အခန်း ၇၀၄
Vol. 15 Ch. 704
အပိုင်း၇၀၄:အရှင်မင်းကြီးရှုံးသွားခဲ့တယ်
သူမကသူမကိုယ်တိုင်မြင်းစီးချင်တာဖြစ်သည်။
``အရှင်မင်းကြီး ကျွန်တော်မျိုးမအထင်တော့ရှင်ပင်ပန်းနေပြီထင်တယ်။အနားယူလိုက်ပါလား။ကျွန်တော်မျိုးမကိုယ့်ဘာသာကိုယ်စီးလိုက်ပါမယ်။”
သူမကနောက်မှာထိုင်နေတဲ့သူကိုကြည့်ကာညှိနှိုင်းလိုက်ပြီး သူမဖြစ်ချင်တာကိုထုတ်ပြောလိုက်သည်။
ဒါပေမယ့်မင်းကြီးကသူမပြောတာကိုနားလည်ပုံမရဘဲသူမခါးကိုဖက်လာကာ
``ကိုယ်မပင်ပန်းပါဘူး။မြင်းကနည်းနည်းရိုင်းလို့မင်းတစ်ယောက်ထဲစီးမယ်ဆိုရင်စိတ်မချဘူး။မင်းကိုယ်နဲ့အတူစီးရင်ပိုအန္တရာယ်ကင်းမယ်ထင်တယ်”
လုလျန့်ဝေကသူမတို့နှစ်ယောက်နောက်ဆုံးတစ်ခေါက်အတူစီးတုန်းကသူလုပ်ခဲ့တာကိုမေ့မရနိုင်သေးပေ။
သူမတို့နှစ်ဦးကလက်မထပ်ရသေးတာကြောင့်သူကအဲ့တုန်းကရပ်တန့်ခဲ့တာဖြစ်သည်။ဒါပေမယ့်ခုသူမတို့နှစ်ဦးကတရားဝင်ဇနီးမောင်နှံတွေဖြစ်နေကြပြီလေ။
သူမကအနှောင့်အယှက်မရှိဘဲမြင်းစီးချင်သည့်စိတ်သာရှိသည်။
သူမတို့နှစ်ဦးကအချိန်အတန်ကြာစိုက်ကြည့်နေကြပြီးနောက်လုံယန်ကအရှုံးပေးလိုက်တော့သည်။
လုံယန်မြင်းပေါ်ကဆင်းလိုက်တော့သူမကမြင်းဇက်ကြိုးကိုကိုင်ကာမြက်ခင်းပြင်များဘက်သို့ထွက်လာခဲ့သည်။
လုံယန်၏ချောမောသောမျက်နှာတွင်မှောင်ရိပ်များသမ်းကာရပ်နေခဲ့သည်။
ကျောက်ချန်နှင့်ချူကျီကနားမလည်နိုင်စွာနှင့်သူ့ဘေးတွင်ရပ်နေလေသည်။
သူတို့ရဲ့သခင်ကမိဖုရားမြင်းပေါ်ကနှင်ထုတ်တာခံလိုက်ရတယ်။သူကမြင်းပေါ်ကနေ...။
သူတို့ကထိုင်ပြီးသူတို့သခင်အကြောင်းတွေးနေစဉ်မှာမင်းကြီးကသူတို့အားမျက်စောင်းထိုးနေသည်ကိုခံစားမိလိုက်သည်။
ထို့နောက် သူတို့ကသူတို့သခင်ရဲ့ရက်စက်စွာအမိန့်ပေးသံကိုကြားလိုက်ရလေသည်။
``ကျောက်ချန် ချူကျီ၊မိဖုရားနောက်ကလိုက်ပြီးသူ့ကိုကာကွယ်ကြ၊တစ်ခုခုဖြစ်ရင်မင်းတို့တာဝန်ပဲ။”
လုလျန့်ဝေကသူတို့လိုက်လာတာကိုမြင်ရပြီးနောက်လုံယန်ရပ်နေခဲ့သောနေရာကိုလှည့်ကြည့်လိုက်သောအခါသူ့ကိုမတွေ့ရတော့ပေ။
``သူကအလုပ်ကိစ္စတွေရှိလို့အရင်ပြန်သွားပါတယ်။ကျွန်တော်မျိုးတို့ကိုမိဖုရားကိုကာကွယ်ဖို့အမိန့်ပေးခဲ့ပါတယ်”
လုလျန့်ဝေကခေါင်းငြိမ့်လိုက်သည်။သူတို့အမဲလိုက်ခရီးထွက်လာတယ်ဆိုပေမယ့်လုံယန်ကမင်းကြီးတစ်ယောက်အနေနဲ့အလုပ်များပေသည်။နန်းတော်ကနေနေ့တိုင်းသတင်းပေးသူကရောက်လာကာသတင်းပေးလေ့ရှိသည်။
သူမကမြက်ခင်းပေါ်တွင်အကြိမ်အနည်းငယ်မြင်းစီးပြီးနောက်တစ်ခုခုကိုတွေးမိသွားကာကျောက်ချန်နဲ့ချူကျီကိုပြောလိုက်သည်။
ချူကျီကငြိမ်နေပေမယ့်ကျောက်ချန်ကမေးလိုက်သည်။
``မင်းကြီးအတွက်ကြက်စွပ်ပြုတ်လုပ်ပေးမလို့တွေးနေတာ”
ကျောက်ချန်ကသူမကိုလှည့်ပြန်ဖို့ပြောရန်တွေးပြီးဖြစ်သည်။
မင်းကြီးကသူတို့ကိုအမိန့်ပေးထားတာဖြစ်တဲ့အတွက်သူကတားလိုခြင်းဖြစ်တယ်။မိဖုရားသာတစ်ခုခုဖြစ်ပါက ကျောက်ချန်နဲ့ချူကျီမှာ အပြစ်ပေးခံရမည်ဖြစ်သည်။
``အရှင်မင်းကြီးကမိဖုရားကသူ့အတွက်တွေးပေးတာကိုသိရင်စိတ်ထဲကြည်နူးမိသွားမှာပဲ။”
``အမှန်အတိုင်းပြောရရင်မင်းကြီးကတန့်ကြွယ်နဲ့တိုက်ပွဲအတွက်စိတ်နှစ်ထားတာဖြစ်လို့စိတ်ပိုင်းဆိုင်ရာရောရုပ်ပိုင်းဆိုင်ရာပါပင်ပန်းနေရပါတယ်။ကျွန်တော်မျိုးကသူပိုပြီးပိန်လာတာကိုတွေ့နေရတာပါ။သူကအာဟာရရှိမယ့်အရာမျိုးစားဖို့လိုအပ်ပါတယ်။
ချူကျီကမူ ကျောက်ချန်ကိုဘာတစ်ခုမှမပြောပဲဒီတိုင်းကြည့်နေလိုက်သည်။
မင်းကြီးကစိတ်ပိုင်းရောရုပ်ပိုင်းဆိုင်ရာပါထိခိုက်နေတာမှန်ပါတယ်။ဒါပေမယ့်ဒါကသူပိန်လာရတဲ့အထိတော့မဖြစ်သင့်ဘူး။
ပြီးတော့မင်းကြီးရဲ့အစားအသောက်ကတော်ဝင်စားဖိုဆောင်ကပြင်ဆင်ပေးနေတာမို့သူကအာဟာရမပြတ်ပါဘူး။ဒါပေမယ့်ဘာလို့သူကဒီလိုမျိုးမင်းကြီးကကောင်းမွန်စွာမစားရဘူးလို့ပြောနေရတာလဲ။