Chapters

အခန်း ၇၁၂

Vol. 15 Ch. 712

အခန်း ၇၁၂

Vol. 15 Ch. 712

အပိုင်း၇၁၂:မင်းဘယ်လိုလူလဲဆိုတာသိခဲ့ရပြီ

ဒီတစ်ခါတော့သူမကတစ်ကယ်ပဲချန်ကျူပငကိုလိုချင်နေခြင်းဖြစ်သည်။

သူကသူမကလေးရဲ့လျှို့ဝှက်ဖခင်ဖြစ်ဖို့အတွက်သင့်တော်တဲ့သူပင်။

လုယွင်ရွှမ်းကအနာဂတ်အကြောင်းတွေးကာသူ့ခါးကိုဖက်လိုက်သည်။

ချန်ကျူပင်းလိုလူမျိုးသာဆိုလျင်သူမကသူမအလိုအတိုင်းထိန်းချုပ်နိုင်မယ်ဟု ခန့်မှန်းလို့ရပေသည်။

ဒါပေမယ့်သူမမျက်နှာကအပြုံးကပျောက်ဆုံးသွားကာချန်ကျူပင်းကိုမယုံကြည်နိုင်စွာကြည့်လိုက်သည်။

``ရှင်..”

ချန်ကျူပင်းကသူမကိုယ်ထဲမှဓားကိုဆွဲထုတ်လိုက်သည်။

``လုယွင်ရွှမ်းနောက်ဆုံးတော့မင်းဘယ်လိုလူဆိုတာငါမြင်ခဲ့ရပြီးပြီ။အခုသေလိုက်တော့”

သူကနောက်တစ်ကြိမ်ဓားနှင့်ထပ်ထိုးရန်ပြင်လိုက်သော်လည်းလုယွင်ရွှမ်းကဒီတစ်ကြိမ်ကိုရှောင်လိုက်သည်။

ချန်ကျူပင်းကသူမနောက်လိုက်မည်ပြုစဉ်တံခါးပွင့်သွားကာဟုန်ရှို့ကအစောင့်များနှင့်အတူဝင်လာလေသည်။

သူမကအခန်းထဲမှအခြေအနေများကိုမြင်လိုက်သောအခါသူမကအလန့်တကြားအော်လိုက်သည်။

``သခင်မအဆင်ပြေရဲ့လား။လူသတ်သမားကိုဖမ်းကြ”

ဝင်ရောက်လာသောရဲမက်များကြောင့်ချန်ကျူပငကသူ့အလုပ်မပြီးမြောက်ခဲ့ပေ။

သူကအနည်းငယ်စိတ်လှုပ်ရှားသွားပေမယ့်ရဲမက်များကိုတိုက်ခိုက်ကာထွက်ပြေးရန်ပြင်လိုက်သည်။

လူအုပ်ကြီးကဆူဆူညံညံဖြစ်နေသဖြင့် နန်းတွင်းရဲမက်တွေကိုအာရုံစိုက်လာစေသည်။

``ဟိုနေရာမှာပဲ မြန်မြန်လိုက်ကြ”

ချန်ချူးယွီကဆူညံသံများကြောင့်အိပ်နေရာမှနိုးလာခဲ့သည်။

သူမက

``မိန်အာ အပြင်မှာဘာတွေဖြစ်နေတာလဲ။”

မိန်အာ ကအပြင်ထွက်ကြည့်ပြီးနောက်သူမကိုအခြေအနေပြန်ပြောပြလိုက်သည်။

``သခင်မလေး ကျွန်တော်မျိုးမကြားတာတော့လူသတ်သမားဝင်လာတဲ့ပုံပဲ။”

``ကျွန်တော်မျိုးမတော့မထင်ပါဘူး။အရှေ့နန်းဆောင်ကအကျယ်ကြီးပါ ဒီကိုမလာလောက်ပါဘူး။”

သူမစကားဆုံးသည်နှင့်ချန်ချူးယွီကသူမပုခုံးဘေးကိုအလန့်တကြားစိုက်ကြည့်နေသည်ကိုတွေ့လိုက်ရသည်။

မိန်အာကထူးဆန်းသည့်ခံစားချက်ဝင်လာခဲ့သည်။

သူတို့နှစ်ယောက်လုံးမအော်နိုင်ခင်မှာပဲဓားတစ်ချောင်းကချန်ချူးယွီရဲ့လည်ပင်းနားရောက်လာလေသည်။

``မသေချင်ဘူးဆိုရင်တိတ်တိတ်နေ”

ချန်ချူးယွီရဲ့မျက်နှာကဖြူဖျော့သွားကာမိန်အာကိုတစ်ချက်ကြည့်ပြီးပြောလိုက်သည်။

ချန်ကျူပင်းကပြန်မဖြေဘဲဓားကိုပြန်ယူကာထွက်ပြေးရန်ပြင်လိုက်သည်။

ချန်ချူးယွီကမယုံကြည်နိုင်ဖြစ်နေသည်။

ထိုအချိန်တွင်အပြင်ဘက်မှတံခါးခေါက်ကာရဲမက်တစ်ဦးကပြောလာခဲ့သည်။

``မိန်းကလေးချန်အိပ်နေပါပြီလား။လူသတ်သမားဝင်ရောက်လာလို့ကျွန်ုပ်တို့ကိုအဆောင်တွင်းဝင်ရောက်စစ်ဆေးခွင့်ပေးပါ။”

``သခင်မလေးကျွန်တော်မျိုးမတို့ဘယ်လိုလုပ်ကြမလဲ။”

အပြင်ထွက်ရန်လုပ်နေသူကိုချန်ချူးယွီကပြောလိုက်သည်။

``အစ်ကိုတော်အပြင်မှာရဲမက်တွေဝိုင်းနေကြပြီ။ ပြေးစရာနေရာမရှိတော့ဘူး”

ချန်ကျူပင်းကခြေလှမ်းကိုရပ်တန့်လိုက်သည်။

ချန်ချူးယွီကအိပ်ယာမှထကာသူ့အား

``အစ်ကိုတော် စိတ်မရှိဘူးဆိုရင်ကျွန်မအိပ်ယာထဲအရင်ပုန်းနေလိုက်ပါလား။”

ထို့နောက်သူမက

``မိန်အာ တံခါးသွားဖွင့်လိုက်”

``ဘာမှမဖြစ်ဘူး။တံခါးသွားဖွင့်လိုက်မင်းကြောက်နေတာကိုမမြင်စေနဲ့မဟုတ်ရင်သူတို့ရိပ်မိသွားမယ်။”

မိန်အာကရွေးချယ်စရာမရှိသောကြောင့်သွားလိုက်ရသည်။

ချန်ကျူပင်းကထိုနေရာတွင်ရပ်နေသေးသည်ကိုမြင်သောအခါသူမကလျှောက်သွားပြီးသူ့ကိုအိပ်ယာထဲဆွဲသွင်းလိုက်တော့သည်။

``မြန်မြန်အိပ်ယာပေါ်တက်ပါ။ကျွန်မဖုံးပေးထားရင်သူတို့အစ်ကိုတော်ကိုမြင်မှာမဟုတ်ဘူး..”