Chapters

အခန်း ၇၀၁

Vol. 15 Ch. 701

အခန်း ၇၀၁

Vol. 15 Ch. 701

အပိုင်း၇၀၁:မင်းကြီးကကျောက်ကပ်အားနည်းနေတယ်ဆိုတာဝန်ခံလိုက်တာလား

လုံယန်ကမယုံကြည်နိုင်စွာဖြင့်ပြောလိုက်သည်။

``သူမကဆေးခတ်တဲ့သူဆိုတာကိုယ်ယုံနိုင်ပါတယ်ဒါပေမယ့်အိမ်ရှေ့စံကဘာလို့ကိုယ်တို့ရောက်တာနဲ့နိုးလာရတာလဲ။ပြီးတော့...”

သူကရပ်တန့်ပြီးနောက်ဆက်ပြောလိုင်သည်။

``သူကအဝတ်အစားတောင်အချိန်မှီမဝတ်နိုင်ခဲ့ဘူး”

လုလျန့်ဝေကရိုးသားစွာပြန်ဖြေလိုက်သည်။

``ကျွန်တော်မျိုးမသူ့ကိုတစ်ခုခုလုပ်တယ်လို့သံသယဝင်နေတာလား။ကျွန်တော်မျိုးမတကယ်ဘာမှမလုပ်ပါဘူး။အရှင်မင်းကြီးရောက်လာတဲ့အချိန်ကျွန်တော်မျိုးမအဲ့နေရာကိုခြေတစ်လှမ်းတောင်မဝင်ပါဘူး။”

သူကဒါကိုကြားတော့ပြန်မေးလိုက်သည်။

``သေချာပေါက်မဝင်ခဲ့ဘူးပေါ့။ကျွန်တော်မျိုးမကအမိန့်နာခံတဲ့မိန်းကလေးပါ။ပြီးတော့ကိုယ့်ကိုယ်ကိုလဲဒုက္ခရောက်အောင်မလုပ်ပါဘူး”

သူမ၏အဖြေကိုကြားရသောအခါလုံယန်ကပြုံး၍ပြောလိုက်သည်။

``မင်းကတကယ်စကားနားထောင်တဲ့သူပဲ။အဲ့နေရာကိုမဝင်တာကတကယ်ကိုအမြော်အမြင်ရှိတဲ့ရွေးချယ်မှုပဲ”

လုလျန့်ဝေကတစ်ခုခုတွေးမိသွားကာပြုံး၍ပြောလိုက်သည်။

``မင်းကြီးအဲ့နေရာကိုဝင်သွားချိန်မှာမျက်စိအစာမကျွေးခဲ့ဘူးလား။မိန်းကလေးလင်ကအရမ်းလှတဲ့ခန္ဓာကိုယ်ပိုင်ရှင်လေ။အိမ်ရှေ့မင်းသားကဘာမှမဝတ်ထားဘူးဆိုရင်သူမလဲဝတ်ထားမှာမဟုတ်ဘူး။အရှင်မင်းကြီးကတကယ့်မြင်ကွင်းကောင်းကိုတွေ့ခဲ့မှာပဲ။”

``ကိုယ်ဘာမှမမြင်ခဲ့ပါဘူး။မိန်းကလေးလင်ကအဝတ်အစားဝတ်ထားပါတယ်။”

လုလျန့်ဝေကစနောက်လိုက်တယ်ဆိုပေမယ့်သူကဒီလိုနောင်တရတဲ့အသံမျိုးနဲ့ပြောမယ်လို့မထင်ထားခဲ့ပေ။ဒါကနည်းနည်းတော့စိတ်တိုစရာကောင်းလှသည်။

``အရှင်မင်းကြီးကသူမရဲ့ခန္ဓာကိုယ်ကိုမမြင်လိုက်ရလို့စိတ်ပျက်နေတဲ့ပုံပဲ။”

``ကိုယ်ကဖော်ပြထားတဲ့ခန္ဓာကိုယ်ကိုမမြင်ခဲ့ရပေမယ့်စပျစ်သီးချဥ်နံ့တစ်ခုတော့ရနေသလိုပဲ။”

``စိတ်ပျက်စရာမလိုပါဘူးအရှင်မင်းကြီး။သင်သာဆန္ဒရှိရင်တစ်လောကလုံးကမိန်းမတွေကသင့်ကိုသူတို့ရဲ့ခန္ဓာကိုယ်တွေပြကြမှာပါ”

လုံယန်ကသူမဒေါသထွက်နေသည်ကိုမြင်သောအခါဆက်၍စနောက်မနေတော့ဘဲပြောလိုက်သည်။

``ဘယ်လိုလုပ်အခြားသူတွေနဲ့အချိန်ကုန်နိုင်မှာလဲမင်းနဲ့အချိန်ကုန်ဖို့တောင်အချိန်ကမလောက်တာကိုလေ။အရမ်းအတွေးမများနဲ့”

လုလျန့်ဝေကစိတ်ကောက်သွားသည်။သူပြောနေတာကသူမကပဲသူ့ကိုအနှောင့်အယှက်ပေးနေသကဲ့သို့ဖြစ်နေသည်။

သူမကသူ့ဆိုလိုရင်းကိုနားလည်သွားကာမျက်ခုံးကိုပင့်၍ပြောလိုက်သည်။

``အရှင်မင်းကြီးကကျောက်ကပ်အားနည်းနေတယ်လို့ဝန်ခံလိုက်တာလား။”

လုံယန်ရဲ့ချောမောတဲ့မျက်နှာကသူမမျက်နှာနားသို့ကပ်ကာပြောလိုက်သည်။

လုလျန့်ဝေကအလျော့ပေးကာသူ့နှုတ်ခမ်းကိုနမ်းလိုက်ပြီး

လုံယန်ကမကျေနပ်တာသေချာပေသည်။သို့သော် ဒါကနေရာကောင်းမဟုတ်တဲ့အတွက်သူကလွှတ်ထားပေးလိုက်သည်။

``ဆေးခတ်တာကမင်းမဟုတ်ဘူးဆိုရင်တောင်ဖြစ်သွားတဲ့ကိစ္စကမင်းနဲ့ဆိုင်နေတယ်မလား။”

``ဒီလောက်မပျော်သင့်ဘူးထင်တယ်အရှင်မင်းကြီး။ဘယ်လိုဖြစ်ဖြစ်သူကအရှင့်တူတော်ပဲလေ။”

``မင်းအထင်မှားနေပြီ။ဒါကကိုယ်အိမ်ရှေ့စံအတွက်စိတ်မကောင်းဖြစ်တဲ့ပုံစံပါ။”

``ကိုယ်ကအိမ်ရှေ့စံဒီနေ့ကိစ္စကြောင့်အရှက်ရသွားမှာကိုကြောက်နေတာလေ”

``နန်းတော်ထဲမှာဒီသတင်းကိုဖြန့်ဖို့တွေးနေတာလားအရှင်မင်းကြီး။”

``ကိုယ်တော်ကဘာလို့ဒီလိုလုပ်ရမှာလဲ။ဒီနေ့ကမျက်မြင်သက်သေတွေအများကြီးရှိတာပဲ။တစ်ယောက်ယောက်ကမတော်တဆပြောမိသွားနိုင်တယ်။သူတို့အားလုံးကိုတော့နှုတ်ပိတ်လို့မရဘူးလေဟုတ်တယ်မလား။”