Chapters

အခန်း ၇၀၈

Vol. 15 Ch. 708

အခန်း ၇၀၈

Vol. 15 Ch. 708

အပိုင်း၇၀၈:အရင်ကမိန်းမ မမြင်ဘူးတဲ့ပုံစံမျိုး

လုလျန့်ဝေဒီနေရာမှာရှိနေတယ်ဆိုတဲ့အတွေးကြောင့်သူ့နှလုံးသားကမရိုးမရွဖြစ်နေရသည်။

အေးခဲတောင်တန်းတွေကတကယ်ပဲကျယ်ပြန့်လွန်းတယ်။တကယ်လို့ဦးရီးတော်ကသူ့အမတ်တွေနဲ့အတူအမဲလိုက်ထွက်ရင်းလုလျန့်ဝေကိုပါခေါ်သွားမယ်ဆိုရင်...

ဦးရီးတော်ကဘယ်လိုဖြစ်ဖြစ်သေမှာပဲ။ဒါဆိုလုလျန့်ဝေကအနှေးနဲ့အမြန်သူ့လူဖြစ်လာမှာပဲ။

ပြီးတော့လုလျန့်ဝေကသူ့ရောဂါအတွက်ဆေးကောင်းတစ်ခုဖြစ်မှာ။

ညရောက်တော့လုလျန့်ဝေကသူမချက်ပြုတ်ထားတဲ့ကြက်စွပ်ပြုတ်ကိုပန်းကန်ထဲထည့်လိုက်ပြီးနောက်ယုန်ကင်ကိုအပိုင်းပိုင်းလှီးကာအဖြူရောင်ကျောက်စိမ်းပန်းကန်ထဲလှလှပပထည့်လိုက်သည်။သူမကဟင်းပွဲတွေကိုလင်ဗန်းထဲထည့်ကာစာကြည့်ခန်းသို့ယူလာခဲ့သည်။

သူမရောက်တော့ချူကျီနဲ့ကျောက်ချန်ကအခန်းဝတွင်ရပ်နေသည်ကိုမြင်ကာသူမကပြောလိုက်သည်။

``ယုန်ကင်ရပြီ။ငါမင်းတို့အတွက်မီးဖိုခန်းမှာချန်ထားခဲ့တယ်။ချူကျူကအဲ့ကိုသွားနှင့်ပြီ။သင်တို့လဲသွားပြီးစားလိုက်ကြသင့်ပြီ”

သူကအသားဘယ်လိုကင်ရမယ်ဆိုတာသိပေမယ့်မိဖုရားလောက်ကောင်းအောင်မလုပ်နိုင်ခဲ့ပေ။

လေထုထဲရှိသားရေကျစရာယုန်ကင်နံ့ကြောင့်ကျောက်ချန်တောင်ဗိုက်ဆာလာတော့သည်။

``ကျေးဇူးပါ မိဖုရား။ကျွန်တော်မျိုးသွားလိုက်ပါတော့မယ်။”

``မီးဖိုချောင်မှာအများကြီးရှိသေးတယ်။နေ့လည်ခင်းကအလုပ်ကြိုးစားခဲ့တဲ့အတွက် ကြိုးစားမှုရဲ့ရလဒ်ပေါ့။”

ကျောက်ချန်ကပျော်ရွှင်စွာနှင့်သူမကိုနောက်တစ်ကြိမ်ကျေးဇူးတင်ကာထွက်ခွာသွားလိုက်သည်။

ချူကျီကလုလျန့်ဝေကိုကြည့်ကာတစ်ခုခုပြောရန်ပြင်နေစဉ်သူမကပြောလိုက်သည်။

ထိုအချိန်မှသူလဲကျောက်ချန်နောက်မှလိုက်သွားခဲ့သည်။

လုလျန့်ဝေကခေါင်းခါကာစာကြည့်ခန်းထဲဝင်သွားလိုက်သည်။

သူမကအထဲဝင်သွားလိုက်သည်နှင့်ချင်းယန်မင်းသားလုံရှောင်လဲအတူရှိနေသည်ကိုတွေ့လိုက်ရသည်။

