Chapters

အခန်း ၇၁၁

Vol. 15 Ch. 711

အခန်း ၇၁၁

Vol. 15 Ch. 711

အပိုင်း၇၁၁:အာဏာရှိတဲ့အုပ်ချုပ်သူမယ်တော်ကြီးဖြစ်လာမယ်

သူမပစ်လိုက်တဲ့စောင်ကလူသတ်သမားကိုဖုံးသွားခဲ့သည်။

လုယွင်ရွှမ်းကထိုအချိန်ကြမ်းပြင်ပေါ်တွင်လှိမ့်ကာထိုသူ၏တိုက်ခိုက်မှုကိုရှောင်ပြီးလျင်မြန်စွာနံရံပေါ်မှသူမရဲ့ဓားကိုယူလိုက်သည်။

သူမကလုပ်ကြံသူကိုဓားနှင့်ရွယ်ကာပြောလိုက်သည်။

``ဘယ်သူလဲ”

ထိုသူက

``မင်းကလှုပ်ရှားမှုနည်းည်းလောက်သိထားတာကို မေ့သွားတယ်။ဘာဖြစ်ဖြစ်ဒီနေ့ကမင်းသေရမယ့်နေ့ပဲ”

ထိုလူရဲ့သတ်ဖြတ်ချင်စိတ်ပြည့်နေသောအသံကိုကြားသောအခါသူမစိတ်ထဲတွင်တုန်လှုပ်သွားပြီးမယုံကြည်နိုင်စွာဖြင့်ထိုသူအားကြည့်ကာပြောလိုက်သည်။

``ချန်ကျူပင်းလား။နင်ကချန်ကျူပင်းပဲ”

သူမထံလာသောဓားကိုမြင်သောအခါလုယွင်ရွှမ်းကကြောက်လန့်စွာအော်၍ရှောင်လိုက်သည်။

``ချန်ကျူပင်း ရှင်ရူးနေတာလား။ကျွန်မကလုယွင်ရွှမ်းလေ။ရှင်ကျွန်မကိုဂရုမစိုက်တော့ဘူးလား။ရှင်ဒေါသထွက်တိုင်းကျွန်မအပေါ်လာပုံချနေတယ်။အခုကျွန်မကိုသတ်ဖို့ကြိုးစားနေတာလား။”

``ငါကအရူးပဲ။ပါးစပ်ကိုပိတ်ထားလုယွင်ရွှမ်းမင်းကိုပိုမုန်းမိအောင်မလုပ်နဲ့။မင်း ငါ့ကိုနယ်ရုပ်အဖြစ်အသုံးချခဲ့စဉ်ကငါ့ခံစားချက်ကိုတွေးပေးခဲ့ရဲ့လား။ငါကမင်းအတွက်အားလုံးလုပ်ပေးခဲတာ။ငါ့မိသားစုတောင်မှပိုင်ဆိုင်မှုတွေစွန့်လွှတ်ပြီးပြည်ကထွက်သွားရပြီ။မင်းနည်းနည်းလေးမှအပြစ်ရှိသလိုမခံစားရဘူးလား။”

``ရှင်တစ်ယောက်ယောက်သွေးထိုးတာခံလိုက်ရတာလား။လုလျန့်ဝေလားလင်ချင်းယွမ်လား။ကျွန်မတို့သိလာတဲ့အချိန်အကြာကြီးကိုရှင်ကသူတို့ပြောတာကိုပိုယုံကြည်တယ်ပေါ့။အရမ်းစိတ်ပျက်မိတယ်။”

ချန်ကျူပင်းကသူမကိုသတ်မယ်ဆိုတာ လုယွင်ရွှမ်းမယုံပေ။

ထိုသူကသူမကိုဘယ်လောက်ဂရုစိုက်တယ်ဆိုတာသိပေသည်။

သူကဒီလိုဖြစ်နေတာလုလျန့်ဝေကသွေးထိုးလိုက်လို့သာဖြစ်ရမည်။

သူမကလည်ပင်းကိုချန်ကျူပင်းရှေ့ထိုးပေးကာမျက်ရည်များနှင့်ပြောလိုက်သည်။

``ရှင်ကျွန်မကိုဒီလောက်တောင်မုန်းတယ်ဆိုလဲသတ်လိုက်ပါ။လာပါသတ်လိုက်။ကျွန်မသင့်ကိုပြန်တိုက်ခိုက်ခဲ့ရင်ကျွန်မပြောခဲ့သမျှအလိမ်တွေလို့သဘောထားလိုက်လေ။”

သူသာကိုယ်တွေ့မဟုတ်ဘူးဆိုရင်သူမကမျက်နှာနှစ်ဖက်နဲ့ဆိုတာသူမသိနိုင်ဘဲသူမလှည့်စားတာခံနေရဦးမှာပင်။

သူကစကားမပြောဘဲဓားကိုဆုပ်ကိုင်ကာသူမအနားသို့ကပ်သွားခဲ့သည်။

လုယွင်ရွှမ်းကသူ့ရဲ့အမူအရာငြိမ်သက်လာတာကိုမြင်သောအခါပြောလိုက်သည်။

``ကျူပင်းကျွန်မရှင့်ကိုအရင်ကမရွေးချယ်ခဲ့မိတာတကယ်နောင်တရပါတယ်။ကျွန်မကရှင့်ကိုမရွေးချယ်ခဲ့မိဘဲဒီအရှေ့နန်းဆောင်ကိုလာခဲ့မိတာတကယ်ကိုရူးတာပဲ။ရှင့်ကိုသာရွေးချယ်ခဲ့ရင်ကျွန်မဘဝကပျော်ရမှာပဲဒီလိုခက်ခဲတဲ့ဘဝမှာနေရမှာမဟုတ်ဘူး။ကျူပင်း...”

ချန်ကျူပင်းသူမအနီးကပ်လာချိန်တွင်သူမကသူ့လက်ကိုဆွဲကာသူ့ရင်ခွင်ထဲဝင်လိုက်သည်။

``ကျွန်မအားလုံးကိုနောင်တရနေပါပြီ။ကျူပင်းအတူနေကြရအောင်နော်။”

လုံချီကသူမကိုဒီလိုဆက်ဆံဖို့ရွေးခဲ့တာဆိုတော့ သူ့နည်းနဲ့သူ့ကိုပြန်တုန့်ပြန်တာသူမအမှားမဟုတ်ပေ။

သူကသူမကိုဂရုမစိုက်တော့သူမကကိုယ့်နည်းလမ်းနဲ့ကိုယ်လှုပ်ရှားရလိမ့်မည်။သူမသာ သားမွေးနိုင်မယ်ဆိုရင်အနာဂတ်မှာလုံချီနန်းတက်ပြီးနောက်မှ သူ့အား လုပ်ကြံနိုင်ခဲ့ပါက သူမရဲ့သားသာ နန်းတက်ရမှာပင်။ဒါဆိုသူမကအာဏာရှိတဲ့အုပ်ချုပ်သူမယ်တော်ကြီးဖြစ်လာလိမ့်မည်။

အခုအချိန်မှာချန်ကျူပင်းကသူမအတွက်အကောင်းဆုံးရွေးချယ်မှူပင်။

သူကသူမကိုအရမ်းသဘောကျခဲ့တာကြောင့် အခု သူမကိုယ်တိုင် သူ့ထံချဥ်းကပ်လာသဖြင့် ထိုသူကအရမ်းကျေနပ်ပျော်ရွှင်နေလိမ့်မည်...။