အခန်း ၇၂၁
Vol. 15 Ch. 721
အပိုင်း၇၂၁:တောဝက်တိုက်ခိုက်တာခံရတယ်
လူတစ်ယောက်ကယာယီနန်းဆောင်သို့ပြေးသွားခဲ့သည်။
ပထမသခင်မလေးကျီကပြုတ်ကျတာအတော်ပြင်းပုံပဲ။
အခြားတစ်ယောက်ကသမားတော်သွားခေါ်နေစဉ်လုလျန့်ဝေကတက်နင်းထားသောခြေထောက်ကိုဖယ်လိုက်သည်။
``တောင်းပန်ပါတယ် ရှင့်လက်ကိုမမြင်လိုက်ဘူး။”
ကျီလင်းဟွေ့ကအလွန်စိတ်တိုနေသော်လည်းဘာမှမပြောနိုင်ခဲ့ပေ။
ရုတ်တရက်ချူကျူရဲ့မျက်နှာအမူအရာကပြောင်းလဲသွားကာလုလျန့်ဝေကိုဆွဲလိုက်သော်လည်းမမိလိုက်ပေ။သူမကထွက်ပြေးသွားခဲ့ပြီဖြစ်ပြီးလင်ချင်းယွမ်ကိုလှည့်ကြည့်ကာအော်လိုက်သည်။
``ပြေး သားရဲကောင်တွေလာနေတယ်”
လင်ချင်းယွမ်ကကြောက်လန့်ကာခြံဝန်းပြင်ပသို့ထွက်ပြေးတော့သည်။
``ဘုရားသခင် ၊တောဝက်တွေနဲ့ဝံပုလွေတွေပါလာ။သူတို့ဘယ်လိုရောက်လာကြတာလဲ။”
မှုးမတ်တွေရဲ့မိန်းမတွေနဲ့အစေခံတွေကအော်ဟစ်ပြီးပြေးလွှားနေကြကာရုတ်ရုတ်သဲသဲဖြစ်သွားသည်။
ကျီလင်းဟွေ့ကမြေပေါ်လဲနေရင်းသူမအနားကလူတွေပျောက်သွားတာကိုမြင်ရပြီးသားရဲတွေအကြောင်းကြားလိုက်ရတော့လိပ်ပြာလွင့်သွားသလိုခံစားလိုက်ရသည်။
မြို့စားကျီရဲ့ရဲမက်တွေကထွက်ပြေးရန်ပြင်နေကြပေမယ့်ကျီလင်းဟွေ့ရဲ့အော်သံကိုကြားတော့သူတို့သခင်မလေးကျန်နေသေးတာကိုသတိရသွားသည်။
သူကသူမကိုကယ်ရန်ပြင်နေစဉ်တောဝက်ကသူမအနားကပ်လာတာကိုမြင်လိုက်ရသည်။
သနားစရာကျီလင်းဟွေ့ကအရိုးတွေကျိုးကာမလှုပ်နိုင်တော့ပဲမြေပြင်တွင်လူးလိမ့်နေပြီးနောက်ရပ်တန့်သွားခဲ့သည်။
ကျီလင်းဟွေ့ရဲ့ပုခုံးကိုဝံပုလွေကိုက်လိုက်သောကြောင့်သူမကပြင်းထန်စွာနာကျင်မှုခံစားလိုက်ရကာအော်လိုက်သည်။
သူမကနာကျင်မှူကြောင့်လိပ်ပြာလွင့်မတတ်ခံစားရကာရဲမက်ကိုအော်ပြောလိုက်သည်။
``နိမ့်ကျတဲ့အစေခံဘာလို့ငါ့ကိုမကယ်တာလဲ။”
ထိုရဲမက်ကတောဝက်နှင့်ဝံပုလွေကိုကြောက်သော်လဲသူမစကားကိုကြားသောအခါသူမကိုကယ်ရန်လုပ်လိုက်သည်။
သူကဓားကိုဆွဲထုတ်လိုက်သောအခါတောဝက်ကသူ့ကိုတိုက်ခိုက်လိုက်သောကြောင့်သူကကျီလင်းဟွေ့အပေါ်ပြုတ်ကျသွားသည်။
ကျီလင်းဟွေ့ကအော်လိုက်ကာသတိလစ်သွားတော့သည်။
ရဲမက်ကထိတ်လန့်သွားကာမြန်မြန်ပြန်ထလိုက်ပြီးဝံပုလွေကိုသတ်လိုက်တော့သည်။
လုလျန့်ဝေနှင့်အခြားအမှုထမ်းများအမျိုးသမီးများကခြံဝန်းပြင်ပရှိတောထဲတွင်ပုန်းနေကြသည်။
အမျိုးသမီးတစ်ယောက်ကပြောလိုက်သည်။
``ကြောက်စရာကောင်းလိုက်တာ။ဘာလို့အဲ့အကောင်တွေကအကြောင်းအရင်းမရှိဒီကိုပြေးလာရတာလဲ။”
လုလျန့်ဝေကနောင်တရမိသည်။တကယ်တော့ရဲမက်တွေအများကြီးရှိတာမို့သားရဲတွေကအထဲဝင်နိုင်မှာမဟုတ်ဘူး။သူမကအော်ဟစ်ပြီးရုတ်ရုတ်သဲသဲဖြစ်သွားစေခဲ့တာပဲ။
``ကျွန်မကအားလုံးကိုလန့်သွားစေမိပြီ။အမျိုးသမီးတွေအားလုံးကျွန်မကြောင့်ပြေးခဲ့ရလို့တောင်းပန်ပါတယ်။”
ပြည်သူတွေရဲ့အမြင်မှာတော့သူမကငယ်သေးလို့ဖြစ်သွားတာတွေကိုကြောက်သွားတာလို့သာတွေးထားသည်။
အမျိုးသမီးတစ်ယောက်ကလုလျန့်ဝေ၏လက်ကိုကိုင်ကာသူမကိုနှစ်သိမ့်ပေးလိုက်သည်။
``မိဖုရားကငယ်သေးလို့ပါ။ကြောက်တာကဖြစ်သင့်ပါတယ်။ကျွန်မကိုကြည့်ခုထိခြေထောက်တွေတုန်နေတုန်းပဲ”
လုလျန့်ဝေကသူမကိုကြည့်လိုက်သောအခါသူမ၏အဝတ်ကလှုပ်နေသည်ကိုတွေ့လိုက်ရသည်။
အခြားအမျိုးသမီးများကလဲသူတို့ပါးစပ်ကိုအုပ်ကာရယ်လိုက်သည်။
``ကျွန်ုပ်တို့လဲအခုထိခြေထောက်တွေတုန်နေတုန်းပဲ။ဘယ်သူကသားရဲတွေရောက်လာမယ်လို့ထင်ထားမှာလဲ။သူတို့သာခြံထဲဝင်လာပြီးကျွန်ုပ်တို့ထွက်မပြေးနိုင်ခဲ့ဘူးဆိုရင်ကျွန်ုပ်တို့ကသူတို့အစာဖြစ်ပြီလေ။ဘယ်သူကမကြောက်ပဲနေမလဲ။”