အခန်း ၇၂၅
Vol. 15 Ch. 725
အပိုင်း၇၂၅:ဘယ်လိုတောင်အတင့်ရဲပြီးမင်းကြီးကိုလှည့်စားရဲတာလဲသူကသေချင်နေတာလား
လုံယန်ကသူမကိုကြည့်ကာခေါင်းခါပြလိုက်သည်။
``မလိုပါဘူး။ကိုယ်မစားဘူး။မင်းဘာသာစား”
လုလျန့်ဝေကဗိုက်အတော်ပြည့်နေပြီပင်။
အဓိကကသူမကကယ်လိုရီများတာတွေစားမိပြီးကိုယ်အလေးချိန်တက်မှာကိုမလိုချင်ပေ။
လုလျန့်ဝေကသက်ပြင်းချလိုက်သည်။
``ကျွန်တော်မျိုးမဗိုက်ပြည့်နေတာကိုမမြင်ဘူးလားအရှင်မင်းကြီး။မဟုတ်ရင်ရှင်စားရမှာမဟုတ်ဘူးနော်။မအေးခင်နည်းနည်းစားလိုက်ပါ”
လုံယန်ကပြန်ဖြေရန်လုပ်နေစဉ်ကျောက်ချန်ကစွပ်ပြုတ်အိုးကိုယူလာကာပြောလိုက်သည်။
``မီးဖိုဆောင်ကနေစွတ်ပြုတ်အနည်းငယ်ယူခဲ့ပါတယ်။ပူနေတုန်းသောက်လိုက်ပါမင်းကြီး၊မိဖုရားကြီး”
ထို့နောက်သူကအဖုံးကိုဖွင့်လိုက်သောအခါမွှေးပျံ့သောအနံ့ကတစ်ခန်းလုံးကိုဖုံးလွှမ်းသွားသည်။
လုလျန့်ဝေကစွတ်ပြုတ်အိုးကိုကြည့်ကာမေးလိုက်သည်။
``ကြက်သားစွပ်ပြုတ်ပါ။ကျွန်တော်မျိုးစစ်ဆေးပြီးပါပြီအန္တရာယ်ကင်းပါတယ်”
ချူကျီနဲ့ချူကျူကအိမ်တော်အပြင်ဘက်တွင်ရပ်နေကြသည်။သူတို့ကကျောက်ချန်၏မျက်လုံးများတောက်ပစွာအပြင်ထွက်လာသည်ကိုမြင်သောအခါမသင်္ကါဖြစ်မိသည်။
ချူကျူကအထင်သေးသည့်အကြည့်နှင့်ကြည့်လိုက်သည်။
ကျောက်ချန်ဘယ်လိုလှည့်ကွက်တွေလုပ်နေတယ်ဆိုတာသူသိပေသည်။
ကိုယ့်ကိုကိုယ်လည်တယ်ထင်နေတာ။မင်းကြီးသာသိရင်သေမှာပဲ။
ချူကျူကကျောက်ချန်ဖြတ်သွားတာကိုမြင်သောအခါပြောလိုက်သည်။
``အိမ်တော်ထိန်းကျောက်ဘာကိစ္စကြောင့်ခံစားချက်ကောင်းနေရတာလဲ။”
ကျောက်ချန်ကပြောဖို့လုပ်ပေမယ့်သူကမပြောရန်ဆုံးဖြတ်ကာပြုံးပြ၍တိတ်တိတ်နေလိုက်သည်။
ချူကျူကသူ့ကိုမယုံကြည်စွာကြည့်လိုက်သည်။မင်းကြီးကဆုလာဒ်ပေးလိုက်လို့အိမ်တော်ထိန်းကျောက်ကပျော်နေတာလား။
အိမ်တော်ထဲတွင်လုံယန်ကပန်းကန်လုံးကိုယူကာစွပ်ပြုတ်ကိုသောက်လိုက်သည်။
လုလျန့်ဝေကစွပ်ပြုတ်ကိုအနံ့ခံကြည့်လိုက်လေသည်။အရသာရှိတဲ့အနံ့ဆိုပေမယ့်တစ်ခုခုထူးဆန်းနေတယ်။
မင်းကြီးသောက်ပြီးတာကိုမြင်တော့သူမကသူမခွက်ကိုယူကာတစ်ဇွန်းသောက်ကြည့်လိုက်သည်။
လုံယန်ကသူမကိုကြည့်၍အိုးအဖုံးကိုဖွင့်ကာစွပ်ပြုတ်ကိုခပ်၍အနီးကပ်ကြည့်လိုက်သည်။ကြက်သားဆိုတာသိတော့သူကဇွန်းကိုပြန်ချလိုက်သည်။
သူမကထမင်းနှစ်ပွဲ၊သမင်သားကင်၊ပြီးတော့စွပ်ပြုတ်ထက်ဝက်သောက်ထားသည်မို့ထပ်မသောက်နိုင်တော့ပေ။
ပြီးတော့သူမကဒါဟာကြက်စွပ်ပြုတ်သီးသန့်မဟုတ်ဘူးဟုသံသယဝင်နေသေးသည်။
``ကိုယ်ရောပဲ။ဒါပေမယ့်ဒီစွပ်ပြုတ်ကအရသာရှိလွန်းလို့ပစ်လိုက်ရမှာနှမြောစရာကောင်းတယ်။ကျောက်ချန်ကိုဆုအဖြစ်ပေးလိုက်မလား။သူ့ကြိုးစားမှုအတွက်ပေါ့”
``ရှင်ပြောတာမှန်တယ်။ကျွန်မလဲအိမ်တော်ထိန်းကျောက်ကဒီနေ့အရမ်းကြိုးစားထားတယ်လို့ထင်တယ်။ဆိုတော့ရှင့်အကြံအတိုင်းလုပ်ကြတာပေါ့”
ကျောက်ချန်ရောက်လာတော့လုံယန်ကပြောလိုက်သည်။
``ကျောက်ချန် မိဖုရားနဲ့ငါကိုယ်တော်က မင်းဒီနေ့အလုပ်ကြိုးစားထားတာကိုသတိပြုမိတယ်။ဒါကြောင့်စွပ်ပြုတ်ကျန်နေတာကိုမင်းအတွက်ဆုအဖြစ်ပေးဖို့ဆုံးဖြတ်လိုက်ပြီ”
သူ့စကားကိုကြားတော့ကျောက်ချန်ကအံကြိတ်ကာပြန်ဖြေလိုက်သည်။
``ကျေးဇူးတင်ပါတယ်အရှင်မင်းကြီး”
သို့သော်သူ့ရင်ထဲမှာတော့ဝမ်းနည်းခြင်းများစွာနှင့်.....