Chapters

အခန်း ၇၁၇

Vol. 15 Ch. 717

အခန်း ၇၁၇

Vol. 15 Ch. 717

အပိုင်း၇၁၇:ဖုံးကွယ်ထားတဲ့လှုပ်ရှားမှု

ချူကျူကလင်ချင်းယွမ်ကိုကြည့်လိုက်သည်။

လုလျန့်ဝေကလင်ချင်းယွမ်ရဲ့လက်ကိုဖယ်ကာစိတ်မပါစွာပြောလိုက်သည်။

``သွားချင်ရင်သွားလေ။တစ်ခုခုဆိုရင်တော့ချူကျူကငါကိုပဲကယ်မှာ။နင်အန္တရာယ်ကြုံနေရင်တောင်သူကကယ်မှာမဟုတ်ဘူး။နိုးထပါတော့လင်ချင်းယွမ်”

လင်ချင်းယွမ်ကလုလျန့်ဝေရဲ့စကားကြောင့်သူမအစီအစဥ်ပျက်ကာပြောလိုက်သည်။

``နင်သတ္တိမရှိတာကိုဆင်ခြေတွေမပေးပါနဲ့တော့”

လုလျန့်ဝေကဝန်ခံလိုက်သည်။

``နင်မှန်တယ်။ငါကသတ္တိမရှိဘူးဒါကြောင့်နင်အမဲလိုက်ဖို့ငါကိုခေါ်လို့မရဘူး။အခြားတစ်ယောက်ကိုလိုက်ရှာတာပိုကောင်းမယ်ထင်တယ်။”

လုလျန့်ဝေကလင်ချင်းယွမ်ပြန်မချေပနိုင်တော့တာကိုမြင်တော့ချူကျူနှင့်အတူအမဲလိုက်ကွင်းပြင်ပကိုလှည့်လည်နေသည်။

လုလျန့်ဝေကမြင်းစီးကျွမ်းပေမယ့်အမဲလိုက်တာကတော့သူမစိတ်မဝင်စားပေ။

သူမကယုန်ငယ်ကဲ့သို့သားကောင်များကိုဖမ်းနိုင်သော်လည်းယခုကဲ့သို့အမဲလိုက်ကွင်းမှသားရဲများကိုမဖမ်းနိုင်သလိုဖမ်းလဲမဖမ်းချင်ပေ။သူမရဲ့အချိန်တွေကိုအမဲလိုက်ကွင်းပြင်ပတောင်တန်းတွေမှာဆေးပင်တွေရှာရင်းကုန်ဆုံးတာပိုကောင်းမည်ဟုသူမကထင်သည်။

လင်ချင်းယွမ်ကလုလျန့်ဝေသူမကိုထားခဲ့တာမြင်တော့နောက်မှလိုက်လာခဲ့သည်။

``နင်ဘာလို့သတ္တိမရှိတာလဲ။ကျီလင်းဟွေ့တောင်အထဲဝင်တယ်။နင်ကမိဖုရားကြီးဖြစ်ပြီးသူအနိုင်ယူတာခံတော့မလို့လား။”

လုလျန့်ဝေကသူမညွှန်ပြသောနေရာကိုကြည့်လိုက်သောအခါကျီလင်းဟွေ့နှင့်ကျီလင်ရှို့ကိုမြင်းကိုယ်စီနှင့်တွေ့လိုက်သည်။

``သူမကတကယ်ပဲအမဲလိုက်ဖို့လာတယ်လို့ထင်လား။သူမမှာဖုံးကွယ်ထားတဲ့လှုပ်ရှားမှူတစ်ခုခုရှိတာသေချာတယ်။သူမကအမဲလိုက်တာကိုအခွင့်ကောင်းယူပြီးမင်းကြီးရှေ့လဲကျလိုက်မယ်။ဒါဆိုမင်းကြီးကစိတ်မကောင်းဖြစ်ပြီးသူမကိုနန်းဆောင်ကိုခေါ်သွားမယ်ထင်တယ်။”

သူမလဲကျီလင်းဟွေ့အမဲလိုက်တာမရိုးရှင်းဘူးလို့ထင်ပေသည်။

ကျူးယွီပြောပုံအရဆိုရင်ကျီလင်းဟွေ့ကိုမြို့စားကျီလာခေါ်စဉ်ကသူမတစ်ကိုယ်လုံးဒဏ်ရာရကာလမ်းတောင်မလျှောက်နိုင်ဘူးတဲ့။အခုသူမကတောင်ပေါ်မှာအမဲလိုက်နိုင်နေပြီ။

ကျီလင်းဟွေ့ရဲ့အတွေးကဘာတွေတွေးနေတယ်ဆိုတာသူမသိနိုင်ပေ။

လင်ချင်းယွမ်ကလုလျန့်ဝေသူမစကားကိုလက်ခံလာတဲ့ပုံကိုမြင်တော့ပြောလိုက်သည်။

``ငါကနင့်ကိုငါနဲ့အတူအမဲလိုက်သွားဖို့ဆွဲဆောင်နေတာမဟုတ်ပါဘူး။ငါကကျီညီအစ်မနှစ်ယောက်ကိုကြည့်မရယုံပါ။ကျီလင်ရှို့ကနင့်ကိုသူမရဲ့ရန်သူလိုမျိုးကြည့်နေတယ်လေ။သူမပိုအသိဝင်ဖို့နာနာရိုက်ပေးရမယ်။”

လင်ချင်းယွမ်ရဲ့စကားအဆုံးမှာဒေါသအသံများပါလာခဲ့သည်။

လုလျန့်ဝေကထိုညီအစ်မကိုကြည့်ကာအတွေးလွန်နေခဲ့သည်။

ထိုအချိန်တွင်ကျီလင်းဟွေ့ကလုလျန့်ဝေကိုကြည့်လိုက်သည်။ထို့နောက်သူမကလုလျန့်ဝေကိုခနဲ့တဲ့တဲ့အကြည့်မျိုးကြည့်ကာပြုံးလိုက်သည်။

``သူမကအသိစိတ်လွတ်နေပြီပဲ။ကျီလင်းဟွေ့ကသူ့ကိုယ်သူဘာလို့ထင်နေတာလဲ။သူကနင့်ကိုဘယ်လိုတောင်မလေးမစားလုပ်နိုင်တာလဲ။”

ထိုအချိန်တွင်ကျီလင်းဟွေ့ကသူမမြင်းကိုစီးကာလုလျန့်ဝေနားကပ်လာခဲ့သည်။

သူတို့နှစ်ယောက်ထဲကတစ်ယောက်ကအမဲလိုက်ကွင်းမှာနေပြီးတစ်ယောက်ကအပြင်မှာဖြစ်သည်။သူတို့ကြားသစ်သားခြံစည်းရိုးတစ်ခုသာရှိသည်။

လင်ချင်းယွမ်ကကျီလင်းဟွေ့အနားကပ်လာတာမြင်တော့အသံတိတ်သွားကာတစ်စုံတစ်ခုပြောရန်ပြင်နေစဉ်ကျီလင်းဟွေ့ကပြုံး၍ပြောလိုက်သည်။

``မိဖုရားကျွန်တော်မျိုးမမြင်းပေါ်ရောက်နေတဲ့အတွက်အရှင့်ကိုအရိုအသေမပေးနိုင်တာခွင့်လွှတ်ပေးပါ”