Chapters

အခန်း ၇၁၃

Vol. 15 Ch. 713

အခန်း ၇၁၃

Vol. 15 Ch. 713

အပိုင်း၇၁၃:အိမ်ရှေ့စံနှင့်အတူအိပ်ခဲ့တဲ့အကြိမ်ရေ

ချန်ကျူပင်းကတံခါးဖွင့်သံကိုကြားပြီးနောက်ပေါ်ထွက်လာသောမီးအိမ်အလင်းရောင်များမှာနေ့ခင်းဘက်ကဲ့သို့လင်းထိန်နေသည်။

သူသာခုနကတွေဝေနေမယ်ဆိုရင်ချန်ချူးယွီကိုပါဒုက္ခရောက်စေမှာဖြစ်သည်။သူကသူမအိပ်ယာအပေါ်တက်၍ပုန်းလိုက်သည်။

သူလှဲချပြီးနောက်ချန်ချူးယွီကသူ့ကိုဖုံးကွယ်ပေးထားလိုက်သည်။

မိန်အာကရဲမက်တွေကိုပြောလိုက်သည်။

``သခင်မလေးကအိပ်ပျော်နေပြီ။သင်တို့အသံကြောင့်အနှောင့်အယှက်မဖြစ်စေနဲ့။သူမကကိုယ်ဝန်ဆောင်နော်”

ရဲမက်တွေကလည်းချန်ချူးယွီအိမ်ရှေ့စံရဲ့ဆက်ခံသူကိုကိုယ်ဝန်ဆောင်ထားတာကိုသတိပြုမိကြပေသည်။ဒီလိုကိစ္စသာမရှိဘူးဆိုရင်သူတို့လဲဝင်ရောက်စစ်ဆေးမည်မဟုတ်ပေ။

``မိန်းကလေးမိန်အာ ကျွန်ုပ်တို့ကအမိန့်အရစစ်ဆေးရုံပါ။လုပ်ကြံသူကလုသခင်မကိုခုလေးတင်ဓားနဲ့ထိုးသွားတယ်။သူ့ကိုဖမ်းဆီးလို့မရခဲ့ဘူးဆိုရင်အိမ်ရှေ့စံမေးလာရင်ကျွန်ုပ်တို့ဒုက္ခရောက်မှာပါ။နားလည်ပေးပါ။လူသတ်သမားမရှိတော့တာသေချာပြီဆိုရင်ကျွန်ုပ်တို့ထွက်သွားမှာပါ။”

``ကျွန်ုပ်တို့ကလုပ်ကြံသူကိုကာကွယ်ပေးထားတယ်လို့ရှင်ကပြောချင်တာလား။အိမ်ရှေ့စံမရှိတာနဲ့သင်တို့ကသခင်မလေးကိုစွပ်စွဲနေကြပြီပေါ့”

ရဲမက်တွေကအလျင်အမြန်တောင်းပန်စကားဆိုလိုက်သည်။

``စိတ်မဆိုးပါနဲ့မိန်းကလေးမိန်အာ။ကျွန်ုပ်တို့ကအခြားအဆောင်တွေကိုလည်းရှာဖွေပါတယ်။မိန်းခလေးတို့ကိုပဲအပြစ်တင်နေတာမဟုတ်ပါဘူး။ကျွန်ုပ်တို့ကလုပ်ကြံသူလွတ်မြောက်နေပြီးမိန်းကလေးချန်ကိုပါဒုက္ခပေးမှာကိုစိုးရိမ်လို့ပါ”

``ကောင်းပြီလေ ရှာဖွေကြပါ။ဒါပေမယ့်သခင်မလေးကိုအနှောင့်အယှက်မဖြစ်ပါစေနဲ့။သူမကကိုယ်ဝန်ကြောင့်အိပ်ပျော်ဖို့ခဲယဉ်းတာမို့လို့လေ။”

ထိုစကားကိုကြားပြီးနောက်ရဲမက်တွေကအခန်းထဲဝင်ရောက်ရှာဖွေတော့သည်။

ခဏအကြာမှာသူတို့ကအိပ်ခန်းဆောင်အရှေ့ရပ်ကာပြောလိုက်သည်။

``ကျွန်ုပ်တို့ဒီနေရာကလွဲပြီးအခြားနေရာတွေရှာဖွေပြီးပါပြီ။မိန်းခလေး...”

``ဒါကသခင်မလေးရဲ့အိပ်ဆောင်လေရှင်တို့ကအဲ့နေရာကိုရှာဖွေဖို့ပြောနေတာလား။”

ဟုန်ရှို့ကသူတို့ကိုလုပ်ကြံသူကချန်ကျူပင်းဟုသတင်းပေးထားခဲ့သည်။သူကဖမ်းဝရမ်းထုတ်ခံထားရသူပင်။

``စိတ်ကူးယဉ်မနေနဲ့။ကျွန်မကဘယ်လိုမျိုး ရှင်တို့ကိုသခင်မလေးရဲ့အိပ်ခန်းထဲဝင်ခွင့်ပြုရမှာလဲ။သတင်းပေါက်ကြားသွားရင်သူမသိက္ခာကျမှာပေါ့။ပြီးတော့ရှင်တို့ကြောင့်သခင်မလေးစိတ်တိုသွားရင်ဘယ်လိုလုပ်မလဲ။သူမကတော်ဝင်သွေးသားကိုလွယ်ထားတာနော်”

``မိန်းကလေးမိန်အာမပူပါနဲ့ကျွန်ုပ်တို့တစ်ခါပဲကြည့်ပြီးတာနဲ့ထွက်လာမှာပါ။သူမကိုအနှောင့်အယှက်မဖြစ်စေရဘူးလို့ကတိပေးပါတယ်။”

မိန်အာကတားရန်ပြင်နေစဉ်ချန်ချူးယွီရဲ့အသံထွက်ပေါ်လာသည်။

``မိန်အာသူတို့ကအမိန့်အတိုင်းလုပ်ရုံပဲလေ။သူတို့ကိုရှာခွင့်ပေးလိုက်ပါဒါမှအားလုံးရှင်းလင်းသွားမှာ”

သူမဖယ်ပေးလိုက်သည်နှင့်ရဲမက်တွေကအိပ်ခန်းထဲဝင်သွားတော့သည်။

သူတို့တံခါးဖွင့်လိုက်သည်နှင့်ကျက်သရေရှိသောပုံရိပ်တစ်ခုပေါ်လာလေသည်။

သူတို့ကမိန်းကလေးချန်ကိုအရှေ့နန်းတော်တွင်ကင်းလှည့်လည်စဥ်ကတွေ့ဖူးသော်လည်းသူမကိုသေချာမကြည့်ရဲခဲ့ကြသောကြောင့်သူမရဲ့အလှကိုသတိမပြုမိခဲ့ကြပေ။

အိမ်ရှေ့စံနှင့်အတူအိပ်တဲ့အကြိမ်ရေအရဆိုရင်လည်းမိန်းကလေးချန်ကသခင်မလုကိုသိသိသာသာကျော်လွန်နေသေးသည်။