်ပြုံး ပြုံးပြလိုက်ရသည်။

ထိုသို့ပြောပြီးနောက် နန်းဆောင်ထိန်း ချင်းနှင့် အတူ ပြန်ကြွသွားတော့သည်။

မယ်တော်ကြီး ထွက်သွားသည်နှင့် လုံယန်လည်း အခြားအရာရှိများကို အကြောင်းပြချက်ပေးကာ ပြန်လွှတ်လိုက်သည်။

လင်ချင်းယွမ် နှင့် ချူကျူတို့မှာ အချင်းချင်းကြည့်ကာ မင်းကြီး ကန်မထုတ်မီ အကြောင်းပြချက်ပေးကာ ထွက်သွားလိုက်ကြသည်။

လူတိုင်း ထွက်သွားသည်နှင့် လုံယန်သည် အနားရောက်လာကာ လုလျန့်ဝေအား ခြံစည်းရိုးနံရံဆီသို့ ကပ်လိုက်သည်။

လုလျန့်ဝေမှာ အပြစ်ကင်းသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။

ထိုအနမ်းကြောင့် လုလျန့်ဝေ တစ်ကိုယ်လုံး ဓာတ်လိုက်သကဲ့သို့ ပျော့ခွေသွားကာ လုံယန်ခါးကို ဖက်လိုက်ရသည်။

သူမ ခေါင်းမာမာဖြင့် ပါးစပ်ပိတ်နေသဖြင့် လုံယန်မှ သူမကို ကောက်ချီကာ တောအုပ်ဆီသို့ လမ်းလျှောက်သွားတော့သည်။

လုလျန့်ဝေသည် သူ၏လည်ပင်းကို ဖက်ကာ အံ့သြဟန်ဖြင့် ကြည့်လိုက်ပြီး

“အိမ်ရှေ့စံ ခံရတာကိုကြည့်ပြီး မင်းကြီး မကြောက်ဘူးလား”

လုလျန့်ဝေ ခေါင်းခါလိုက်သည်။သူမ တရားခံအဖြစ် မခံနိုင်ပါ။ထို့ကြောင့် သူမ အလေးအနက်ဖြင့်

“ထွင်တာတော့ ဟုတ်တယ်လေ။ဒါပေမယ့် တခြားသူတွေမှာလည်း ရှိတာပဲ။မင်းကြီးတောင် ဆောင်ထားတယ်မလား”

ခုနက သူမဘေးတွင် ရှိနေသော လင်ချင်းယွမ်နှင့် ချူကျူကို မြင်ယောင်လာကာ မည်သို့ဖြစ်ခဲ့သည်ကို ရိပ်မိလိုက်သည်။

လုလျန့်ဝေ ချက်ချင်းပင် လင်းချင်ယွမ်ကို သစ္စာဖောက်ကာ ခေါင်းညိတ်လိုက်လေသည်။

လုလျန့်ဝေ ခဏရပ်ကာ အခြေအနေမှန်ကို ရှင်းပြလိုက်သည်။

“ဒါပေမယ့် တမင်လုပ်တာ မဟုတ်ပါဘူး။အိမ်ရှေ့စံ တောထဲမှာ ဒီလိုကြီး ဖြစ်နေမယ် မသိဘူးလေ။တောဝက်တွေ သွားနေတာထင်ပြီး အဲ့ဘက်ကို သူက ဆေးလုံးလှမ်းပစ်လိုက်တော့ သူတို့အပေါ်မှာ ထပေါက်တာ”