Chapters

အခန်း ၇၀၂

Vol. 15 Ch. 702

အခန်း ၇၀၂

Vol. 15 Ch. 702

အပိုင်း၇၀၂:သူ့သားကဝေဝေရဲ့ဗိုက်ထဲမှာရှိနေမည်

လုလျန့်ဝေကတွေးလိုက်သည်။အရှင်မင်းကြီးကမြေခွေးအိုကြီးပဲ။

ဘာလို့သူမကရုတ်တရက်အဲ့မကောင်းတဲ့ကောင်လုံချီအတွက်တွေးပေးနေမိတာလဲ။သူကဒီလိုဦးရီးတော်ရတာတော့ကံမကောင်းခဲ့ဘူးပဲ။

သူတို့နှစ်ယောက်ပြန်လာတဲ့လမ်း၌ လုံးချင်းကျီနှင့်တွေ့လိုက်ရသည်။သူမကဝမ်ယန်ကျစ်ရဲ့လက်အားဆွဲခဲ့လေသည်။

လုံချင်းကျီကဝမ်ယန်ကျစ်ကိုသင်ကြားပေးထားပုံရသည်။ဒီတစ်ခါတော့သူက``မမ”လို့မခေါ်တော့ပေ။

``ဦးရီးတော်၊အဒေါ်”

ဝမ်ယန်ကျစ်ကသူတို့ကိုယဉ်ကျေးစွာနှုတ်ဆက်လိုက်သည်။နှုတ်ဆက်ပြီးသူကလုံးချင်းကျီ၏ပုခုံးကိုမှီကာစကားမပြောတော့ပေ။

လုံးချင်းကျီကသူ့ခေါင်းကိုပွတ်ပေးနေသည်။

သနားစရာကောင်လေးပါလား။

သူကလုလျန့်ဝေကိုအဒေါ်လို့မခေါ်ချင်ဘူးဆိုပေမယ့်သူ့မယ်တော်ကနေ့တိုင်းသင်ပြနေတာမို့သူဒီလိုခေါ်ဖို့အပြင်အခြားရွေးချယ်စရာမရှိပေ။

လုံယန်ကတော့ဒီကောင်လေးနေရာမှန်ကိုသိသွားပြီဖြစ်သဖြင့်ဝမ်းသာနေမိသည်။သို့သော်ဝမ်ယန်ကျစ်ရဲ့မပျော်ရွှင်တဲ့မျက်နှာကိုမြင်လိုက်ရတော့သူကပြောလိုက်သည်။

``ကျစ်အာ မနက်ဖြန်ဦးရီးတော်နဲ့အတူအမဲလိုက်ထွက်ကြမလား။”

ထိုအချိန်မှာဝမ်ယန်ကျစ်ကအိပ်ချင်မူးတူးနှင့်လုံယန်ကိုကြည့်လာသည်။

``ဇီအာ မင်းအမဲလိုက်တာကိုစိတ်ဝင်စားလား။”

ဝမ်ယန်ကျစ်ကပြောလိုက်သည်။

``ကျွန်တော်မြင်းစီးရတာကြိုက်တယ်။ခမည်းတော်ကဘယ်လိုစီးရမလဲဆိုတာသင်ပေးဖူးတယ်။မြက်ခင်းပြင်တွေပေါ်မှာမြင်းကအရမ်းအပြေးမြန်တယ်။”

အခုလိုတရုတ်စကားကိုတစ်လုံးချင်းပြောနေတာကသူကဒီစကားကိုသိပ်မကျွမ်းကျင်ဘူးဆိုတာဖော်ပြနေသည်။ဒါပေမယ့်ပြောနေကြစကားများကိုတော့လွယ်ကူစွာပြောနိုင်သည်။

သူ့ရဲ့စကားကိုကြားတော့သုံးယောက်လုံးကငြိမ်သက်သွားရသည်။

ကျစ်အာကသူ့ခမည်းတော်ကိုလွမ်းနေတာပဲ။

လုံယန်ကဝမ်ယန်ကျစ်ကိုမေးလိုက်သည်။

``ကျစ်အာ မင်းအခုမြင်းစီးချင်တာလား။ဦးရီးတော်မင်းကိုမြင်းစီးဖို့ခေါ်သွားပေးမယ်လေ။”

