Chapters

အခန်း ၇၂၆

Vol. 15 Ch. 726

အခန်း ၇၂၆

Vol. 15 Ch. 726

အပိုင်း၇၂၆: မင်းကြီးကိုစိတ်ကုန်မိတယ်

သူကရှေ့တိုးကာစွပ်ပြုတ်အိုးကိုယူပြီးထွက်သွားရန်ပြင်နေစဉ်မင်းကြီးပြောတာကိုကြားလိုက်ရသည်။

``စွပ်ပြုတ်ကအေးသွားရင်မကောင်းဘူးအခုဒီမှာသောက်လိုက်ပါ”

ကျောက်ချန်ကစိတ်ရှုပ်ထွေးသောအမူအယာပေါ်လာကာပြောလိုက်သည်။

``မင်းကြီးကျွန်တော်မျိုးကအစားအသောက်စားတာယဉ်ကျေးမှုသိပ်မရှိလို့မင်းကြီးနဲ့မိဖုရားကိုစိတ်အနှောင့်အယှက်ပေးမိမှာစိုးပါတယ်အခြားမှာပဲသောက်လိုက်ပါ့မယ်”

လုံယန်ကသူ့ကိုအေးစက်စွာကြည့်ကာပြောလိုက်သည်။

``မင်းအပြုအမူဆိုးလဲငါနဲ့မိဖုရားကဂရုမစိုက်ပါဘူးဒီမှာပဲသောက်ပါ”

ကျောက်ချန်ကထပ်မငြင်းသင့်တော့ဘူးဆိုတာကိုသိကာပြောလိုက်သည်။

``ကောင်းပါပြီအခုပဲသောက်လိုက်ပါ့မယ်”

ထိုသို့ပြောကာသူကအိုးအဖုံးဖွင့်ကာစွပ်ပြုတ်သောက်လိုက်သည်။

သူကသောက်ပြီးတော့ကျေးဇူးတင်စကားဆိုလိုက်သည်။

ကျောက်ချန်ကဒါကိုသောက်ပြီးတော့မူးလဲမလိုခံစားရသည်။ချွေးစေးများပင်ထွက်လာသည်။

မင်းကြီးကစွပ်ပြုတ်မူမမှန်တာကိုသိသွားလို့ပြန်သောက်ခိုင်းတာများလား။

သူတွေးမိပြီးနောင်သူကဒူးထောက်ကာပြောလိုက်သည်။

``ကျွန်တော်မျိုးစွပ်ပြုတ်သောက်ပြီးတော့ချွေးထွက်လာလို့ကျွန်တော်မျိုးကိုခွင့်ပြုပါဦး။သန့်ရှင်းရေးလုပ်ပြီးရင်ပြန်လာခဲ့ပါမယ်”

``မလိုပါဘူး။နောက်ကျနေပြီအနားယူပါတော့ပြန်လာစရာမလိုပါဘူး”

သူသာမင်းကြီးမဟုတ်ဘူးဆိုရင်ကျောက်ချန်ကဒေါသနဲ့ပေါက်ကွဲပစ်လိုက်မှာပဲ။

သူကထွက်သွားရန်ပြင်နေစဉ်မင်းကြီးကပြောလိုက်သည်။

``စကားမစပ်မင်းကိုယ့်တော့်အနားမှာနေလာတာနှစ်အတော်ကြာပြီ။မင်းရဲ့ကြိုးစားမှူအတွက်ရလဒ်ကောင်းတွေရသင့်တယ်။ညတွေတစ်ယောက်ထဲအထီးကျန်မှာပဲ။ကိုယ်တော်မင်းအတွက်မိန်းမပျိုလေးတွေရွေးပေးရမလား။”

``မင်းကြီးကနောက်နေတာပဲ။ကျွန်တော်ကမိန်းမစိုးလေ။ဘာလို့မိန်းကလေးတွေလိုအပ်မှာလဲ။”

``မောင်မင်းမှန်ပါတယ်။ကိုယ်တော်ကမင်းအရမ်းကြိုးစားနေတာတွေ့တော့စိတ်မကောင်းဖြစ်မိရုံပါ။တစ်ခုခုလိုအပ်ရင်ပြောပေါ့”

ကျောက်ချန်ထွက်သွားတော့လုလျန့်ဝေကစိတ်မထိန်းနိုင်စွာရယ်မောလိုက်သည်။

ထိုအချိန်တွင်သူမကစွတ်ပြုတ်ကဘာလို့ထူးဆန်းနေတယ်ဆိုတာရိပ်မိသွားခဲသည်။

ကျောက်ချန်ကဘယ်လိုတောင်သတ္တိရှိပြီးမင်းကြီးကိုသမင်အင်္ဂါစွပ်ပြုတ်ကိုကြက်သားစွပ်ပြုတ်ဆိုပြီးလိမ်ရဲတာလဲ။

သူမရယ်နေစဉ်လုံယန်၏လက်ကသူမခါးကိုလာဖက်လေသည်။

သူ့ရဲ့မနေ့ညကအပြုအမူကိုပြန်မှတ်မိကာသူမကခေါင်းခါလိုက်သည်။

လုံယန်ကသူမခါးကိုတင်းကြပ်စွာဖက်ကာပြောလိုက်သည်။

``ရှင်ကလုပ်နိုင်ကိုင်နိုင်တဲ့လူပါမင်းကြီး။ဘာလို့အခြားသူကရေချိုးတဲ့ကိစ္စကိုပါကူပေးရမှာလဲ။”

လုံယန်ကသူမပါးကိုဆွဲကာပြောလိုက်သည်။

``ဒါကရိုမန်တစ်ဆန်တာလေ။နားမလည်ဘူးလား။”