အခန်း ၇၀၃
Vol. 15 Ch. 703
အပိုင်း၇၀၃:ဒါကပြင်းထန်တဲ့စကားဝိုင်းတစ်ခုပဲ
ရဲမက်တွေကမြင်းကိုယူလာပြီးနောက်လုံယန်ကဝမ်ယန်ကျစ်နှင့်အတူအနီးပတ်ဝန်းကျင်တွင်မြင်းစီးနေကြသည်။
ဝမ်ယန်ကျစ်ကငယ်သေးတာကြောင့်လုံယန်ကမြင်းကိုအရှိန်တင်၍မစီးရဲပေ။ဒါပေမယ့်ဝမ်ယန်ကျစ်ကကြောက်ရွံ့မနေတာကိုတွေ့ရတဲ့အတွက်သူကအရှိန်နည်းနည်းပိုတင်လိုက်သည်။
သူကကောင်လေးရဲ့မျက်နှာကိုကြည့်ပြီးထိုကောင်လေးပျော်နေသည်ကိုမြင်နေရသည်။
ဝမ်ယန်ကျစ်က သူ့ခမည်းတော်နဲ့ မကြာခဏမြင်းစီးထွက်နေကြဖြစ်လောက်မည်။
ထို့နောက်သူကမစိုးရိမ်တော့ဘဲအရှိန်တင်လိုက်တော့သည်။
လုလျန့်ဝေနဲ့လုံချင်းကျီကသူတို့နှစ်ဦးမြင်းစီးနေသည်ကိုခပ်လှမ်းလှမ်းမှရပ်ကြည့်နေကြသည်။သူတို့နှစ်ဦးလုံးကလဲမြင်းစီးကျွမ်းကြသည်။
လုံချင်းကျီကလုလျန့်ဝေကိုကြည့်မိချိန်တွင်သူမရဲ့မျက်လုံးတွေကလုံယန်နှင့်ဝမ်ယန်ကျစ်ကိုကြည့်ကာတောက်တောက်ပပဖြစ်နေသည်ကိုတွေ့လိုက်ရသည်။ထို့နောက်လုံချင်းကျီကသူထင်ထားသလိုတည်ငြိမ်ပြီးတသီးတသန့်နေတတ်သည်မဟုတ်ပေ။
လုံချင်းကျီကလုလျန့်ဝေဘေးတွင်ရပ်ကာပြောလိုက်သည်။
``ကြည့်ရတာငါ့ရဲ့မောင်တော်ကကျစ်အာကိုကောင်းကောင်းဂရုစိုက်နိုင်ပုံပဲ။သူကအနာဂတ်မှာဖခင်ကောင်းတစ်ယောက်ဖြစ်မှာပါ”
လုလျန့်ဝေကမြင်းစီးနေသည်ကိုသာဂရုစိုက်နေသောကြောင့်လုံချင်းကျီပြောလိုက်သည်ကိုရုတ်တရက်ကြားလိုက်ရသောအခါငြိမ်သက်သွားခဲ့သည်။လုလျန့်ဝေကလုံချင်းကျီ၏ဆိုလိုရင်းကိုသိလိုက်ရသောအခါအနည်းငယ်တွေးတောမိသွားသည်။
တကယ်ပဲမင်းကြီးကအနာဂတ်မှာဖခင်ကောင်းတစ်ယောက်ဖြစ်မှာလား။
``ရှက်စရာမလိုပါဘူး။အခုတောင်မှမင်းရဲ့အထဲမှာဘဝသေးသေးလေးတစ်ခုရှိနေနိုင်တယ်”
ဒါကလုလျန့်ဝေမထင်မှတ်ထားတဲ့ပြင်းထန်သည့်စကားဝိုင်းပင်။
သူမရဲ့ခန္ဓာကိုယ်ထဲမှာဘဝသေးသေးလေးတစ်ခုကတကယ်ပဲရှိနေနိုင်တာလား။
လုလျန့်ဝေကမြင်းစီးနေတဲ့သူကိုကြည့်ကာဒီအကြောင်းကိုတွေးနေမိသည်။
သူမတွေးကြည့်တော့သူမနဲ့မင်းကြီးရဲ့အနေအထားနဲ့ဆိုရင်အခြားပြသနာသာမရှိပါကသူမမှာကိုယ်ဝန်ရနိုင်ချေမြင့်နေသည်။
သူမကတွေးနေစဉ်မှာပဲလုံချင်းကျီကဆက်ပြောလိုက်သည်။
``မောင်တော်ကမငယ်တော့ပါဘူး။မင်းတို့နှစ်ယောက်ကလေးယူဖို့စဉ်းစားသင့်ပြီထင်တယ်။”
လုံချင်းကျီကလုလျန့်ဝေရဲ့ခေါင်းကိုပွတ်ကာပြောလိုက်သည်။
``ချစ်ခင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်အစ်မတော်”
သူမတို့ပြောနေစဉ်မှာပဲလုံယန်နှင့်ဝမ်ယန်ကျစ်ကပြန်လာကြသည်။
ဝမ်ယန်ကျစ်က လုံယန်၏ကိုယ်ပေါ်တွင်အိပ်ပျော်နေသည်ကိုမြင်သောအခါမှလုံချင်းကျီကလုလျန့်ဝေရဲ့လက်ကိုလွှတ်လိုက်တော့သည်။
``မောင်တော်ကျစ်အာကိုဒီကိုပေးလိုက်။သူပင်ပန်းသွားတယ်ထင်တယ်။သူ့ကိုတစ်ရေးအိပ်ဖို့ခေါ်သွားလိုက်မယ်”
လုံယန်ကခေါင်းငြိမ့်ကာဝမ်ယန်ကျစ်အားသူမလက်ထဲပေးလိုက်သည်။
သူမထွက်သွားရန်လုပ်နေစဉ်အတွေးတစ်ခုပေါ်လာကာလုံယန်ကိုလှည့်ကြည့်၍ပြောလိုက်သည်။
``အရေးကြီးကိစ္စမရှိဘူးဆိုရင်ဝေဝေကိုမြင်းစီးဖို့ခေါ်သွားပါလား။သူမကတကယ်ပဲမြင်းစီးချင်နေပုံရတယ်။”
``ဟုတ်ကဲ့။ကျွန်တော်မျိုးမမြင်းမစီးဖြစ်တာအတော်ကြာပါပြီ။ကျွန်တော်မျိုးမကရဲမက်တွေကိုကျွန်တော်မျိုးမအတွက်...”
သူမစကားမဆုံးခင်မှာပဲလုံယန်ကသူမကိုမြင်းပေါ်သို့ကောက်တင်လိုက်လေသည်။