ဝမ်ယန်ကျစ်ကလုံယန်ကိုကြည့်နေသည်။သူ့ဦးရီးတော်ကမယ်တော်နဲ့အတော်တူပေမယ့်သူကဝမ်ယန်ကျစ်ကိုမြင်လျှင်အေးစက်စွာကြည့်သည်။ဒါကထိုကောင်လေးကိုကြောက်လန့်စေသည်။

ဒါပေမယ့် မြင်းစီးဖို့ခေါ်တာကသူတို့နှစ်ဦးကိုရင်းနှီးအောင်လုပ်ပေးနိုင်မည်ထင်သည်။ဝမ်ယန်ကျစ်ကသူ့အကြောက်တရားကိုကျော်လွှားလိုက်ပြီးသူ့ဦးရီးတော်၏လက်ကိုဆွဲလိုက်သည်။

လုံယန်ကဒီကောင်လေးသူ့ကိုကြောက်နေတာကိုသတိထားမိလိုက်သည်။ဝမ်ယန်ကျစ်ကသူ့လက်ကိုဆွဲလိုက်သည်နှင့်သူကကောက်ချီလိုက်တော့သည်။

လုလျန့်ဝေကလဲသူကြောက်နေသည်ကိုသတိထားမိလေသည်။သူမကသူ့လက်ကိုကိုင်ကာပြောလိုက်သည်။

``မကြောက်ပါနဲ့ကျစ်အာ။မင်းဦးရီးတော်ကလူကောင်းတစ်ယောက်ပါ။သူကမင်းကိုအကြောင်းမရှိဘဲမဆူပါဘူး။သူကကြောက်စရာပုံပဲပေါ်နေတာပါဒါပေမယ့်တကယ့်ကိုလူကောင်းလေ။ပြီးတော့သူကမြင်းစီးလဲတော်တယ်။မင်းကြီးလာရင်သူ့ဆီကမြင်းစီးသင်လို့ရတယ်နော်။”

သူ့ရဲ့မိဖုရားငယ်လေးမှာ ခုထဲကကြိုပြောထားသဖြင့် ဝမ်ယန်ကျစ်က တစ်နေ့မှာမြင်းစီးသင်ဖို့သူ့ဆီချဉ်းကပ်လာမှာလား။ဒါဆိုသူက‌ရော ဒီကောင်လေးကိုငြင်းနိုင်မှာလား။

ဒီကလေးကသူ့အမတော်ရဲ့သားဆိုပေမယ့်သူ့ရဲ့သွေးသားကိုပို၍သင်ပေးချင်မိသည်။

သူရဲ့သားကသူမရဲ့ဗိုက်ထဲမှာရှိနေမည်ကိုတွေးမိနေသည်။

လုံချင်းကျီက လုလျန့်ဝေရဲ့စကားကိုကြားတော့အနည်းငယ်ချောင်းဟန့်လိုက်သည်။ဒါကအနည်းငယ်ထူးဆန်းနေလေပြီ။

သူ့အစ်မတစ်ယောက်အနေနဲ့တောင်သူမကဒါမျိုးမတွေးမိခဲ့ပေ။

သူမရဲ့မောင်ကသူ့မိဖုရားငယ်လေးပေါ်ကိုတော့အင်မတန်နွေးထွေးကြင်နာတဲ့ပုံရသည်။

ဘယ်လိုဖြစ်ဖြစ်သူမရဲ့သားကသူမရဲ့မောင်နဲ့ရင်းနှီးစပြုလာတာကိုမြင်ရသဖြင့် ဝမ်ယန်ကျစ်ကိုအားပေးလိုက်သည်။

``သွားပါကျစ်အာ။မင်းအဒေါ်ပြောတာမှန်တယ်။မင်းဦးရီးတော်ရဲ့စကားကိုနားထောင်လိုက်လေ ကောင်းတယ်မလား။”

ဝမ်ယန်ကျစ်ကခေါင်းငြိမ့်လိုက်သည်။