အခန်း ၇၂၀
Vol. 15 Ch. 720
အပိုင်း၇၂၀:မင်းကြီးကကျွန်မဆွဲဆောင်မှုအောက်ကျရှုံးသွားမှာကိုကြောက်နေတာလား
လုလျန့်ဝေကချူကျူကိုခေါင်းငြိမ့်ပြလိုက်သည်။
ချူကျူကသူမပြောချင်သည်ကိုသဘောပေါက်ကာကျီလင်ရှို့၏အကြောကိုဖွင့်ပေးလိုက်လေသည်။
ကျီလင်ရှို့ကခဏအကြာမှာပြန်လည်လှုပ်ရှားနိုင်သွားသည်။
သူမကထကာသူမအစ်မထံပြေးသွားလိုက်သည်။
``အစ်မသူတို့ပြောတာအမှန်မဟုတ်ဘူးနော်။တစ်ယောက်ယောက်က အစ်မချောက်ချတာမလား။”
ကျီလင်းဟွေ့အလွန်နာကျင်နေသောကြောင့်နှုတ်ခမ်းများပင်တုန်လာကာပြောလိုက်သည်။
``မြန်မြန်...မြန်မြန်...”
ကျီလင်ရှို့ကခေါင်းမော့ကာလုလျန့်ဝေကိုကြည့်လိုက်ပြီးအနီးအနားရှိလူများကိုပါကြည့်လိုက်သည်။
လူတိုင်းရဲ့မျက်နှာမှာစက်ဆုပ်သောအကြည့်များပေါ်လွင်နေသည်။
လုလျန့်ဝေနဲ့လင်ချင်းယွမ်ရဲ့စကားများကြောင့်ကျီလင်ရှို့ကထိုလူထုကိုရင်မဆိုင်နိုင်ဖြစ်နေသည်။
သူမရဲ့အစ်မကနာကျင်မှုကြောင့်ဖြူဖျော့လာတာကိုမြင်တော့သူမကအချိန်ဆွဲမနေတော့ဘဲထထွက်သွားတော့သည်။
သူမဖခင်ကသူမအစ်မကမင်းကြီးကိုစိတ်ဆိုးအောင်လုပ်ခဲ့မိလို့ကြိမ်ဒဏ်ခံရကာနန်းတွင်းမှနှင်ထုတ်ခံရသည်ဟုသူမကိုပြောခဲ့သည်။ကျောက်စိမ်းလက်ကောက်အကြောင်းကိုတော့မပြောပေ။
သူမအစ်မကလုလျန့်ဝေကြောင့်ဖြစ်ရတာလို့ပြောခဲ့ပေသည်။
ခုတော့ကျီလင်ရှို့ကသူမကိုယ်သူမဒါကိုယုံကြည်ခဲ့ရအောင်အတော်တုံးအခဲ့တာပဲလို့တွေးနေမိသည်။
လင်ချင်းယွမ်ပြောတာမှန်သည်။လုလျန့်ဝေကသူ့အစ်မကိုမနာလိုဖြစ်စရာအကြောင်းမရှိ။မင်းကြီးကလုလျန့်ဝေကိုအလွန်ချစ်သည်။ဘာလို့သူမကအချစ်မခံရတဲ့ကိုယ်လုပ်တော်တစ်ယောက်ကိုမနာလိုဖြစ်ရမှာလဲ။
ကျီလင်ရှို့နဲ့တွေ့စဉ်ကရှောင်ရှကဘာမှမပြောဘဲရှောင်နေသည်မှာလဲဒါကြောင့်ပင်ဖြစ်ရမည်။
သူ့အစ်မကရှောင်ရှကိုသူတို့ခေါ်ထားလိုက်တယ်ပြောပေမယ့်ဒါကယုံကြည်နိုင်စရာမရှိ။
