Chapters

အခန်း ၇၀၅

Vol. 15 Ch. 705

အခန်း ၇၀၅

Vol. 15 Ch. 705

အပိုင်း၇၀၅:ဒါကနန်းတော်ကိုဆယ့်နှစ်ခါပတ်ပြေးရတာလောက်ရိုးရှင်းမှာမဟုတ်ဘူး

ဘယ်လိုတောင်အဓိပ္ပါယ်မရှိတဲ့အရာလဲ။

ချူကျီကတွေးပြီးနောက်သူ့အတွေးကိုရပ်တန့်လိုက်သည်။

လုလျန့်ဝေကလဲကျောက်ချန်ချဲ့ကားပြီးပြောနေသည်ဟုထင်မိပေသည်။

သူမကလုံယန်ကတိုင်းပြည်ရေးတွေးပူနေရလို့ပင်ပန်းနေတယ်ဆိုတာယုံပေမယ့်သူကကျောက်ချန်ပြောသလိုပိန်နေတာတော့မဟုတ်ပေ။မနေ့ညကတောင်လုံယန်က...

သူကအတော်မအိပ်ပေမယ့်အားအင်တော့ရှိပါတယ်။

ဘာပဲဖြစ်ဖြစ်သူမကသူတိုင်းပြည်ရေးအတွက်အလုပ်ရှပ်နေတာကိုမြင်ရတော့ရင်ထဲမကောင်းပေ။သူမ မကူညီနိုင်ပေမယ့်သူ့အတွက်အားပြည့်စေရန်စွတ်ပြုတ်တော့လုပ်ပေးချင်မိသည်။

လုလျန့်ဝေကမြင်းကိုတောအုပ်ဘက်လမ်းကြောင်းပြောင်းကာပြောလိုက်သည်။

``သွားကြစို့”

ချူကျီကသူမရှေ့တွင်မြင်းရပ်၍

``ကျွန်တော်မျိုးအရင်ရှေ့ကသွားပြီးလမ်းကြောင်းထောက်လှမ်းသင့်တယ်ထင်ပါတယ်မိဖုရား”

လုလျန့်ဝေကထိုကောင်လေး၏မျက်နှာအမူအရာကိုကြည့်ကာနွေးထွေးစွာပြုံး၍ပြောလိုက်သည်။

ချူကျီကသူမသည်သူနှင့်အသက်တူတူဖြစ်သော်လည်း သူမကသူ့ထက်ကြီးသည့်အသုံးအနှုန်းနှင့်ပြောနေသောကြောင့်စိတ်မသက်မသာဖြစ်နေရသည်။

ဒါပေမယ့်သူ့သခင်ကသူမကိုလက်ထပ်ထားတာမို့လို့သူကဒီကိစ္စအတွက်ပြောစရာမရှိပေ။

လုလျန့်ဝေကထိုကောင်လေးတောအုပ်ထဲဝင်သွားသည်ကိုရပ်ကြည့်နေခဲ့သည်။

အရှင်မင်းကြီးသည် သူမကအသက်ငယ်ပေမယ့်ငယ်ပေမယ့်ရင့်ကျက်တယ်လို့ပြောလေ့ရှိသည်။ဒါပေမယ့်သူ့ရဲ့ကိုယ်ရံတော်ကလဲငယ်ရွယ်ပေမယ့်ရင့်ကျက်နေသလိုပါပင်၊သူမလိုတော့မဟုတ်ဘူးပေါ့။

သူတို့သုံးယောက်တောထဲဝင်သွားကာအတော်ကြာရှာဖွေပြီးနောက်ရစ်ငှက်နှင့်ယုန်များကဲ့သို့သားကောင်ငယ်များကိုတွေ့ရှိခဲ့သည်။

လုလျန့်ဝေကသူမ၏ငွေအပ်ဖြင့်ရစ်ငှက်ကိုပစ်လိုက်သည်။သူမကငှက်ကိုပစ်ရန်ရည်ရွယ်ခဲ့ပေမယ့်တစ်စုံတစ်ခုကလေထဲမှဝင်ရောက်လာသောကြောင့်သူမကမလှုပ်ရှားလိုက်ရပေ။

ခဏအကြာတွင်ရစ်ငှက်ကသွေးအိုင်ထဲတွင်လဲသွားတော့သည်။

ထိုကောင်လေးကသူမဘေးမှဖြတ်သွားကာရစ်ငှက်အားလည်ပင်းမှကိုင်လိုက်သည်။

လုလျန့်ဝေကလက်ခုပ်တီးကာသူ့ကိုချီးကျူးလိုက်လေသည်။

ချူကျီကသူမလက်မှငွေအပ်ကိုကြည့်ကာအကြည့်လွှဲလိုက်သည်။

ကျောက်ချန်ကတောယုန်တစ်ကောင်ကိုသတိပြုမိလိုက်သောကြောင့်သူမအနားသို့လာကာသစ်ပင်အောက်သို့ညွှန်ပြလိုက်သည်။

လုလျန့်ဝေကယုန်ကိုမြင်တော့မြင်းပေါ်မှဆင်းကာတောယုန်နားကပ်လာခဲ့သည်။

သူမကယုန်ကိုပစ်ရန်ယုံကြည်ချက်အပြည့်ရှိနေချိန်တွင်ရင်းနှီးသောလေတိုက်သံကိုကြားလိုက်ရပြန်သည်။

ထိုအချိန်တွင်ကောင်လေးကပုံမှန်အမူအရာအတိုင်းလာကာယုန်ကိုကောက်ယူလိုက်သည်။

``အိမ်တော်ထိန်းကျောက် ယုန်ကိုချက်ပြုတ်ဖို့အကောင်းဆုံးနည်းကိုသိလား။”

ထိုအချိန်တွင်ကျောက်ချန်ကချူကျီအကြောင်းကိုတွေးနေသည်။

မိဖုရားကသူကိုယ်တိုင်အမဲလိုက်ချင်တာကိုသူကဘာလို့မသိတာလဲ။

သူကမိဖုရားစိတ်ဆိုးသွားမှာကိုမကြောက်ဘူးလား။သူမကမင်းကြီးကိုပြောလိုက်မယ်ဆိုရင်ရလဒ်ကနန်းတော်ကဆယ့်နှစ်ခါလောက်ပတ်ပြေးရတာလောက်ရိုးရှင်းမှာမဟုတ်ဘူး။

ကျောက်ချန်ကလုလျန့်ဝေမေးသည်ကိုကြားသောအခါဖြေလိုက်သည်။

``ဒါကိုတော့ကျွန်တော်မျိုးမသိပါဘူး။ဒါပေမယ့်မိဖုရားမှာအကြံရှိတဲ့ပုံပါပဲ။သင်ဘယ်လိုချက်ပြုတ်ဖို့စဉ်းစားနေတယ်ဆိုတာကျွန်တော်မျိုးမေးလို့ရမလား။”

``ဒီရေခဲတောင်တန်းတွေဆီအမဲလိုက်မလာခင်ကအသားကင်ဆော့စ်အနည်းငယ်လုပ်ခဲ့တယ်။ယုန်ကိုမကင်ခင်မှာဒီလျှို့ဝှက်နည်းနဲ့ယုန်ကိုနှပ်ပြီးကင်မယ်ဆိုရင်ဆယ်မိုင်အကွာကတောင်အနံ့ရပြီး ရှင်တို့အားလုံးတစ်ပိုင်းလောက်ဖြစ်ဖြစ်စားချင်ကြမယ်ဆိုတာအာမခံနိုင်တယ်နော်...”