Chapters

အခန်း ၇၀၉

Vol. 15 Ch. 709

အခန်း ၇၀၉

Vol. 15 Ch. 709

အပိုင်း၇၀၉:သူ့ကိုဘယ်လိုနှိပ်စက်ရမယ်ဆိုတာကောင်းကောင်းသိတယ်

လုံရှောင်ကထိုနေရာမှထွက်လာခဲ့သည်။

သူမကျေမနပ်ဖြစ်သွားတယ်ဆိုတာကိုလုလျန့်ဝေတောင်ခံစားမိပေသည်။

ဘယ်လိုပဲဖြစ်ဖြစ်အသဲမာတဲ့မင်းကြီးကအချစ်မျက်ကန်းဖြစ်ပါစေ သူမကိုကြက်စွပ်ပြုတ်ခွံ့ကျွေးနေသေးတာပဲ။

မင်းကြီးကလုံရှောင်ကိုမရှိသလိုသဘောထားတာဖြစ်သင့်ရဲ့လား။

လုံရှောင်ထွက်သွားတဲ့အချိန်မျက်နှာစူပုတ်နေတာသူမမြင်ဘူးလား။

လုလျန့်ဝေကသူ့ကိုပြောလိုက်သည်။

``သူ့ကိုစိတ်တိုသွားအောင်လုပ်လိုက်တာပဲ”

သူတို့နှစ်ယောက်ကအမေတစ်ယောက်ထဲကမွေးတာဆိုပေမယ့်လုံယန်ကလုံရှောင်ကိုဂရုမစိုက်ပါချေ။

သူကသူ့ရှေ့ကချစ်စရာကောင်မလေးကိုပိုပြီးအာရုံစိုက်မိနေသည်။

သူ့မျက်ဝန်းနက်များကသူမရဲ့ပါးစပ်ကိုကြည့်ကာသူမခုထိပါးစပ်မဟရသေးတာကိုသတိရသွားကာပြောလိုက်သည်။

လုလျန့်ဝေကမငြင်းနိုင်တော့ဘဲသောက်လိုက်ရသည်။နောက်တစ်ကြိမ်သူကထပ်ခပ်နေသည်ကိုမြင်သောအခါသူမကတူကိုယူလိုက်ပြီးယုန်ကင်တစ်ပိုင်းကိုယူကာသူ့ပါးစပ်ထဲထည့်ပေးလိုက်သည်။

လုံယန်ကသူမပေးသောယုန်ကင်ကိုကြည့်ကာပြုံး၍ပါးစပ်ဟလိုက်သည်။

``ကောင်းတယ်မလား။ကျွန်တော်မျိုးမလည်းကောင်းမယ်ထင်တာ”

လုလျန့်ဝေကဂုဏ်ယူစွာပြောကာယုန်ကင်ကိုဆက်ကျွေးနေသည်။

ဘယ်တုန်းကသူမကကိုယ့်ကိုယ်ကိုချီးမွမ်းတတ်သွားတာလဲ။

ပန်းကန်ရဲ့အောက်ခြေကိုမြင်ခါမှသူမကမတော်တဆမင်းကြီးကိုအများကြီးကျွေးနေမိတာကိုသဘောပေါက်သွားရသည်။

ဒါကယုန်ကင်ဖြစ်တဲ့အတွက်အများကြီးစားမိရင်ကယ်လိုရီများတော့မကောင်းဘူး။

``ကျွန်တော်မျိုးမဆေးလက်ဖက်ရည်သွားလုပ်လိုက်မယ်”

``မလိုပါဘူး အခုကနောက်ကျနေပြီလေမင်းကတိတည်ရမှာမဟုတ်ဘူးလား။”

လုံယန်ကပြုံးလိုက်ကာသူမကိုသူ့ရင်ခွင်ထဲဆွဲသွင်းလိုက်သည်။

သူတို့အိပ်ခန်းဆောင်ကိုရောက်ခါမှလုလျန့်ဝေကသူဘာကိုဆိုလိုတယ်ဆိုတာသတိရသွားတော့သည်။

သူကသူမကိုငုံ့၍နမ်းရန်ပြင်နေစဉ်သူမကမျက်နှာပူလာကာပြောလိုက်သည်။

``ကျွန်တော်မျိုးမတို့ရေမချိုးရသေးဘူးလေအရှင်မင်းကြီး”

``မဟုတ်ပါဘူး။ကျွန်တော်မျိုးမကနေ့လည်ကအမဲလိုက်ထားတာကြောင့်ချွေးထွက်နေလို့ပါ။ရှင်မယုံရင်နမ်းကြည့်လိုက်လေ။အနံ့အရမ်းဆိုးနေတယ်။”

လုံယန်ကသူမရဲ့ဆံပင်ကိုကိုင်လိုက်ကာပြောလိုက်သည်။

``ဒါပေမယ့်ကိုယ့်အတွက်တော့မင်းကအနံ့ကောင်းပါတယ်”

လုလျန့်ဝေရဲ့နှလုံးသားကတုန်လှုပ်သွားကာသူမကသူ့အောက်မှထကာပြောလိုက်သည်။

သူကသူမခါးကိုဖက်ထားသောကြောင့်သူ့ခြေထောက်ကကြမ်းပြင်ကိုထိရန်ရုန်းကန်နေရသည်။

မကြာခင်မှာရေနွေးကအသင့်ဖြစ်နေကာအစေခံတို့ကအခန်းထဲယူလာကြသည်။

လုလျန့်ဝေရဲ့အဝတ်ကိုလုံယန်ကချွတ်လိုက်သောအခါသူမခန္ဓာကိုယ်ကလောင်မြိုက်နေသလိုခံစားလိုက်ရသည်။

သူမကနှုတ်ခမ်းကိုကိုက်ကာသူ့ခါးစည်းကြိုးကိုဖြည်လိုက်သည်။သူကအံ့သြစွာကြည့်သောအခါသူမကခေါင်းငုံ့ကာရှင်းပြလိုက်သည်။

``ကျွန်တော်မျိုးမအရှင်မင်းကြီးကိုပြုစုပေးမယ်လို့ပြောခဲ့တယ်လေ...”

လုလျန့်ဝေကနောက်ဆုံးအဝတ်ကြမ်းပြင်ပေါ်ကျသွားသောအခါသက်ပြင်းချလိုက်သည်။

လုံယန်၏အသက်ရှူနေသောလေငွေ့ကသူမ၏ပါးနားသို့ရောက်လာကာသူကပြောလိုက်သည်။

``မင်းကိုယ့်ကိုဘယ်လိုပြုစုပေးမယ်ဆိုတာသိချင်နေပြီဝေဝေ...”

လုလျန့်ဝေကမျက်နှာပူလာခဲ့သည်...