အခန်း ၇၁၉
Vol. 15 Ch. 719
အပိုင်း၇၁၉:တကယ်ရက်စက်တဲ့သူကဘယ်သူလဲ
ကျီလင်းရှို့ကဒါကိုကြားတော့ငြိမ်သက်သွားကာသူမကအမြန်ပြန်ပြောလိုက်သည်။
``ကျမကဘာကိုသက်သေပြရမှာလဲ။”
“ဒီမှာရှိတဲ့လူတိုင်းကိုအမှန်ကိုမြင်တာပဲလေဒါပေမယ့်သူတို့ကပြောဖို့ကြောက်နေကြတာ။ကျွန်ုပ်အစ်မတော်က ရှင်နန်းတော်ကိုမရောက်ခင်ကအေးအေးချမ်းချမ်းနေလာခဲ့တာ ရှင်ရောက်တော့မှသူမဘဝမအေးချမ်းတော့တာ။ရှင့်ကြောင့်သူမကနန်းတွင်းကထွက်ခဲ့ရတာ။ဒါကရှင်ဘယ်လောက်အဆိပ်ပြင်းတယ်ဆိုတဲ့သက်သေမဟုတ်ဘူးလား။”
လင်ချင်းယွမ်ကသူမဒေါသကိုမထိန်းနိုင်တော့ဘဲပြောလိုက်သည်။
``နင်ကငတုံးပဲ”
သူမကကျီလင်းရှို့ကိုလက်ညှိုးထိုးကာပြောလိုက်သည်။
``နင့်လောက်တုံးအတဲ့သူမျိုးမမြင်ဖူးဘူး။နင်ကနင့်အစ်မစကားကိုနားထောင်ပြီးဒါတွေကိုပြောနေတာမလား။နင်ကနင့်အစ်မဆီမှာလှည့်စားခံနေရတာပဲ။ဘယ်သူကတကယ်ရက်စက်တဲ့လူလဲဆိုတာသိချင်ရင်နင့်အစ်မရဲ့အထိန်းတော်ကိုပဲမေးကြည့်။သူကနင့်အစ်မအနားမှာနှစ်ပေါင်းများစွာရှိလာတာတောင်သူမကနန်းတွင်းကမထွက်ချင်ဘူး။သူမကအိမ်တော့ထိန်းကျောက်ကိုတောင်နန်းတော်မှာဆက်နေခွင့်ရဖို့တောင်းဆိုခဲ့တာ။အဲတာဘာကြောင့်လဲသိလား။”
``ဒါကနင့်ရဲ့အရမ်းကောင်းတဲ့အစ်မကြောင့်လေ။သူမကတစ်ခုခုအလိုမကျရင်ဒေါသတွေကိုအထိန်းတော်အပေါ်ပုံချတယ်။နင့်အစ်မကရှောင်ရှကိုဘယ်လိုအနိုင်ကျင့်တယ်ဆိုတာသိလား။သူမကသူ့ကိုအပ်တွေနဲ့ထိုးတာ။အဝတ်အစားတွေနဲ့အုပ်နေလို့သာဘယ်သူမှမမြင်တာ။သူမကအရမ်းနှိပ်စက်လို့ရှောင်ရှကသူမအနားမှာမနေတော့တာ။ပြီးတော့မိဖုရားကနင့်အစ်မကိုမနာလိုဖြစ်စရာမလိုပါဘူး။သူမကသာမိဖုရားကိုမနာလိုဖြစ်ပြီးမင်းသားလေးကိုဒုက္ခပေးပြီးမိဖုရားကိုစွပ်စွဲတာလေ။”
``မဖြစ်နိုင်ဘူး။နင်လိမ်နေတာပဲ။ငါ့အစ်မကကြင်နာတတ်တဲ့သူပါ။သူမကရှောင်ရှကိုဘာလို့နှိပ်စက်မှာလဲ။သူမကဘာလို့မင်းသားလေးကိုထိခိုက်အောင်ဘာလို့လုပ်မှာလဲ။”
``နင်နဲ့နင့်အစ်မကရင်းနှီးတဲ့အတွက်နင်ကဒါကိုလက်မခံချင်ဘူးဆိုတာနားလည်ပါတယ်။နင်မယုံဘူးဆိုရင်ရှောင်ရှကိုမေးကြည့်လိုက်ပါ။ကျီလင်းရှို့ငါကနင့်ကိုမကောင်းတဲ့သူလို့ထင်ခဲ့ပေမယ့်နင်ကကြင်နာတတ်ပါတယ်။နင်ကနင့်အစ်မဆီကလှည့်စားခံနေရမယ်လို့မထင်ထားဘူး။”
ကျီလင်းရှို့ကလင်ချင်းယွမ်ရဲ့စကားကြောင့်တုန်လှုပ်သွားသည်။
ကျီလင်းဟွေ့ကလင်ချင်းယွမ်ရဲ့စကားတွေကိုသူ့ညီမကယုံကြည်လာတာကိုမြင်တော့ပြောလိုက်သည်။
``ရွှီအာသင်ကအပြင်လူပြောစကားကိုယုံကြည်နေတာလား။လင်ချင်းယွမ်ကမိဖုရားနဲ့ရင်းနှီးလို့မိဖုရားဖက်ကပြောပေးနေတာလေ။နင်သူပြောတာနားထောင်ရအောင်တုံးနေတာလား။ငါသာမင်းသားလေးကိုထိခိုက်အောင်လုပ်ရင်မင်းကြီးကအသက်ရှင်ခွင့်ပေးပါ့မလား။ရှောင်ရှကလဲသူတို့သိမ်းသွင်းတာခံရတာပါ”
ကျီလင်းရှို့ကသူမစကားကိုကြားတော့တွေဝေသွားပြန်သည်။
လင်ချင်းယွမ်ကသူမကသူမအစ်မပြောစကားကိုနားယောင်သွားပြန်သည်ကိုမြင်သောအခါနှဖူးကိုလက်ဖြင့်ရိုက်ကာပြောလိုက်ပြန်သည်။
လင်ချင်းယွမ်ကဒီလိုလူလိမ်ကိုသည်းမခံနိုင်စွာပြောလိုက်သည်။
``ကျီလင်းဟွေ့နင်ရိုးသားပြမနေပါနဲ။မင်းကြီးကဘာလို့နင့်ကိုအသက်ချမ်းသာပေးတယ်ဆိုတာနင်လည်းသိတာပဲ။မြို့စားကျီကနင့်ကိုကယ်ဖို့အတွက်အရင်မယ်တော်ကြီးချီးမြှင့်ခဲ့တဲ့ကျောက်စိမ်းလက်ကောက်နဲ့လဲလှယ်ခဲ့တာတဲ့။ငါသာနင့်နေရာမှာဆိုဘဝကိုကောင်းကောင်းရှင်သန်တော့မှာမြို့စားကျီမှာလဲနင့်အတွက်အလဲအလှယ်လုပ်စရာမရှိတော့ဘူးလေ။”
ကျီလင်းရှို့ကဒါကိုကြားတော့ဒူးထောက်ထိုင်ချလိုက်ကမယုံကြည်နိုင်စွာပြောလိုက်သည်။
ကျီလင်းဟွေ့ကတစ်ကိုယ်လုံးနာကျင်နေသောကြောင့်သမားတော်ထံသာသွားချင်နေသည်။
``ရွှီအာသူများစကားကိုယုံမနေပါနဲ့။ငါအရမ်နာနေပြီ။ကျေးဇူးပြုပြီးသမားတော်ဆီခေါ်သွားပေးပါတော့..”