Chapters

အခန်း ၇၂၂

Vol. 15 Ch. 722

အခန်း ၇၂၂

Vol. 15 Ch. 722

အပိုင်း၇၂၂:ခြေထောက်တုန်နေတယ်လား။အလိမ်အညာပဲ

လုလျန့်ဝေကသူမနှဖူးမှချွေးကိုလက်ကိုင်ပုဝါဖြင့်သုတ်ကာပြောလိုက်သည်။

``ရှင်တို့ပြောတာမှန်တယ်။ဒါကကြောက်စရာပဲ။အမှန်အတိုင်းပြောရရင်ကျွန်မလဲကြောက်လို့ခြေထောက်တွေတုန်နေတာပြေးတောင်မပြေးနိုင်ဘူး။”

ထိုအမျိုးသမီးများကသူမပြောသည်ကိုဘဘောတူကာပြောလိုက်သည်။

``တကယ်ကြောက်စရာပါ။မိဖုရားကြောက်လန့်တာပုံမှန်ပါပဲ။ကျွန်မတို့လဲအခုထိခြေထောက်တွေတုန်နေတုန်းပဲ”

ချူကျူနဲ့လင်ချင်းယွမ်ကငြိမ်သက်သွားခဲ့သည်။ခုနကရှေ့ဆုံးကပြေးသွားတာဘယ်သူလဲ။

ခြေထောက်တုန်နေတယ်လား။အလိမ်အညာပဲ။

လုလျန့်ဝေကနှိမ့်ချတတ်တာကိုမြင်တော့ထိုအမျိုးသမီးတွေကသူမနှင့်စကားပြောနေကာသူမအကြိုက်ဆောင်နေတော့သည်။သူမတို့ကမြေပြင်တွင်လဲနေကာသားရဲများတိုက်ခိုက်ခံရသောကျီလင်းဟွေ့ကိုမေ့နေကြလေသည်။

ကျီလင်းဟွေ့ကတကယ်ကိုမသေခဲ့ပေမယ့်ဘဝတစ်လျှောက်လုံးမသန်မစွမ်းဖြစ်သွားပေတော့မည်။

သူမကမြင်းပေါ်ကပြုတ်ကျစဉ်ကနာကျင်မှုသိပ်မဆိုးပေမယ့်တောဝက်နဲ့ဝံပုလွေတိုက်ခိုက်တာခံရလို့ပိုဆိုးသွားခြင်းဖြစ်သည်။

ကျီချင်းယွမ်ကဒီသတင်းကိုကြားတော့လက်မခံနိုင်ဖြစ်ခဲ့ရသည်။

ကျီလင်းဟွေ့နိုးလာတာနဲ့ပထမဆုံးပြောတာကလုလျန့်ဝေကိုအပြစ်တင်တာပင်။

သို့သော်ကျီလင်ရှို့ကသူမစကားကိုဖြတ်ပြောလိုက်သည်။

``တော်ပါတော့အစ်မဘာလို့အပြစ်ကိုဝန်မခံသေးတာလဲ။ဘာလို့အဖေ့ကိုလိမ်နေတာလဲ။ဒါတွေအားလုံးကအစ်မဘာသာလုပ်ခဲ့တာလေ။”

``သူမသိမ်းသွင်းပါဘူး။အစ်မအဖေ့ကိုအရူးမလုပ်ပါနဲ့တော့။အစ်မအခြေအနေမကောင်းသေးဘူး။အေးအေးဆေးဆေးထိုင်ပြီးသက်သက်သာသာနေလို့မရဘူးလား။ဘာလို့လူတွေကိုအပြစ်တင်နေတာလဲ။အစ်မကကျွန်မကိုတကယ်စိတ်ပျက်စေတာပဲ”

ဒေါသကြောင့်ကျီလင်းဟွေ့ရဲ့ခန္ဓာကိုယ်ကတုန်လှုပ်လာကာမျက်ဖြူလန်လာတော့သည်။ကျီချင်းယွမ်ကဒါကိုမြင်တော့ထိတ်လန့်ကာကျီလင်ရှို့ကိုပါးရိုက်လိုက်သည်။

ကျီလင်ရှို့ကမယုံကြည်နိုင်စွာကြည့်ကာပြောလိုက်သည်။

ကျီချင်းယွမ်ကငြိမ်သက်သွားပါသူ့ရင်ထဲတွင်တုန်လှုပ်သွားသည်။

သူကရုတ်တရက်သူ့သားထက်သူ့သမီးတွေကိုပိုပြီးစိတ်ပူနေရတာပဲလို့တွေးလိုက်မိသည်။

သူကကျီလင်းဟွေ့နောက်ထပ်လမ်းမလျှောက်နိုင်တော့ဘူးဆိုတာကိုသိသောကြောင့်ရင်နာမိသည်။

သူမဖခင်ကသူ့ညီမကိုရိုက်လိုက်ပေမယ့်နောင်တရနေမည်ဆိုတာသေချာသည်။

သူကသားရဲတွေဝင်လာတဲ့သတင်းကိုကြားပြီးဝေဝေကထိတ်လန့်သွားလားဒဏ်ရာရသွားလားဆိုတာသိချင်နေခဲ့သည်။

သို့သော်သူတံခါးဖွင့်လိုက်ချိန်မှာလုလျန့်ဝေကလင်ချင်းယွမ်နှင့်အတူရယ်မောနေသည်ကိုတွေ့လိုက်ရသည်။

ဒါကိုမြင်တော့သူကစိတ်သက်သာရာရသွားကာသူမအနီးသွားလိုက်သည်။

လုလျန့်ဝေကတံခါးဖွင့်သံကြားလိုက်ချိန်မှာလင်ချင်းယွမ်နဲ့စကားပြောနေတာကိုရပ်၍လုံယန်ကိုလှည့်ကြည့်လိုက်သည်။

သူကဒီနေ့အမတ်တွေနဲ့အတူအမဲလိုက်သွားခဲ့တာဖြစ်ပြီးသူဝတ်ထားတဲ့နက်ပြာရောင်အင်္ကျီကသူ့အသွင်အပြင်နှင့်လိုက်ဖက်ကာပေါ်လွင်နေသည်။

လုလျန့်ဝေရဲ့အကြည့်တွေကလုံယန်ခြေထောက်တွေကိုကြည့်မိတော့သူမကရှက်သွားကာတစ်ဖက်လှည့်လိုက်သည်။