ကျီလင်ရှို့ကဒါကိုယုံကြည်ရတာကရှောင်ရှကငယ်စဉ်ကပဲသူမအစ်မအနားတွင်နေကာသစ္စာလဲရှိသည်။သူမအစ်မကမြင်းရိုင်းနဲ့တွေ့ခဲ့စဉ်ကလဲသူမကကာကွယ်ကာသူမအစ်မအစားမြင်းအန္တရာယ်ပြုတာခံရကာလအတော်ကြာမကျန်းမာဖြစ်ခဲ့ရသည်။
သစ္စာရှိတဲ့ရှောင်ရှကအခြားသူနဲ့နေခဲ့မှာမဟုတ်ပေ။
အခြားသူတွေကရှောင်ရှကိုမခေါ်ထားနိုင်ဘူးဆိုရင်သူမနန်းတွင်းကထွက်မလာချင်တဲ့အကြောင်းအရင်းကဘာဖြစ်လို့လဲ။ရှောင်ရှကသူမအစ်မနားမှာနေတာကပိုမကောင်းဘူးလား။
လင်ချင်းယွမ်ရဲ့စကားတွေကမှန်နေတာလား။ရှောင်ရှကတကယ်နှိပ်စက်ခံရတာလား။
ကျီလင်ရှို့ကမျက်လုံးမှိတ်ကာသူမအစ်မအကြောင်းမတွေးတော့ဘဲထွက်လာခဲ့သည်။
ကျီလင်းဟွေ့ကဒါကိုတွေ့တော့ဒေါသထွက်သွားရသည်။
ကျေးဇူးကန်းတဲ့ကျီလင်ရှို့ကသူ့ကိုဘယ်သူကဂရုစိုက်ခဲ့ရတယ်ဆိုတာမေ့သွားတာလား။
ကျီလင်းဟွေ့ကသူ့ညီမကိုကျိန်ဆဲနေစဉ်တွင်ပန်းရောင်ဖိနပ်တစ်စုံကသူမရှေ့တွင်ပေါ်လာသည်။
ကျီလင်းဟွေ့ကမော့ကြည့်လိုက်တော့လုလျန့်ဝေကိုတွေ့လိုက်ရသည်။
``ကျီလင်းဟွေ့ မင်းဘာလို့ဒီကိုလာတယ်ဆိုတာမသိပေမယ့်မင်းကြီးကမင်းကိုတွေ့ချင်မှာမဟုတ်ဘူး။အရှုံးပေးလိုက်ပါတော့”
``လုလျန့်ဝေရှင်ကတကယ်ကိုရက်စက်တာပဲ။ကျွန်မကိုမင်းကြီးနဲ့မတွေ့ရအောင်မြင်းပေါ်ကပြုတ်ကျအောင်လုပ်တယ်။ဒါမှမဟုတ်ရှင်ကကျွန်မမင်းကြီးနဲ့တွေ့ပြီးမင်းကြီးကကျွန်မဆွဲဆောင်မှုအောက်ကျရှုံးသွားမှာကိုကြောက်နေတာလား...”
``သင်ကလူတင်အဆိပ်ပြင်းတာမဟုတ်ဘူးစိတ်ကလဲအဆိပ်အတောက်တွေရှိနေတာပဲ။မင်းကြီးကသင့်ဆွဲဆောင်မှုအောက်ကျရှုံးမယ်တဲ့လား။ဟာသပဲ”
လုလျန့်ဝေကထိုသို့ပြောကာကျီလင်းဟွေ့၏လက်ကိုနင်းလိုက်သည်။
လုလျန့်ဝေကခြံဝန်းပြင်ပရှိလူများကိုအော်ပြောလိုက်သည်။
``ပထမသခင်မလေးကျီကပြင်းထန်တဲ့နာကျင်မှုခံစားနေရတာလား။သမားတော်ကိုမြန်မြန်ခေါ်လိုက်ပါ။ကြည့်ရတာပြုတ်ကျလို့အရိုးတွေကျိုးသွားပုံပဲ။အချိန်မှီမကုသနိုင်ရင်တစ်ဘဝလုံးမသန်မစွမ်းဖြစ်သွားတော့မယ်။”