အခန်း ၇၀၆
Vol. 15 Ch. 706
အပိုင်း၇၀၆:အစားအသောက်အလျှံအပယ်
ကျောက်ချန်ကဒါကိုကြားတော့တံတွေးမြိုချလိုက်သည်။
ချူကျီကသိပ်အဝေးမရောက်သေးသောကြောင့်သူမပြောသည်ကိုကြားလိုက်ရပေသည်။သူက ခြေလှမ်းတွေကိုရပ်တန့်လိုက်ကာလုလျန့်ဝေအနားကပ်၍ပြောလိုက်သည်။
``ဟိုဘက်မှာယုန်ထောင်ထားခဲ့တယ်”
သူကပြောရင်းညွှန်ပြလိုက်သည်။
လုလျန့်ဝေကမျက်ခုံးပင့်လိုက်သည်။သူမတွေးတာမှန်တယ်။ဒီကောင်ကအစားကြိုက်တာပဲ။
ထိုအချိန်တွင်သူမကသူတိုဖူးကိုဘယ်လိုစားခဲ့တယ်ဆိုတာသတိရသွားကာသူကသူမထက်ပိုပြီးအစားကြိုက်သည်ဆိုတာကိုတွေးမိသွားသည်။
လုလျန့်ဝေကပြုံးကာသူ့ကိုပြောလိုက်သည်။
``မပူပါနဲ့။မင်းသာယုန်တွေထပ်ဖမ်းနိုင်ဦးမယ်ဆိုရင်ဒီညမင်းစားစရာအလျှံအပယ်စားရမှာသေချာတယ်။”
ထိုသို့ပြောကာသူမကသူညွှန်ပြသောနေရာသို့သွားလိုက်သည်။
ကျောက်ချန်ကချူကျီကိုကြည့်လိုက်သည်။ဒီကောင်လေးက စားစရာအတွက်ဆိုဂုဏ်သိက္ခာအပါအဝင်အားလုံးကိုအဆုံးရှူံးခံနိုင်တာပဲ။
ချူကျီကလုလျန့်ဝေစကားနားထောင်ကာသူမနောက်မှလိုက်လာရင်းရုတ်တရက်ရပ်တန့်လိုက်သည်။သူကသူမစကားကတစ်ခုခုမှားနေတယ်လို့ခံစားနေရသည်။
သူကအစားအသောက်အလျှံအပယ်စားရဖို့သေချာတယ်ဆိုတာဘာကိုဆိုလိုတာလဲ။
သူတို့ထွက်လာသောလမ်းတွင်လုံရှောင်နှင့်တွေ့ခဲ့သည်။သူကရဲမက်များနှင့်အတူတောထဲမှထွက်လာကြခြင်းဖြစ်သည်။
လုံရှောင်ကသူဖမ်းမိထားသောသားကောင်များကိုကိုင်ကာမြင်းပေါ်တွင်ရှိနေသည်။
လုလျန့်ဝေကသူမမြင်းဇတ်ကြိုးကိုဆွဲကာသူ့ကိုခေါင်းငြိမ့်ပြလိုက်သည်။
လုံရှောင်ကသူမမြင်းပေါ်ရှိသူမမိထားသောရစ်ငှက်နှင့်တောယုန်များကိုမြင်သောအခါပြုံး၍ပြောလိုက်သည်။
``မိဖုရားကဒီလိုအားကစားကိုစိတ်ဝင်စားမယ်လို့မထင်ထားဘူး”
``မင်းသားမိထားတာနဲ့ယှဉ်ရင်ကျွန်မမိထားတာကဘာမှမဟုတ်ပါဘူး။ကျွန်မကပိုပြီးတော့ရှက်သင့်တာပါ”
လုံရှောင်ကပြုံးတာကိုရပ်ကာပြန်အရ်ိုအသေပြုလိုက်သည်။
သူကထိုနေရာတွင်ရပ်ကာအချိန်အတန်ကြာစဉ်းစားပြီးနောက်နေရာမှထွက်လာခဲ့သည်။
သူမကမိန်းမငယ်လေးတစ်ယောက်ပါပဲ။ဘယ်လိုသိနိုင်မှာလဲ။သူအတွေးလွန်နေတာနေမှာပါ။
သူမကလက်ထဲရှိစိပ်ပုတီးကိုမြန်မြန်လှည့်ပတ်၍စိပ်နေရာသူမသတိမပြုမိခင်မှာပဲပုတီးစေ့များကပြုတ်ကာမြေပြင်ပေါ်ကျသွားလေသည်။
ပုတီးစေ့များကမြေပြင်ပေါ်ကျကာလိမ့်ဆင်းသွားကြသည်။
မယ်တော်ကြီးကပုတီးစေ့များပြုတ်ကျပြီးနောက်တစ်ခုခုခံစားရကာသူမကိုပြောလိုက်သည်။
ရံရွှေတော်ချန်ကသူမကိုပြန်ဖြေကာသူ့ကိုခေါ်ရန်ထွက်သွားခဲ့သည်။
သူကသူ့မျက်နှာကိုအဆင်ပြေနေဟန်လုပ်ထားပေမယ့်စိတ်ဓာတ်ကျနေတဲ့အရိပ်အယောင်ကရှိနေသေးသည်။
မယ်တော်ကြီးကသူ့အတွက်စိတ်ညစ်နေရသည်။သူကသူမရဲ့တစ်ဦးတည်းသောမြေးဖြစ်တဲ့အတွက်သူမကသူ့အတွက်အကောင်းဆုံးသာဖြစ်စေချင်သည်။
သူမကသူ့ရဲ့လူပုံအလယ်အရှက်ကွဲခဲ့သောကိစ္စကိုပြန်တွေးကာစိတ်တိုလာခဲ့သည်။
``ချီအာ မင်းကအနာဂတ်ဘုရင်လောင်းလေ။ဒီလိုကိစ္စမျိုးမလုပ်ခင်မှာမတွေးခဲ့မိဘူးလား။မင်းကငယ်ရွယ်တုန်းသွေးပူတာပြီးစိတ်လှုပ်ရှားစရာလိုချင်တယ်ဆိုတာသိပေမယ့်မင်းကဘယ်နေရာမှာဆိုတာကိုသတိထားရမယ်လေ။မင်းရဲ့မကောင်းကွက်ကိုရှာမယ့်လူတွေကနေရာတိုင်းမှာရှိနေတယ်။ပြသနာမဖြစ်အောင်ဂရုစိုက်သင့်တယ်။”
လုံချီကဒီနေ့ကိစ္စကြောင့်သူ့အဖွားစိတ်ထိခိုက်သွားတာသိပေမယ့်သူလဲခံစားခဲ့ရသူပဲဖြစ်သည်။
သူ့မျက်နှာကဖြူဖျော့ကာအရောင်အဆင်းမရှိဖြစ်နေသည်။သူကအနည်းငယ်ပြုံးကာပြောလိုက်သည်။
``အဖွားတော်ဒီနေ့ကိစ္စကကျွန်တော့်အမှားတွေပါ။ကျွန်တော်ကအဖွားတော်ကိုဒုက္ခရောက်စေခဲ့ပါတယ်”
လုံချီကသူမပြောတာကိုမငြင်းသောအခါမယ်တော်ကြီးရဲ့မျက်နှာအမူအရာကပျော့ပြောင်းလာခဲ့သည်။