Chapters

အခန်း ၇၁၆

Vol. 15 Ch. 716

အခန်း ၇၁၆

Vol. 15 Ch. 716

အပိုင်း၇၁၆:သေလောက်တဲ့ထိုးနှက်ချက်

အမှန်ကတော့သူမ ချန်ကျူပင်းကိုဒီနေ့ကူညီပေးဖြစ်တာကသူမတို့နှစ်ဦးကသွေးသားရင်းဖြစ်နေလို့ပင်။

ပြီးတော့ချန်ကျူပင်းကသေဒဏ်ကနေရှောင်နေပြီးနောက်ပြောင်းလဲသွားတယ်လို့သူမထင်သည်။

သူကအရင်ကလိုဉာဏ်မရှိတဲ့သူမဟုတ်တော့ပေ။

အဆုံးမှာတော့သူကလုယွင်ရွှမ်းရဲ့လက်ပါးစေမဟုတ်တော့ချေ။

ထိုအချိန်လုယွင်ရွှမ်း၏ခန်းဆောင်တွင်ဆူညံပွတ်လောရိုက်နေသည်။

ရုတ်တရက်လုပ်ကြံသူကသခင်မကိုဓားနှင့်ထိုးသွားသောကြောင့်ကြမ်းပြင်ပေါ်တွင်သွေးများပြည့်နေသည်။အစေခံများကထိုမြင်ကွင်းကြောင့်ကြောက်ရွံ့နေကြသည်။

လုယွင်ရွှမ်းကအိမ်ရှေ့မင်းသမီးကနေသခင်မလုအဖြစ်ရာထူးချခံရသော်လည်းအိမ်ရှေ့စံကသူမကိုဂရုစိုက်သေးတာကြောင့်သူတို့ကသူမကိုလက်လွတ်စပယ်မထားရဲကြပေ။

လုပ်ကြံသူကိုဖမ်းနေစဉ်သူတို့ကနန်းတွင်းသမားတော်ကိုခေါ်ကာသူမကိုကုသပေးကြသည်။

သမားတော်ကုသပြီးနောက်လုယွင်ရွှမ်းကကံကောင်းစွာနဲ့ဒဏ်ရာအပြင်းအထန်မရရှိခဲ့ပေ။

သမားတော်ကလုယွင်ရွှမ်းရဲ့သွေးလျော့ရဲကာဖြူဖျော့နေသောမျက်နှာကိုကြည့်၍ပြောလိုက်သည်။

``သခင်မသင့်အသက်အန္တရာယ်မရှိတော့ပါဘူး။ဒါပေမယ့်ဓားကသင့်ဗိုက်ထဲနက်ရှိုင်းစွာထိုးဝင်သွားတာမို့သင့်ရဲ့တစ်လသားအရွယ်ကလေးပျက်ကျသွားခဲ့ပြီးသားအိမ်လဲထိခိုက်သွားပါတယ်။နောက်အနာဂတ်မှာကိုယ်ဝန်ထပ်ဆောင်နိုင်ဖို့ခဲယဉ်းသွားမှာပါ။”

လုယွင်ရွှမ်းရဲ့ဒဏ်ရာကကုသပြီးပြီဆိုပေမယ့်သူမကနာကျင်မှုကြောင့်ချွေးများထွက်နေသည်။သူမကအားတင်း၍နားထောင်သော်လည်းသမားတော်၏နောက်ဆုံးစကားကြောင့်သူမအလွန်စိတ်မကောင်းဖြစ်ကာပြိုလဲသွားရသည်။

သမားတော်ကထိတ်လန့်သွားကာသူမ၏သွေးကြောကိုစမ်းကြည့်လိုက်သည်။သူမကစိတ်လှုပ်ရှားမှုနှင့်ဒေါသကြောင့်မေ့သွားသည်ကိုသိရတော့သူစိတ်သက်သာရာရသွားသည်။

``သခင်မလုအဆင်ပြေပါတယ်။သူမကျန်းမာရေးပြန်ကောင်းဖို့တော့အချိန်လိုအပ်တယ်။”

ကလေးမရနိုင်တော့တဲ့မိန်းမတစ်ယောက်အတွက်နန်းတွင်းမှာအနာဂတ်ရှိနိုင်ပါ့မလား။

ပိုပြီးနှမြောစရာကတော်သခင်မလုကကိုယ်ဝန်ရှိနေခဲ့တာဖြစ်ပြီးကလေးကတစ်လသားအရွယ်ရှိနေခဲ့ပြီ။အခုတော့မရှိတော့တဲ့အပြင်နောက်တစ်ကြိမ်ကိုယ်ဝန်ဆောင်နိုင်တော့မှာမဟုတ်ဘူး။

သခင်မလုကအကြံအစည်တွေအများကြီးချထားခဲ့ပြီးသူမရဲ့အိမ်ရှေ့မင်းသမီးဂုဏ်ပုဒ်ကိုစွန့်လွှတ်ခဲ့ရတယ်။အခုလဲကိုယ်ဝန်ပျက်ကျခဲ့ရပြီးနောက်တစ်ကြိမ်ကိုယ်ဝန်မဆောင်နိုင်တော့ဘူး။

ဒါကမိန်းမတစ်ယောက်အတွက်သေလောက်တဲ့ထိုးနှက်ချက်တစ်ခုပဲ။

လုယွင်ရွှမ်းလိုရည်မှန်းချက်ကြီးတဲ့မိန်းမအတွက်ပို၍တောင်ဆိုးသည်။

ကိုယ်ဝန်မရနိုင်တော့တဲ့အတွက်သူမရဲ့မျှော်လင့်ချက်တွေကအခုအိပ်မက်သာသာဖြစ်သွားပြီ။

လုယွင်ရွှမ်းနိုးလာတာနဲ့ဒေါသထွက်တော့မည်ဖြစ်သည်။

ဟုန်ရှို့ကသက်ပြင်းချကာအခန်းတွင်းမှထွက်သွားလိုက်သည်။

ဆောင်းဦးအမဲလိုက်ပွဲကစတင်လာပြီဖြစ်သည်။အမျိုးသားများကသားကောင်ဖမ်းရန်အမဲလိုက်ကွင်းထဲဝင်သွားကြပြီးအမျိုးသမီးများကပြင်ပတွင်လှည့်ပတ်နေသည်။

အချို့သောအမတ်ကြီးများ၏သမီးများကလည်းရဲမက်များနှင့်အတူအမဲလိုက်ကွင်းထဲဝင်ကြသည်။

လင်ချင်းယွမ်ကလုလျန့်ဝေပေးထားသောဆေးဖက်ဝင်ဆေးလုံးများရှိသောကြောင့်အမဲလိုက်ကွင်းထဲဝင်ချင်နေသည်။

``ဝေဝေငါတို့လည်းအမဲလိုက်ကွင်းထဲဝင်ကြရအောင်။ချူကျူလည်းရှိတော့သားရဲတိုက်ခိုက်မှာလဲပူစရာမရှိပါဘူးသူကငါတို့ကိုကာကွယ်ပေးနိုင်ပါတယ်။”