Chapters

အခန်း ၇၁၅

Vol. 15 Ch. 715

အခန်း ၇၁၅

Vol. 15 Ch. 715

အပိုင်း၇၁၅:ဒီလိုအရေထူတဲ့လူမျိုးကလောကမှာရှိသေးတာလား

ချန်ချူးယွီရဲ့မျက်လုံးတွေကနီရဲလာကာသူ့ကိုကျောခိုင်း၍ပြောလိုက်သည်။

``ရပါတယ်အရာအားလုံးကပြီးခဲ့ပြီပဲ။”

သူမကသူမဘဝရဲ့အမှောင်မိုက်ဆုံးနေ့ရက်တွေကြုံတွေ့ခဲ့ရတာကိုပြန်မကြားချင်တော့ဘူးဖြစ်သည်။

ချန်ချူးယွီကသူ့ကိုကယ်ခဲ့ပေမယ့်စိတ်ထဲအခဲမကြေတာတော့ရှိမည်ဆိုတာချန်ကျူပင်းကသိသည်။

သူကခဏငြိမ်သက်သွားပြီးနောက်ပြောလိုက်သည်။

``နောက်ကျနေပြီ။မင်းကကိုယ်ဝန်နဲ့လေအိပ်တော့။ငါအခုထွက်သွားတော့မယ်။”

ချန်ချူးယွီကဒါကိုကြားတော့သူ့ကိုပြောလိုက်သည်။

``လုယွင်ရွှမ်းကအပြင်းအထန်ဒဏ်ရာရထားတဲ့အတွက်လုံခြုံရေးတင်းကြပ်ထားတယ်။အစ်ကိုအခုအပြင်ထွက်တာနဲ့ ရှာတွေ့သွားမှာပဲ။မနက်အခြေအနေငြိမ်သွားတော့မှထွက်သွားတာကောင်းမယ်”

သူမကဆက်ပြောလိုက်သည်။

``ကျွန်မတို့မိသားစုကအစ်ကို့ကြောင့်ဒုက္ခရောက်ရတာဆိုပေမယ့်အခုအဖေကလဲအသက်ကြီးနေပြီ။သူ့ကိုတွေ့ခဲ့တုန်းကဆံပင်တွေတောင်ဖြူနေပြီ။ကျွန်မဒီနေ့အစ်ကို့ကိုကယ်တယ်ဆိုတာတစ်နေ့မှာ သူ့ကိုပြန်စောင့်ရှောက်နိုင်ဖို့အတွက်ပဲ”

ချန်ကျူပင်းကဒါကိုကြားတော့စိတ်မကောင်းဖြစ်သွားသည်။

``အစ်ကိုသာနောင်တရတယ်ဆိုရင်အဖေ့ကိုဂရုစိုက်ပေးပါ”

``သခင်လေးကိုအနားယူဖို့ခေါ်သွားလိုက်ပါ။အပြင်ဘက်အခြေအနေကိုနားစွင့်ပြီးအခြေအနေငြိမ်သွားရင်ပြန်ထွက်ဖို့လမ်းပြလိုက်”

မိန်အာကချန်ကျူပင်းကိုသိပ်တော့မကြည်ပေ။သူကသခင်မလေးကိုညီမတစ်ယောက်လိုမဆက်ဆံဖူးဘူး။ပြီးတော့သူနဲ့လုယွင်ရွှမ်းကအကြံတူတွေလေ။

သူတို့ကြောင့်သာမဟုတ်ရင်သခင်မလေးလဲဆိုးရွားတဲ့ဒုက္ခတွေခံခဲ့ရမှာမဟုတ်ဘူး။

ဒီအရာတွေအားလုံးကလုယွင်ရွှမ်းကြောင့်ဖြစ်လာခဲ့တာ။

မိန်အာကချန်ကျူပင်းကိုအပြစ်မတင်ဖို့ခဲယဉ်းနေသည်။

သခင်မလေးကဂေဟာမှာဒုက္ခရောက်ပြီးကူညီမယ့်သူမရှိတုန်းကချန်ကျူပင်းဘယ်ရောက်နေလဲ။

အခုသူဒုက္ခရောက်နေတော့သူမရဲ့အကူအညီကိုအလွယ်တကူလက်ခံလိုက်သည်။

ဒါပေမယ့်သခင်မလေးကအမိန့်ပေးတော့မိန်အာကအမိန့်နာခံရတော့မည်။သူမကအလိုမကျစွာပြောလိုက်သည်။

သူကထွက်မသွားခင်ချန်ချူးယွီကိုလှည့်ကြည့်လိုက်သည်။

ဘယ်လိုအကြောင်းကြောင့်ဆိုတာမသိပေမယ့်တစ်ချိန်ကသူမမြင်နိုင်ခဲ့တဲ့ပြင်ဆင်ခြယ်သမှုအပြည့်နှင့်မျက်နှာကယခုရိုးသား၍ရှင်းလင်းနေသည်။ဆွဲဆောင်မှုပြည့်နေသောအကြည့်များကတည်ငြိမ်အေးချမ်းနေသည်။

သူကသူမဂေဟာပို့ခံရတဲ့ကိစ္စမှာပါဝင်ပတ်သက်ခဲ့တာမဟုတ်ပေမယ့်သူကဒီကိစ္စကိုမတားဆီးနိုင်ခဲ့ချေ။လုယွင်ရွှမ်းကသူမအိမ်ရှေ့စံရဲ့အချစ်ကိုမရအောင်လုပ်မယ်ဆိုတာသိပေမယ့်ဒီလိုနည်းလမ်းနဲ့ဆိုတာသူမသိခဲ့။

အဆုံးမှာတော့သူကအခုထိသူမအပေါ်အပြစ်ရှိစိတ်ခံစားနေရသည်။

သူတို့နှစ်ယောက်ထွက်သွားသောအခါချန်ချူးယွီကအိပ်ယာတွင်ထိုင်ကာတွေးတောနေသည်။

သူတို့ကငယ်စဉ်ကပင်ရင်းနှီးခဲ့သည်မဟုတ်ပေ။ချန်ကျူပင်းကသူမနှင့်သူမမိခင်အဒေါ်လျှိုကိုအထင်သေးသလိုဆက်ဆံခဲ့သည်။

ချန်ကျူပင်းကသူမနှင့်သူမမိခင်ကိုမရိုးသားသောနည်းလမ်းနှင့်မြှူဆွယ်တတ်သောမိန်းမများအဖြစ်မြင်ခဲ့သည်။

ဒါပေမယ့်သူမကဂေဟာမှာဆိုးရွားတဲ့ကိစ္စတွေကိုကြုံတွေ့ခဲ့ရပြီးနောက်သူမရဲ့အတွေးအခေါ်များကပြောင်းလဲသွားခဲ့လေပြီ။

သူမကယခုသူမနှင့်ချန်ကျူပင်းကြားကနှစ်ပေါင်းများစွာဖြစ်နေခဲ့သောမကောင်းသည့်အရာများကိုလွှတ်ချနိုင်ခဲ့လေပြီ...။