Chapters

အခန်း ၇၂၃

Vol. 15 Ch. 723

အခန်း ၇၂၃

Vol. 15 Ch. 723

အပိုင်း၇၂၃:မင်းကြီးရဲ့အာရုံစိုက်မှုကတစ်မူထူးနေတယ်

လုံယန်ကသူမရဲ့အမူအရာကိုလစ်လျူရှုကာသူမကိုခေါင်းအစခြေအဆုံးကြည့်၍ပြောလိုက်သည်။

``ဝေဝေအဆင်ပြေရဲ့လား။နာသွားသေးလား။”

လုလျန့်ဝေကမေးလိုက်သည်။

``ကျွန်တော်မျိုးမကဘာလို့နာရမှာလဲ။”

လုံယန်ကသူမအဆက်ပြေနေတာကိုမြင်တော့ပြောလိုက်သည်။

``သားရဲကောင်တွေကခြံပြင်ထွက်လာတယ်ကြားတယ်”

လုလျန့်ဝေကငြိမ်သက်သွားသည်။သူအမြန်ပြန်လာတာကသူမကိုစိုးရိမ်လို့လား။

သူမရင်ထဲနွေးထွေးမှုကိုခံစားလိုက်ရကာ လင်ချင်းယွမ်ကိုကြည့်လိုက်သည်။

လင်ချင်းယွမ်ကသဘောပေါက်ကာနေရာမှထွက်သွားပေးလိုက်တော့သည်။

ချူကျူကတော့မီးဖိုချောင်ထဲဝင်သွားသည်။

သူတို့နှစ်ယောက်ထဲအတူရှိချိန်မှာလုလျန့်ဝေကလုံယန့်ခါးကိုဖက်ကာပြောလိုက်သည်။

``ကျွန်တော်မျိုးမဘာမှမဖြစ်ပါဘူးဒါပေမယ့်အခြားတစ်ယောက်ကတော့နာကျင်သွားတယ်”

လုလျန့်ဝေကသူ့ကိုတွန်းပေမယ့်လဲအဆုံးမှာတော့သူမကအရှုံးပေးလိုက်ရသည်။

လုံယန်ကသူမကိုသူ့ပေါင်ပေါ်ထိုင်စေကာသူမလက်ကိုကိုင်ပြီးပြောလိုက်သည်။

``ဒါပေမယ့်ဒီနေ့နာကျင်သွားတဲ့သူကအရှင်နဲ့အနည်းငယ်စပ်ဆက်မှုရှိတယ်”

``ကိုယ်ကသူနဲ့ဘာပတ်သက်မှုမှမရှိဘူးလေ။ဘာလို့မင်းကသူနဲ့ကိုယ်ဆက်စပ်မှုရှိတယ်ပြောရတာလဲ။”

မင်းကြီးကကျီလင်းဟွေ့အကြောင်းမပြောချင်တာတောင်သူမကမင်းကြီးကသူ့ဆွဲဆောင်မှုအောက်ကျရှုံးမယ်ပြောနေသေးတယ်။သူကဘာလို့ဒီလောက်ယုံကြည်မှုပြည့်နေတာလဲ။

``ဒီလိုပဲနေမှာပါ။သူမကဒီနေ့ကျွန်မကိုနှောင့်ယှက်ဖို့လာတာဂါရဝတောင်မပြုနိုင်ဘူး။ဒါနဲ့သူမရဲ့မြင်းကိုဆေးမှုန့်နဲ့ပက်လိုက်တာမြင်းကအနံ့မခံနိုင်လို့သူမကိုပစ်ချလိုက်တယ်”

လုလျန့်ဝေကနှုတ်ခမ်းကိုမဲ့လိုက်သည်။ဘာလို့မင်းကြီးရဲ့အမြင်ကတစ်မူထူးနေရတာလဲ။သူကကျီလင်းဟွေ့ဒဏ်ရာရမရမေးရမှာမဟုတ်ဘူးလား။

``ပြီးတော့တောဝက်သူမကိုတိုက်ခိုက်တဲ့အတွက်သူမဒဏ်ရာတွေကပိုဆိုးသွားတာ။ကြားတာတော့သူမကတစ်သက်လုံးလမ်းမလျှောက်နိုင်တော့ဘူးတဲ့”

သူမပြောအပြီးတွင်လုံယန်ကဘာမှမဖြစ်သလိုတွေးနေသည်။

လုလျန့်ဝေကသက်ပြင်းချလိုက်သည်။သူမပြောသမျှသူကနားမထောင်နေဘူးပဲ။

သူမ ကျီလင်းဟွေ့အတွက်တောင်စိတ်မကောင်းဖြစ်မိသည်။

``ဟုတ်တယ်။တန့်ကြွယ်ကကန္တာရထဲမှာရှိနေတာဖြစ်ပေမယ့်သူတို့ကလူအင်အားတောင့်တယ်။သူတို့ကစစ်မြင်းတွေနဲ့ကျော်ကြားလို့သူတို့တပ်တွေကိုအနိုင်ယူဖို့ခက်ခဲတာ။”

လုလျန်ဝေ့ကပြောလိုက်သည်။

``ဒါဆိုအရှင်ကဆေးကိုသူတို့တပ်တွေကိုအနိုင်ယူဖို့သုံးမှာလား။”