အခန်း ၇၀၇
Vol. 15 Ch. 707
အပိုင်း၇၀၇:မင်းကြီးကိုအေးခဲတောင်တန်းတွေမှာသေအောင်လုပ်မယ်
သူမကသူမမြေးရဲ့မျက်နှာကိုမြင်တော့စိတ်ဓာတ်ကျလာခဲ့သည်။
``အဖွားကမင်းကိုဆူတာမဟုတ်ပါဘူး။နောက်အနာဂတ်မှာမင်းဆင်ခြင်လို့ရအောင်သူများအပစ်ပြောမခံရအောင်ပြောတာပါ။မင်းဘယ်လိုခံစားနေရလဲ။သမားတော်ဆီသွားပြီးပြီလား။”
လုံချီကရိုသေစွာပြန်ဖြေလိုက်သည်။
``မပူပါနဲ့အဖွားတော်။ကျွန်တော်အဆင်ပြေပါတယ်။သမားတော်ဆီသွားပြီးဆေးလဲသောက်ပြီးပါပြီ”
မယ်တော်ကြီးကဒါကိုကြားတော့စိတ်သက်သာရာရသွားသည်။
သူမကရံရွှေတော်ချန်ထံမှပုတီးအသစ်ယူကာလက်တွင်ကိုင်လိုက်သည်။
တကယ်လို့မင်းကြီးသာထိုနေရာမှာမရှိခဲ့ဘူးဆိုရင်သူမကသူမရဲ့လူယုံတွေကိုလွှတ်ကာမျက်မြင်သက်သေတွေကိုရှင်းပစ်မည်ဖြစ်သည်။
ဒါပေမယ့် မင်းကြီးသိသွားတာဖြစ်တဲ့အတွက်သူမကသာထိုမျက်မြင်များကိုနှုတ်ပိတ်လိုက်လျှင်မင်းကြီးကိုသတိပေးသလိုဖြစ်သွားနိုင်သည်။
ဒါကြောင့်သူမကစ်ိတ်ညစ်နေခြင်းဖြစ်သည်။
အခုမင်းကြီးကပြန်လည်ကျန်းမာလာပြီဖြစ်လို့ထီးနန်းလွဲပေးရန်မလိုအပ်သည့်အခြေအနေဖြစ်နေသည်။သူကသာသူ့ရဲ့ကိုယ်ရံတော်တွေကိုဒီနေ့ကိစ္စကိုသတင်းဖြန့်ခိုင်းလိုက်လျှင်နန်းတွင်းတစ်ခုလုံးကအိမ်ရှေ့စံဆေးခတ်ခံရကာဖြစ်သွားခဲ့သောအရှက်ရစရာကိစ္စကိုသိရှိသွားမည်ဖြစ်သည်။
သူကအနာဂတ်မှာနန်းတွင်းကိုဘယ်လိုအုပ်ချုပ်ရတော့မှာလဲ။
အတွေးများကသူမကိုရင်ဘတ်အောင့်စေသည်။သူမကစိတ်ပုတီးကိုအထပ်ထပ်အခါခါလှည့်နေပေမယ့်သူမရဲ့စိတ်ထဲမှာတော့လူသတ်လိုစိတ်များပြည့်နေကာသူမကပြောလိုက်သည်။
``ဒီတစ်ကြိမ်တော့ငါမင်းကြီးကိုအေးခဲတောင်တန်းတွေမှာသေဆုံးသွားအောင်သေချာပေါက်လုပ်ရမယ်”
လုံချီကငြိမ်သက်သွားခဲ့သည်။စီစဉ်ပြီးသားဆိုပေမယ့်သူ့အဖွားတော်ရဲ့စကားကိုကြားချိန်မှာသူကထိန်းမရပေအာင်ရင်ခုန်လာခဲ့သည်။
ဘာပဲဖြစ်ဖြစ်ဒါကသူ့ဦးရီးတော်ပဲလေ။ချန်အင်ပါယာရဲ့အုပ်ချုပ်သူမင်းကြီးဖြစ်ပြီးဆယ်နှစ်ကျော်သြဇာအာဏာအပြည့်နဲ့ရပ်တည်လာခဲ့သူဖြစ်သည်။
``မင်းအားလုံးစီစဉ်ထားပြီလား။ဒီတစ်ခါသေချာဂရုစိုက်မှဖြစ်မယ်။ဒီတစ်ကြိမ်မှာလွဲချော်သွားမယ်ဆိုရင်နောက်ထပ်အခွင့်အရေးရဖို့ခက်သွားမယ်”
