Chapters

အခန်း ၇၁၄

Vol. 15 Ch. 714

အခန်း ၇၁၄

Vol. 15 Ch. 714

အပိုင်း၇၁၄:ဒီလိုစိတ်ပိုင်းဖြတ်ခြင်း

ရဲမက်တွေကအိပ်ခန်းဆောင်ထဲဝင်လာသောအခါအသံမကြားစေရန်ဂရုတစိုက်ဝင်လာကြသည်။

သို့သော်သူတို့ကနေရာစုံတိတိကျကျရှာဖွေကြသည်။

ရဲမက်များကအိပ်ယာနားတွင်လှည့်ပတ်ကာအိပ်ယာသို့ကြည့်လိုက်ကြသည်။

မိန်းကလေးချန်ရဲ့ပုခုံးတစ်ဖက်မှာပေါ်လွင်နေပေသည်။

ချန်ချူးယွီကသူတို့အိပ်ယာနားကပ်လာသည်ကိုမသိသည့်ဟန်ဆောင်ကာအဝတ်များကိုဆွဲတင်၍အော်လိုက်သည်။

``ဘာလို့ရှင်တို့အားလုံးဒီနားကပ်လာကြတာလဲ။”

ရဲမက်တွေကထိုမြင်ကွင်းကိုမြင်ပြီးနောက်ခက်ခဲစွာအာရုံစိုက်နေရသည်။

ရဲမက်ခေါင်းဆောင်ကလူတွေကိုနောက်ပြန်ဆုတ်ခိုင်းကာတောင်းပန်လိုက်သည်။

``ကျွန်တော်မျိုးတို့နှောင့်ယှက်ရန်မရည်ရွယ်ပါဘူး။သခင်မစိတ်မရှိပါနဲ့”

ချန်ချူးယွီကဒေါသနှင့်ပြောလိုက်သည်။

``အားလုံးထွက်သွားကြ အခုငါအိမ်ရှေ့စံကိုဘယ်လိုမျက်နှာပြရတော့မှာလဲ။”

ရဲမက်တွေကအလျင်အမြန်ထွက်ခွာသွားကြတော့သည်။

ချန်ကျူပင်းလည်း ခေါင်းငုံ့လျက် အိပ်ယာမှထလိုက်သည်။

``လုယွင်ရွှမ်းဒဏ်ရာရသွားတယ်လို့ရဲမက်တွေပြောတာကြားလိုက်တယ်။ဘယ်လိုဖြစ်တာလဲ။အစ်ကိုတော်သူ့ကိုတကယ်ထိခိုက်အောင်မလုပ်ခဲ့ဘူးမလား။”

လင်ချင်းယွမ်ကချန်ကျူပင်း လုယွင်ရွှမ်းအကြောင်းသိသွားပြီဆိုတာပြောပေမယ့်ဒီလိုစိတ်ပိုင်းဖြတ်ပြီးသူမကိုကလဲ့စားချေမယ်လို့တော့မထင်ထားခဲ့ပေ။

ချန်ချူးယွီကသူသိသွားခဲ့ရင်သူ့ကိုယ်သူတုံးအခဲ့သည်ဟုအပြစ်တင်နေမည်ဟုသာထင်ခဲ့ခြင်းဖြစ်သည်။လုယွင်ရွှမ်းကိုဒုက္ခပေးမည်ဟုတော့မထင်ထားခဲ့။

သူကမြို့စားချန်မိသားစုကိုစတေးပြီးတောင်လုယွင်ရွှမ်းခိုင်းသမျှလုပ်ပေးခဲ့တာပဲလေ။

သူမရဲ့အကိုနဲ့ပတ်သက်ပြီးသူမကသိပ်သဘောမကျပေ။အခုလက်ရှိမြို့စားချန်အိမ်တော်မှာဖြစ်သွားတဲ့အရာတွေကသူ့ကိုမုန်းဖို့အတွက်ခိုင်လုံသောအကြောင်းအရာများဖြစ်သည်။

သူ့အမှားကြောင့်သူမမိဘတွေကအသက်ကြီးမှအပြောင်းအရွှေ့လုပ်ကာဒုက္ခခံနေရခြင်းဖြစ်သည်။

ဒါပေမယ့်သူကသူမကိုအန္တရာယ်မဖြစ်စေဖို့ကြိုးစားတာကိုမြင်ရတော့သူမရဲ့စိတ်ကနူးညံ့သွားရပြန်သည်။

``အတိတ်တုန်းကမင်းကိုကောင်းကောင်းမဆက်ဆံခဲ့မိလို့တောင်းပန်ပါတယ်”

ချန်ချူးယွီကအံ့သြစွာကြည့်လိုက်သည်။သူမကသူတောင်းပန်မည်ဟုမထင်ထားပေ။

``တောင်းပန်စရာမလိုပါဘူး။အရင်ကအစ်ကိုကျွန်မကိုကောင်းကောင်းမဆက်ဆံခဲ့ပေမယ့်ကျွန်မလဲအတူတူပါပဲ။အစ်ကိုတော်သိရဲ့လားကျွန်မက အစ်ကို့ကိုမြို့စားချန်အိမ်တော်ရဲ့ဆက်ခံသူက လုယွင်ရွှမ်းနောက်ကခွေးလေးလို တကောက်ကောက်လိုက်နေတယ်ဆိုပြီးလှောင်ပြောင်ခဲ့မိတယ်ဆိုတာ။ကျွန်မအစ်ကို့ အကြောင်းဟာသလုပ်ခဲ့မိတယ်။”

``ငါကလုယွင်ရွှမ်းရဲ့ပုံစံအမှန်ကိုမမြင်နိုင်အောင်ရူးနေခဲ့တာလေ”

ချန်ချူးယွီကဘာမှမပြောခဲ့ပေ။အရင်ကချန်ကျူပငကတကယ်ကိုတုံးအခဲ့တာဖြစ်သည်။

ချန်ကျူပင်းကတစ်ခုခုကိုသတိရသွားကာပြောလိုက်သည်။

သူကသူ့ညီမကိုသဘောမကျဘူးဆိုပေမယ့်သူဘယ်လောက်ဆိုးတဲ့လူဖြစ်ပါစေသူ့သွေးသားရင်းကို တော့ဒီလိုအရာမျိုးမလုပ်ဘူးဆိုတာပြောချင်နေခြင်းဖြစ်သည်။