Chapters

အခန်း ၇၂၈

Vol. 15 Ch. 728

အခန်း ၇၂၈

Vol. 15 Ch. 728

အပိုင်း၇၂၈:သူမအာရုံထဲအဆက်မပြတ်တိုးဝင်လာသည်

လုလျန့်ဝေကအသိဝင်လာကာငြင်းလိုက်သည်။

``မလိုပါဘူး။ကိုယ့်ဘာကိုယ်လုပ်နိုင်ပါတယ်။ရှင်အမဲလိုက်ထားရတော့ပင်ပန်းနေမှာပေါ့။စောစောအနားယူသင့်တယ်။ကျွန်မကိုစိတ်မပူပါနဲ့။”

သူမအကြောင်းပြချက်ကိုနားမထောင်ဘဲလုံယန်ကသူမကိုရေချိုးကန်သို့ပွေ့ယူကာပြောလိုက်သည်။

``မင်းအိပ်ပျော်နေတုန်း သန့်ရှင်းရေးခဏခဏလုပ်ပေးတဲ့သူက ကိုယ်ပါ။စိတ်ရှုပ်စရာမလိုပါဘူး။”

တစ်ဖက်လှည့်နှင့်သူကသူမတစ်ကိုယ်လုံးကိုမြင်ဖူးသည်ဖြစ်ကြောင်းပြောလိုက်ခြင်းဖြစ်သည်။

သူကတည့်တည့်မပြောပေမဲ့လုလျန့်ဝေကသူ့ဆိုလိုရင်းကိုနားလည်လိုက်သည်။

သူမကဒီအကြောင်းကိုအများကြီးမတွေးမိစေရန်ဆုံးဖြတ်ထားသည်။

သို့သော်သူကဒါကိုထုတ်ပြောလာတော့သူမကအနည်းငယ်ရှက်သွားရသည်။

လုလျန့်ဝေကသူ့ထံမှထွက်ပြေးကာငြင်းလိုက်ပြန်သည်။

လုံယန်ကသူမကိုပခုံးမှကိုင်၍တစ်ဖက်လှည့်ကာပြောလိုက်သည်။

``ဘာလို့ရှက်နေတာလဲ။ကိုယ်တို့လက်ထပ်ထားတာလအတော်ကြာပြီေလ။စုံတွဲဟောင်းတွေဖြစ်နေပြီ။”

``ဘာလဲ။ကျွန်မပြောတာမှားလို့လား။ပြီးတော့ရှင်တောင်ရှက်နေတာပဲလေ ကျွန်မကဘာလို့ရှက်လို့မရတာလဲ။”

``ရှင်ခုနကကျွန်မကိုသင့်ဘောင်းဘီချွတ်ခွင့်မပြုဘူးလေ”

သူမပြောပြီးချိန်တွင်လုလျန့်ဝေက ထိုသူ့မျက်နှာပျက်သွားသည်ကိုတွေ့ချင်သဖြင့် လှည့်ကြည့်လိုက်သည်။

လုံယန်၏မျက်နှာတွင်ရှက်နေသည့်အမူအရာနည်းနည်းမျှမရှိပေ။ထိုအစားသူကသူမကိုကြည့်ကာပြောလိုက်သည်။

``ဒါပေမယ့်မင်းပြောနေတာကဒါပဲလေ။လုပ်ချင်တာလုပ်ပါ”

``ဟုတ်ပါပြီကိုယ်ကစနေတာပါ။မြန်မြန်ရေချိုးတော့ရေကအေးသွားမယ်”

လုလျန့်ဝေကစိတ်သက်သာရာရသွားကာအဝတ်ချွတ်ပြီး‌ ရေချိုးရန်လုပ်လိုက်သည်။

သူမရေချိုးပြီးအိပ်ဆောင်ကိုသွားတော့လုံယန်ကမအိပ်သေးဘဲခုတင်ကိုမှီကာစာအုပ်ဖတ်နေခဲ့သည်။

``ဟုတ်တယ်။ကိုယ်ကမင်းရေချိုးမပြီးသေးပဲဘယ်လိုအိပ်ရမလဲ။”

ဒါကဘာမှမဟုတ်ဘူးဆိုပေမယ့်သူမရင်ကိုထိစေပေသည်။

ထို့နောက်လုံယန်ကသူမကိုကုတင်အတွင်းဘက်ထည့်လိုက်တော့သည်။

လုလျန့်ဝေကလှဲကာသူ့ကိုတိတ်ဆိတ်စွာကြည့်နေသည်။သူမမျက်လုံးမှပျော်ရွှင်မှုကိုဖုံးကွယ်မထားနိုင်ပေ။

လုံယန်ကသူမနှဖူးကိုနမ်းလိုက်ပြီးနောက်အိပ်ရန်အတွက်မီးတိုင်မှမီးကိုမှုတ်လိုက်သည်။

လုံယန်ကသူ့ကတိကိုမချိုးဖောက်တာသေချာသလောက်ရှိနေပြီ။ညလယ်ရောက်တော့သူမကပူလောင်မှုကိုခံစားရကာနိုးလာခဲ့သည်။

ထိုသူ၏ရင့်ကျက်၍ဆွဲဆောင်မှုရှိသောရနံ့ကသူမနှာခေါင်းထဲပြည့်လာကာအာရုံထဲအဆက်မပြတ်ဝင်လာသည်။

သူမကသူမစားထားသောသမင်သားနှင့်စွတ်ပြုတ်၏အစွမ်းပြလာသည်ကိုခံစားမိသည်။

သူမတွေးလေလေသူမခန္ဓာကိုယ်ကပူလောင်လေလေဖြစ်သောကြောင့်သူမကအိပ်ရန်ကြိုးစားလိုက်သည်။

သူမတစ်ဖက်လှည့်လိုက်ပေမယ့်အိပ်မပျော်သေးပေ။

``ဝေဝေ”

လုံယန်ရဲ့ဆွဲဆောင်မှုပြည့်သောအသံကတိတ်ဆိတ်နေသောညတွင်ထွက်ပေါ်လာခဲ့သည်။

လုလျန့်ဝေကနှုတ်ခမ်းကိုကိုက်ကာပြောလိုက်သည်။

``ရှင့်ကိုနှောင့်ယှက်မိပြီလား။”