အခန်း ၇၂၄
Vol. 15 Ch. 724
အပိုင်း၇၂၄:မင်းမခံနိုင်မှာကိုစိုးရိမ်တာ
လုံယန်ကသူမပါးကိုညှစ်လိုက်ကာပြောလိုက်သည်။
``မင်းအဖေနဲ့အကိုတော်မြို့တော်ကိုပြန်လာနိုင်ဖို့ကမင်းအပေါ်မူတည်နေပြီနော်”
လုလျန့်ဝေကခတ္တငြိမ်သက်သွားပြီးနောက်အသိပြန်ဝင်ကာထ၍ပြောလိုက်သည်။
``ဒါဆိုအခုပဲစတော့မယ်”
လုံယန်ကသူမလက်ကိုဆွဲကာပြောလိုက်သည်။
``ပြန်လာခဲ့”
လုလျန့်ဝေကမေးလိုက်သည်။
``ဘာလို့လဲ။”
``အလျင်လိုစရာမလိုပါဘူးအခုကညည့်နက်နေပြီညစာအရင်စားကြမလား။”
လုလျန့်ဝေကညစာစားချိန်ဆိုတာသတိရသွားကာသူ့လက်ကိုကိုင်၍ပြောလိုက်သည်။
``ဒါကိုကိုယ့်ဆီယူလာဖို့မင်းကျောက်ချန်ကိုအမိန့်ပေးလိုက်တာမဟုတ်ဘူးလား။”
သူပြောတာတော့မင်းကြီးကသမင်ကိုဖမ်းခဲ့လို့မီးဖိုဆောင်ကိုလာပို့တာတဲ့။
သူမကဒါကိုမြင်တော့မင်းကြီးစားချင်မည်ထင်ခဲ့၍ကင်ခဲ့ခြင်းဖြစ်သည်။
``မင်းဆေးစာအုပ်တွေအများကြီးဖတ်ဖူးတာပဲ သမင်သားကအာဟာရပြည့်တယ်ဆိုတာသိမှာပေါ့”
သူမကသူ့ဆိုလိုရင်းကိုသဘောပေါက်ကာစိတ်ရှုပ်စွာပြောလိုက်သည်။
သမင်သားကအာဟာရဖြစ်စေတယ်ဆိုပေမယ့်သူပြောသလောက်တော့မဟုတ်ပါဘူး။
``တကယ်လို့ရှင်ထိန်းမထားနိုင်မှာစိုးရိမ်တယ်ဆိုရင်မစားနဲ့ကျွန်တော်မျိုးမတစ်ယောက်ထဲစားမယ်”
``ကိုယ်ကမင်းမခံနိုင်မှာကိုစိုးရိမ်တာပါကောင်မလေး။နားမလည်ဘူးလား။”
မနေ့ညကမင်းကြီးကြောင့်သူမအရိုးထဲထိနာကျင်ခါမှအနားယူခဲ့ရသည်။ဒီနေ့သူသာအာဟာရရှိတာထပ်စားရင်သူမကမနက်ဖြန်အိပ်ယာကမထနိုင်မှာစိုးရိမ်ရသည်။
သူမကရုတ်တရက်သူမကိုယ်သူမအပြစ်တင်မိသည်။ဘာလို့သမင်သားကိုကင်ဖို့တွေးမိတာလဲ။
``ဒါဆိုရှင်မစားတာကောင်းမယ်။ကျွန်တော်မျိူးမခြေထောက်တွေအခုထိနာနေတုန်းပဲ”
လုံယန်ကသမင်သားကိုမစားရသေးခင်စိတ်မသက်မသာဖြစ်သွားရသည်။
ခဏကြာတော့သူကသူမမျက်နှာကိုကိုင်ကာပြောလိုက်သည်။
``ကောင်းပြီကိုယ်မစားဘူး”
သူ့ရဲ့လက်ရှိအနေအထားနဲ့သူကသမင်သားစားစရာမလိုပါဘူး။
``သေချာတယ်နော်။နောက်ကျွန်မစားတော့မှလာမတောင်းနဲ့”
လုံယန်ကသူမကိုကြည့်ကာခေါင်းငြိမ့်ပြီးပြောလိုက်သည်။
လုံယန်ကသမင်သားကိုလုံးဝမထိသောကြောင့်လုလျန့်ဝေကပျော်ရွှင်စွာစားလိုက်သည်။
သူမကသမင်သားကိုနေ့တစ်ဝက်ခန့်အပူပေးကင်ထားရသောကြောင့်အရသာပြည့်နှက်နေသည်။
သူမကပန်းကန်လုံးတစ်ဝက်ကိုစားလိုက်၍ကျန်တစ်ဝက်ကိုပေးလိုက်သည်။
လုံယန်ကမစားတာကိုတွေ့တော့သူမကပန်းကန်ကိုတွန်းပေးကာပြောလိုက်သည်။
``တကယ်တော့ရှင်နည်းနည်းတော့စားလို့ရပါတယ်”