အခန်း ၇၁၈
Vol. 15 Ch. 718
အပိုင်း၇၁၈:စောင့်ကြည့်နေသောမျက်လုံးများအတွက်မသင့်တော်
လင်ချင်းယွမ်ကဒါကိုကြားတော့စိတ်တိုလာခဲ့သည်။သူမကလုလျန့်ဝေဖက်ကပြောပေးရန်ပြင်နေစဉ်ကျီလင်းဟွေ့ရဲ့မြင်းကရုတ်တရက်ခွာကိုလေထဲမြှောက်လိုက်သည်။ရုတ်တရက်ကျီလင်းဟွေ့ကမြင်းပေါ်ကပြုတ်ကျသွားသောကြောင့်လူအများကဝိုင်းကြည့်လိုက်သည်။
လင်ချင်းယွမ်ကလဲအံ့သြသွားသည်။အခုဘာတွေဖြစ်သွားတာလဲ။မြင်းကတောင်သူမကိုကြည့်မရဘူးလား။
ချူကျူကလုလျန့်ဝေကိုကြည့်လိုက်သည်။
လုလျန့်ဝေကဒီလိုမထင်ထားတဲ့အမူအရာနှင့်ကျီလင်းဟွေ့ကိုကြည့်ကာပြောလိုက်သည်။
``ပထမသခင်မလေးကျီ သင်ဒီလိုလုပ်စရာမလိုပါဘူး။မင်းကျွန်ုပ်ကိုဂါရဝမပြုချင်ဘူးဆိုရင်လဲကျွန်ုပ်ကဂရုမစိုက်ပါဘူး။အခုလိုမြေပြင်ပေါ်ဘာလို့လှဲချရတာလဲ။မြက်ခင်းပြင်ကနူးညံ့တယ်ဆိုပေမယ့်ဒါကစောင့်ကြည့်နေတဲ့သူတွေအတွက်မသင့်တော်ပါဘူး။မြန်မြန်ထတာကောင်းမယ်။”
ကျီလင်းဟွေ့ကမြင်းပေါ်ကကျတဲ့ဒဏ်ကြောင့်ထူပူသွားသည်။
သူမကပြင်းထန်စွာပြုတ်ကျခဲ့လို့အရိုးတွေကျိုးသွားသလိုပင်ခံစားရသည်။
နာကျင်မှုကြောင့်သူမနှုတ်ခမ်းတွေကတုန်လှုပ်သွားကာသူမကဖြူဖျော့နေသည်။
သမားတော်ကသူမကိုလဝက်လောက်အနားယူရမယ်လို့ပြောပေမယ့်သူမကမစောင့်နိုင်ခဲ့ပေ။
ဒါကဆောင်းဦးအမဲလိုက်ပွဲဖြစ်ပြီးရှားပါးတဲ့အခွင့်အရေးပဲ။သူမကမင်းကြီးကိုတွေ့ရမယ့်အခွင့်အရေးကိုအလွတ်ခံနိုင်ပါ့မလား။
ဒါပေမယ့်အခုသူမကခုလိုအရှက်ရခဲ့ရတာနဲ့အဆုံးသတ်သွားတယ်။
လုလျန့်ဝေရဲ့အသံကိုကြားလိုက်ရတော့ကျီလင်းဟွေ့ရဲ့မျက်နှာကမသာမယာဖြစ်သွားပြန်သည်။သူမကလက်ကိုမြေတွင်ထောက်ကာလုလျန့်ဝေကိုပြောလိုက်သည်။
``မိဖုရားသင်ဘာလို့ဒီလိုလုပ်ရတာလဲ။ကျွန်ုပ်ကမြင်းပေါ်ရောက်နေလို့ မိဖုရားကိုဂါရဝမပြုနိုင်ယုံပါ။မိဖုရားဘာလို့ခုလိုရက်စက်ရတာလဲ။”
ထိုအချိန်တွင်ကျီလင်းရှို့ကကျီလင်းဟွေ့ရဲ့စကားသံကိုကြားကာလုလျန့်ဝေကိုအော်ပြောလိုက်သည်။
``လုလျန့်ဝေသင်ကတကယ်ကိုရက်စက်တာပဲ။ကျွန်ုပ်ညီမကိုနန်းတော်ကနှင်ထုတ်တာနဲ့တင်မကျေနပ်သေးဘူးလား။ခုသူမပျော်နေတာကိုမကြည့်နိုင်လို့မြင်းပေါ်ကပြုတ်ကျအောင်လုပ်တယ်။သင့်လိုရက်စက်တဲ့လူကမိဖုရားဖြစ်ဖို့ထိုက်တန်ရဲ့လား”
သူမကမြင်းပေါ်မှဆဆင်းကာကျီလင်းရှို့ကိုပါးရိုက်လိုက်သည်။
``သင်ဘယ်လိုတောင်အတင့်ရဲပြီးမိဖုရားကိုနာမည်တပ်ခေါ်ရဲရတာလဲ။မိဖုရားကိုတွေ့တာဂါရဝမပြုတဲ့အပြင်စွတ်စွဲနေသေးတယ်။ဒါကပဲမင်းကိုမိဖုရားကအပြစ်ပေးဖို့လုံလောက်နေပြီ!”
ကျီလင်းရှို့ကပါးရိုက်ခံရပြီးနောက်ငြိမ်သက်သွားပေမယ့်ဆက်ပြောလိုက်သည်။
ထိုသို့ပြောပြီးချူကျူကသူမဒူးနောက်ကနေကန်လိုက်သည်။
ကျီလင်းဟွေ့ ကဒူးထောက်ကာမြေပြင်ပေါ်ကျသွားသည်။ချူကျူကသူမရဲ့အဓိကနေရာကိုဖိထားလိုက်သည်။
ချူကျူကသူမကိုလစ်လျူရှုကာလုလျန့်ဝေဖက်လှည့်နေလိုက်သည်။
မြို့စားကျီရဲ့ရဲမက်တွေကသူတို့သခင်မနှစ်ယောက်ဒုက္ခရောက်နေတာကိုမြင်တော့အလန့်တကြားပြေးလာပေမယ့်မိဖုရားရဲ့အေးစက်တဲ့အကြည့်တွေကြောင့်သူတို့ရဲ့ခြေလှမ်းကိုရပ်လိုက်ကာအနားကပ်မလာခဲ့ပေ။
``ကျီလင်းရှို့သင်ကကျွန်ုပ်ကိုရက်စက်တဲ့သူလို့ပြောတယ်နော်။ဒါပေမယ့်သင်ကျွန်ုပ်ဘာလုပ်ခဲ့တယ်ဆိုတာမြင်ခဲ့ရဲ့လား။သင်အကြောင်းပြချက်မရှိဘဲကျွန်ုပ်ကိုစွပ်စွဲနေတာဘာလို့လဲဒါမှမဟုတ်တစ်ယောက်ယောက်ကသင့်ကိုဒီလိုလုပ်ခိုင်းတာလား။”