``အေးအေးသက်သာနေပါအဖွားတော်။ကျွန်တော်အားလုံးစီစဉ်ထားပါပြီ ပြီးတော့ဒီတစ်ခါအမှားအယွင်းမရှိစေရပါဘူး”
မယ်တော်ကြီးကဒါကိုကြားတော့ခေါင်းငြိမ့်လိုက်သည်။တစ်ခုခုကိုတွေးပြီးသူမကပြောလိုက်သည်။
``မပူနဲ့ငါလျိုဖူကိုနန်းတော်ထဲနေခိုင်းပြီးအမျိုးသမီးလင်းကိုဖမ်းဖို့နည်းလမ်းရှာခိုင်းထားတယ်။သူလုပ်နိုင်ခဲ့ရင်မင်းရောဂါကိုကုလို့ရနိုင်ပြီ။”
သူ့ရဲ့အခြေအနေကိုထည့်ပြောလိုက်တော့လုံချီရဲ့မျက်နှာပျက်သွားခဲ့သည်။
ဒီနေ့တောအုပ်ထဲမှာသူကရုတ်တရက်ကြားလိုက်ရတဲ့ဆူညံသံကြောင့်လန့်သွားခဲ့ပေမယ့်သူ့အခြေအနေပြန်ကောင်းသွားပြီထင်ခဲ့သည်။
သူကဒီကိုမလာခင်မိန်းကလေးလင်ကိုနောက်တစ်ကြိမ်ကြိုးစားကြည့်ဖို့လုပ်ခဲ့ပေမယ့်သူကသူ့လုပ်နိုင်စွမ်းကိုဆုံးရှုံးလိုက်ရပြီဖြစ်သည်။
ရံရွှေတော်ချန်ကသဘောပေါက်ကာပြန်ဖြေလိုက်သည်။
``ကောင်းတယ်ဒါကိုမင်းကြီးရဲ့ကြင်ရာတော်ကိုပေးလိုက်ပါ။အလုပ်ဖြစ်မဖြစ်ကတော့သူမရဲ့ကံပေါ့”
``အဖွားတော်ကကြင်ရာတော်ကိုဘာဆေးပေးနေတာလဲ။”
ရည်ရွယ်ချက်ပြည့်နေသောအပြုံးကမယ်တော်ကြီးမျက်နှာတွင်ပေါ်လာကာသူမကပြောလိုက်သည်။
``ကြင်ရာတော်ကမင်းဦးရီးတော်နဲ့အတူရှိလာတာနှစ်တွေကြာပြီဆိုပေမယ့်ခုထိဘာမှမထူးလာသေးလို့ငါကသူ့အတွက်စိတ်မကောင်းဖြစ်ရတဲ့အတွက်သူမကိုကူညီဖို့တွေးမိတာပါ”
လုံချီသစ်ခွဥယျာဉ်ကထွက်သွားရင်းနှင့်သူ့အဖွားရဲ့စကားကိုစဉ်းစားလိုက်သည်။
ရံရွှေတော်ချန်ကိုဘယ်လိုဆေးမျိုးပြင်ဆင်ခိုင်းနေတာလဲ။
ကြင်ရာတော်ကဦးရီးတော်ကိုနှစ်အတော်ကြာလေးစားသဘောကျနေတယ်ဆိုပေမယ့်ဦးရီးတော်ကခုထိသူမကိုဂရုမစိုက်သေးပေ။
မောင်းမဆောင်ကအမျိုးသမီးတွေကတိုင်းပြည်တစ်ခုလုံးမှာအလှဆုံးလို့မပြောနိုင်ပေမယ့်သူတို့ကအတော်လှကြပါတယ်။ဘာလို့သူကစိတ်မဝင်စားရတာလဲ။
အဖွားတော်ကဆေးလို့ပြောတယ်ဆိုတော့အဲ့ဆေးက...ဒီလိုဆေးမျိုးလား။
သူဘာကြောင့်ဒီလိုမတွေးမိခဲ့တာလဲ။တကယ်တော့သူ့အခြေအနေမှာသူလဲဒီဆေးကိုစမ်းကြည့်သင့်တယ်ပြီးတော့ပြန်သက်သာသွားနိုင်တာပဲ....