အခန်း ၇၁၀
Vol. 15 Ch. 710
အပိုင်း၇၁၀:တ်ိတ်တဆိတ်လုပ်ကြံသည်
ညမှာတော့ရေစက်တွေစင်တဲ့အသံနဲ့အတူမင်းကြီးရဲ့အသံကိုလူတိုင်းကြားမိကြရသည်။
``ဝေဝေ..”
သူ့ရဲ့အသံကတိမ်ကာစိတ်ခံစားမှုမတည်ငြိမ်နေသည်ကိုဖော်ပြနေခဲ့သည်။
ထိုအချိန်အရှေ့နန်းဆောင်တွင်
ညနက်နေပြီဖြစ်သော်လည်းလုယွင်ရွှမ်းကအိပ်မပျော်နိုင်ဖြစ်နေရသည်။
သူမကအိပ်ယာတွင်လှဲကာလွန်ခဲ့တဲ့ရက်တွေကဖြစ်သွားခဲ့တဲ့အကြောင်းကိုပြန်စဉ်းစားရင်းစိတ်တိုနေသည်။
တကယ်ပဲဘာကမှားသွားတာလဲ။
ချန်ချူးယွီရဲ့ခန္ဓာကိုယ်ကညစ်ညမ်းသွားပြီမို့သူမကိုတိတ်တဆိတ်လုပ်ကြံဖို့ကလွယ်ကူရမှာပင်။
ဒါပေမယ့်သူမကတိတ်တဆိတ်လွတ်မြောက်လာကာဖြစ်ခဲ့သမျှကိုသူမရင်ထဲတွင်သာထားသည်။
သူမကသူမကိုယ်သူမလက်မခံနိုင်တဲ့အရာကိုလက်ခံကာအရာအားလုံးကိုဖုံးကွယ်ထားခဲ့သည်။
လုံချီကသူမဗိုက်ထဲကကလေးကိုဂရုစိုက်ပါ့မလား။
ဟာသပဲ။
သူတို့ကဒီကလေးကမိန်းကလေးလားယောက်ျားလေးလားတောင်မသိကြသေးဘူး။အကယ်၍ဒါကယောက်ျားလေးဆိုရင်တောင်လုံချီရဲ့အသက်အရွယ်နဲ့သူ့ကိုသစ္စာဖောက်ထားတဲ့မိန်းမရဲ့ကလေးကိုမလိုအပ်ပါချေ။
ဒါပေမယ့်အရာအားလုံးကမရိုးရှင်းဘူးဆိုတာသူမကသတိထားမိသည်။
သူကချန်ချူးယွီကိုဂေဟာကနေပြန်ခေါ်လာတဲ့သူပဲလေ။
လုံချီကမင်းကြီးကိုလေးစားသမှုနှင့်ချန်ချူးယွီကိုမငြင်းတာများဖြစ်နေမလား။
ဘယ်လိုဖြစ်ဖြစ်လူတစ်ယောက်ကိုတိတ်တဆိတ်သတ်ပစ်တာကကလေးကစားသလိုပင်ဖြစ်သည်။လုံချီသာလုပ်ချင်ရင် ချန်ချူးယွီကိုတိတ်တဆ်ိတ်လုပ်ကြံလိုက်ရုံပင်။ ပြီးတော့သူ့လက်သွေးစွန်းစရာတောင်မလိုအပ်။
သူမရဲ့အမိန့်ကြောင့်ဟုန်ရှို့ကစုံစမ်းလိုက်ရာချန်ချူးယွီကိုလုံခြုံရေးအပြည့်နှင့်ထားထားပြီး အစားအသောက်ကိုလဲဂရုတစိုက်စစ်ဆေးနေကြောင်းသိရသည်။သူမကအာဟာရပြတ်လတ်တာကိုလဲမခံရပေ။
ဒီလောက်သိက္ခာကျပြီးတာတောင်ဘာလို့သူမကအရေးပေးခံနေရတာလဲ။သူမမသိတာတစ်ခုခုတော့ရှိရမည်။
သူမမေးခွန်းများစွာတွေးကာအိပ်မပျော်နိုင်ဖြစ်နေရသည်။
လုယွင်ရွှမ်းသူမ၏ဗိုက်ကိုပွတ်ရင်းအတွေးတစ်ခုကရုတ်တရက်ဝင်လာခဲ့သဖြင့်ထထိုင်လိုက်သည်။
ပြသနာကချန်ချူးယွီမှာဖြစ်နေတာမဟုတ်ဘဲလုံချီမှာဖြစ်နေတာပဲ။
သူကတကယ်စိတ်ပါလာကာအဝတ်တွေတောင်ချွတ်ပြီးပြီဆိုပေမယ့်သူကအကြောင်းရှာကာထွက်သွားခဲ့သည်။
တစ်ခါဆိုလက်ခံလို့ရသေးတယ်တစ်ခုခုကြောင့်စိတ်မပါတော့တာနေမယ်ဆိုပြီး ဒါပေမယ့်သူကနှစ်ခါတောင်ဒီလိုလုပ်ထားတာဆိုတော့သူမကအတွေးလွန်နေမိသည်။
ထိုအတွေးများကလုယွင်ရွှမ်း၏ခြေလက်များကိုအေးစက်လာစေကာရင်ထဲတွင်လဲအေးစက်စက်ခံစားလာရသည်။
မဖြစ်နိုင်ပါဘူး။လုံချီကမစွမ်းဆောင်နိုင်ဘူးဆိုရင်ချန်ချူးယွီရဲ့ကလေးကဘယ်သူ့ကလေးလဲ။
ဒါပေမယ့်ချန်ချူးယွီကိုအရမ်းဂရုစိုက်နေတဲ့အကြောင်းပြချက်ကဘာလဲ။
လုယွင်ရွှမ်းအတွေးများကြောင့်စိတ်ရှုပ်လာကာသူမဘေးရှိလက်ဖက်ရည်ခွက်ကိုပစ်ပေါက်လိုက်သည်။
ညနက်တွင်သူမပစ်ခွဲလိုက်သောခွက်အသံကနားထဲကိုစူးဝင်လာခဲ့သည်။
အနက်ရောင်အင်္ကျီဝတ်ထားသူကအခန်းထဲကိုဝင်လာရင်းခြေလှမ်းတွေရပ်တန့်သွားလေသည်။
ထိုအချိန်တွင်အပြင်မှအချွေအရံတစ်ယောက်၏အသံကထွက်ပေါ်လာသည်။
ထိုအချွေအရံကတံခါးကိုခေါက်ကာမေးနေခြင်းဖြစ်သည်။
တံခါးခေါက်နေသူကဟုန်ရှို့ဖြစ်သည်။သူမအသံကိုကြားတော့သူကသူမစိတ်အခြေအနေမကောင်းသည်ကိုသိသွားကာထိုအသံမှာလဲခွက်ကျကွဲသံဖြစ်ကြောင်းနားလည်လိုက်သည်။
ထိုအချွေအရံရဲ့အသံပျောက်သွားသည်နှင့်အနက်ရောင်ဝတ်ထားသောသူကကုတင်ပေါ်တွင်ထိုင်နေသောသူမရှေ့ရောက်လာကာသူမကိုသတ်ဖြတ်ရန်အကြည့်နှင့်ကြည့်နေခဲ့သည်။
လုယွင်ရွှမ်းကဓားသံကိုကြားသည်နှင့်သူမအနီးရှိစောင်ကိုယူကာလူသတ်သမားကိုအုပ်၍ အော်လိုက်တော့သည်။
``ရဲမက်တွေ ရဲမက်တွေ... လူသတ်သမားရှိနေတယ်