လုံယန်ကသူမဝင်လာတာကိုမြင်တော့ပြုံးကာ သူမလက်ထဲရှိလင်ဗန်းကိုမြင်တော့မေးလိုက်သည်။

``ဘယ်လိုအရသာရှိတဲ့အရာတွေလုပ်လာတာလဲ။ ကိုယ်တော်ဒီကပဲအနံ့ရနေပြီ”

လုံယန်ကပြုံး၍သူမထံမှတူကိုလှမ်းယူလိုက်သည်။သူမလက်ကိုဆွဲကာသူမကိုသူ့ဘေးတွင်ထိုင်စေရန်ခေါ်လိုက်သည်။

``ကျောက်ချန် ပြောတာတော့မင်းကတစ်နေ့ခင်းလုံးမီးဖိုခန်းမှာချက်ပြုတ်နေခဲ့တာဆို။ပင်ပန်းနေမှာပဲ။”

လုလျန့်ဝေကနှုတ်ခမ်းကိုကိုက်လိုက်သည်။သူမကအပြင်လူရှေ့မှာအမြင်သင့်လျော်အောင်နေချင်တာဖြစ်သည်။သို့သော်သူကပုံမှန်အတိုင်းစကားပြောနေသောအခါသူမကပြောလိုက်သည်။

``ကျွန်တော်မျိုးမမပင်ပန်းပါဘူး။အိမ်တော်ထိန်းကျောက်နဲ့ချူကျီကသာပင်ပန်းတာပါ”

လုံယန်ကကြက်စွပ်ပြုတ်ကိုဇွန်းဖြင့်ခပ်ကာသူမပါးစပ်နားတေ့လိုက်သည်။

သူမကဟန်မဆောင်နိုင်တော့ကာစိတ်ရှုပ်တဲ့အကြည့်နှင့်ကြည့်ကာသူ့ကိုအသံတိတ်စွာပြောလိုက်သည်။

သူတို့ကသူ့လိုအရွယ်ရောက်ပြီးသားလူတစ်ယောက်သူတို့ရှေ့ရပ်နေတာကိုတောင်မရှိသလိုသဘောထားနိုင်တယ်ပေါ့

ပြီးတော့အကိုတော်ကမလွန်ဘူးလား။သူ့က်ိုအတူစားဖို့မဖိတ်ဘူးဆိုရင်တောင်ဘယ်လိုတောင်ဒီလိုသဘောထားဖို့တွေးရတာလဲ။သူ့ကိုမိန်းမ မရှိလို့နှိမ်တာလား။

``အကိုတော်ကအလုပ်ရှုပ်နေတာဆိုတော့ကျွန်တော်အရင်သွားလိုက်ပါဦးမယ်။အားတဲ့အချိန်ပြန်လာခဲ့ပါမယ်”

လုံယန်ကသူ့ကိုလှည့်မကြည့်ဘဲလက်ယမ်းပြလိုက်သည်။

လုံရှောင်ကပြောစရာစကားပင်ပျောက်သွားတော့သည်။

သူ့နှလုံးသားနာကျင်သွားသလိုခံစားလိုက်ရသည်။ဘယ်လိုဖြစ်သွားတာလဲ>

ဇီဇာကြောင်တဲ့အကိုတော်ကမိန်းမတွေကိုစိတ်မဝင်စားဘူးဆိုတဲ့ကောလဟာလတွေကအမှားတွေပဲ။

လုံရှောင်ကသူ့ဘာသာတွေးကာပြန်လှည့်ကြည့်လိုက်သည်။သူ့ရဲ့နှလုံးသားမဲ့တဲ့အကိုတော်ကညစာစားသွားရန်မေးမလားဟူသောအတွေးနှင့်ဖြစ်သည်။

ရလဒ်အနေနဲ့သူကသူ့အကိုတော်ဆီကအများကြီးမမျှော်လင့်သင့်ကြောင်းသိလိုက်ရသည်။

အခုလုလျန့်ဝေကလွဲပြီးဘယ်သူကများအကိုတော်ရဲ့အာရုံစိုက်မှုကိုရနိုင်ပါ့မလဲ။