အခန်း ၇၂၇
Vol. 15 Ch. 727
အပိုင်း၇၂၇:မင်းကြီးကရှက်နေလို့တော်သေးတယ်
လုလျန့်ဝေကပြောလိုက်သည်။
``ဒါဆိုအိမ်တော်ထိန်းကျောက်ရှင့်ကိုရေချိူးပေးတာကလဲရိုမန်တစ်ဆန်တာပဲလား။”
လုံယန်ရဲ့အပြုံးကရပ်တန့်သွားကာသူမနှဖူးကိုတောက်လိုက်ပြီးပြောလိုက်သည်။
``ဘာတွေပြောနေတာလဲ။ကိုယ်ကအမြဲကိုယ့်ဘာသာရေချိုးတာပါ”
လုလျန့်ဝေကပြုံးကာပြောလိုက်သည်။
``ကျွန်မတို့ကကိုယ့်အားကိုယ်သုံးသင့်တယ်မင်းကြီးဒါကြောင့်ရှင်လဲကိုယ့်ဘာသာရေချိုးသင့်တယ်”
ခဏအကြာမှာလုံယန်ကခေါင်းငြိမ့်ကာပြောလိုက်သည်။
``မင်းမှန်တယ်။မင်းအားအင်တွေကိုချန်ထားရမယ်လေ”
လုလျန့်ဝေကဒီအပြုံးကမရိုးသားဘူးလို့ထင်နေမိသည်။
``ဘုရင်ဆိုတာမလှည့်စားရဘူး။ရှင့်ကတိတည်တာကောင်းမယ်မင်းကြီး”
ထိုသို့ပြောကာသူကသူမကိုသူ့အဝတ်အစားချွတ်ပေးရန်ပြောလိုက်သည်။
သူ့ခါးပတ်ကြိုးကိုဖြည်ပြီးတော့လုလျန့်ဝေကသူ့အဝတ်အစားများကိုချွတ်ပေးလိုက်သည်။
သူ့ဘောင်းဘီကိုချွတ်ရမယ့်အချိန်မှာသူမကတွေဝေနေမိသည်။
သူမကသူ့ကိုကြည့်လိုက်တော့သူလဲနေရခက်နေတာတွေ့လိုက်သည်။မင်းကြီးကရှက်တတ်တာလား။
ထိုအချိန်တွင်လုံယန်ကလည်ချောင်းရှင်းကာပြောလိုက်သည်။
``ကိုယ့်ဘာသာလုပ်လိုက်ပါ့မယ်”
လုလျန့်ဝေကသူမကိုကျောပေးထားသောသူအားကြည့်ကာပြောလိုက်သည်။
သူမကရေချိုးကန်မှရေအပူချိန်ကိုစစ်ကြည့်လိုက်သည်။သူမနောက်မှအဝတ်သံများကြားသောအခါသူကအဝတ်အားလုံးချွတ်ပြီးပြီဖြစ်ကြောင်းသူမကသိလိုက်သည်။
သူမရဲ့မျက်လုံးထောင့်ကနေလာနေတဲ့သူ့ရဲ့ဗလာဖြစ်နေသောခြေတံရှည်များကိုတွေ့နေရသည်။
သူမကဒါကိုအရင်ကလဲမြင်ဖူးပေမယ့်ကျင့်သားမရသေးပေ။
သူမကရုတ်တရက်သူ့ခန္ဓာကိုယ်ကိုမြင်လိုက်ရတိုင်းရှက်သွေးဖြာသွားရသည်။
သူမကခေါင်းကိုငုံ့ကာသူရေထဲရောက်သောအခါတဘပ်နှင့်သူ့ကျောကိုပွတ်ပေးနေသည်။
``ဘာဖြစ်လို့လဲ။”
သူမသူ့ကိုပွတ်တိုက်ပေးနေတာမလုံလောက်သေးတာလား။
``ကောင်းပြီရှင်ပြောတာဆိုတော့ ကျွန်မအားများများနဲ့ပွတ်မိလို့အသားအရည်ပျက်စီးသွားရင်အပြစ်မတင်နဲ့နော်”
လုလျန့်ဝေကအားစိုက်ကာသူ့ကျောကိုပွတ်တိုက်ပေးလိုက်သည်။
လုံယန်ကရေချိုးကန်ဘောင်ကိုမှီထားကာမျက်လုံးမှိတ်၍ပြုံးနေသည်။
သူ့အတွက်တော့ဝေဝေရဲ့အားကပျော့လွန်းနေသေးသည်။
သူမရဲ့နူးညံ့တဲ့အထိအတွေ့ကြောင့်သူ့ရင်ထဲပူလောင်လာရသည်။သို့သော်သူ့ကတိကိုပြန်သတိရကာသူ့အတွေးကိုစိတ်ထဲတွင်သာထားလိုက်လေသည်။
လုလျန့်ဝေကလုံယန်ကိုရေချိုးပေးပြီးတော့မောပန်းသွားပြီဖြစ်သည်။
ထိုသူ့ကိုရေချိုးပေးရတာက တောင်ပေါ်တက်ပြီးဆေးရှာရတာထက် ပိုပင်ပန်းလှသည်။
သူမကတစ်ခါပဲလို့ပြောလိုက်လို့တော်သေးသည်မဟုတ်ရင်နေ့တိုင်းချိုးပေးနေရလိမ့်မည်။
သူ့အတွင်းဝတ်ကိုဝတ်ပြီးနောက်လုံယန်ကတစ်ဖက်လှည့်လိုက်သည်။သူမကိုမြင်တော့သူကရှေ့တိုးကာပြောလိုက်သည်။
``အခုကိုယ်မင်းကိုရေချိူးပေးရမယ့်အလှည့်ပဲ”